တ နင်္သာရီမြို့၊ ချောင်းကြီးရပ်တွင်နေထိုင်သူ ဖြူမျိုးဝင်း(ခ)တရုတ်ကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူ ထားကြောင်းသိရပါတယ်။

တနင်္သာရီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ တို့ကို ဖြူမျိုးဝင်း(ခ)တရုတ်မှ Phyu Myo Facebook Account ဖြင့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က မမှန်ကန်တဲ့ သတင်းအရင်းမြစ်အား ကိုးကားပြီး လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေခဲ့တာကြောင့် တနင်္သာရီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်အလုပ်အမှုဆောင် ဦးအောင်ဆန်းဝင်းက တရားလိုလုပ်ပြီး တနင်္သာရီမြို့မရဲစခန်းမှာ တိုင်ကြားခဲ့ကြောင်းသိရပါတယ်။



အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြူမျိုးဝင်း(ခ)တရုတ် အား တနင်္သာရီမြို့မရဲစခန်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Post a Comment

Previous Post Next Post