၁၃ကြိမ်မြောက် အောင်ဘာလေ ထီ သိန်းတစ်သောင်းဆုကို ဖြင့် နေပြည်တော်မှဆွတ်ခူးရရှိ
တစ်ကြိမ်မြောက်ေ အာင်ဘာလေထီဖွင့်တုန်းကလည်းနေပြည်တော်မှတောင်နီလေးဆရာတော်ကသိန်းပေါင်းတစ်သောင်းခွဲအမြင့်ဆုံးဆုကိုဆွတ်ခူးရရှိခဲ့ပြီး အခု၁၃ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်
သောင်းဆု ဒုတိယအမြင့်ဆုံးဆုကြီးကိုတော့ နေပြည်တော်ကဘဲထပ်မှန်ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ် နေပြည်တော်မှာကံထူးသွားတဲ့ဆုကြီးနှစ်ခုစလုံးဟာလက်ကျန်ထီတွေထဲကနေဘဲပေါက်မဲနာပါတ်
‌တွေရရှိသွားကြတာပါ



အခုသိန်းတစ်သောင်းဆုကိုဆွတ်ခူးရရှိတဲ့ မိသားစုလေးကတော့
နေပြည်တော်မြို့မဈေးမှ ထီရောင်းသူ ကိုခိုင်စိုးသူ(၂၈)နှစ်နှင့်ဇနီးမဇာဇာဖြိုး(၂၇)နှစ် သားမြင့်မြတ်အောင် (၁နှစ်ခွဲ)မိသားစုတို့ကထီရောင်းရင်းလက်ကျန်ထီထဲကမှသုံးစောင်တွဲ ဠ ၁၀၆၈၉၆ နဲ့


ဆွတ်ခူးရရှိသွားခဲ့ကြတာပါ

၂၀၁၀ခုနှစ်ကတည်းကလက်လုပ်လက်စားဘဝနဲ့နေပြည်တော်ကိုရောက်ရှိလာခဲ့ကြတဲ့ ကိုခိုင်စိုးသူနဲ့မဇာဇာစိုးတို့ဟာ ၂၀၁၂ခုနှစ်မှာတွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး ရည်းစားဘဝကနေ အခုလင်မယားဘဝအထိ အိမ်ငှားနေထိုင်ပြီး ငတ်တစ်လှည့်ပြတ်တလှည့်နဲ့ရုန်းကန်လာခဲ့ကြရင်း အခုသားလေး မြင့်မြတ်အောင်မွေးဖွားပြီးနောက်ပိုင်းဈေးရောင်းရတာလေးအဆင်ပြေလာကြောင်းနဲ့ထီဆိုရင်အနိမ့်ဆုံးငါးသောင်းဆုတောင်မပေါက်ဖူးကြောင်းအယုံအကြည်လည်းမရှိခဲ့ဘူးလို့ဆိုပါတယ်။


ဒီဇနီးမောင်နှံဟာနေပြည်တော်ရှိပရဟိတအသင်းများမှာလည်းကာယအားသုံးပြီးတစ်တပ်တစ်အားပါဝင်ကူညီလျက်ရှိသလိုဘာသာရေးနဲ့ပက်သက်လာရင်လည်းဘုန်းကြီးကျောင်းတွေမှကုဋီဆေးတာအဆုံးဘုန်းကြီးခိုင်းသမျှမညီးမညူလုပ်ပေးလေ့ရှိပြီးမရှိရှိတဲ့

ကြားကအဝေးမှမိဘတွေကိုလည်းမကြာခဏထောက်ပံ့လေ့ရှိတယ်လို့ဆိုပါတယ်အခုလောလောဆယ်တော့အလွန်ဘဲပျော်ရွှင်နေပြီး ၎င်းအသင်းဝင်



ထားတဲ့ပရဟိတအသင်းမှာကားလေးတစ်စီးလိုအပ်နေတာကြောင့်အရင်ဆုံးလှူဒါန်းသွားဖို့ရှိပြီးကျန်တဲ့အစီအစဉ်တွေကိုတော့ ဘာမှမစီစဉ်ထားသေးဘူးလို့သိရပါတယ် ပတ်ဝန်းကျင်မှ ဆွေမျိုးအပေါင်းအသင်းမိတ်ဆွေများကလည်းသူတို့မိသားစုအတွက်အလွန်တစ်ရာဝမ်းသာဂုဏ်ယူလျက်ရှိကြပါတယ်ရှင်

ပိုးဥ
နေပြည်တော်ဗျူရို

Post a Comment

Previous Post Next Post