မိုးအောင်ရင်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ မခင်မြတ်နိုးကတော့ မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ စွပ်စွဲပြောဆိုထားတဲ့ အင်တာဗျူးတစ်ခုမှာ မိုးအောင်ရင်နဲ့အတူ ဖခင်ဖြစ်တဲ့ ဦးအောင်ရင်လည်း ပြောဆိုထားတာ ဖြစ်တဲ့အတွက် ဦးအောင်ရင်ကို နောက်တိုးတရားခံအဖြစ် ရန်ကင်းတရားရုံးမှာ သက်သေတင်ပြလိုက်တယ်လို့ သိရပါတယ်။ သူမရဲ့ နောက်တိုးတရားခံ သက်သေတင်ပြမှုကိုလည်း တရားရုံးက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။


“ သူတို့ကလည်း မီဒီယာ တစ်ခုမှာ မိုးအောင်ရင်တစ်ယောက်တည်းပြောတာ မဟုတ်ဘူး သူ့အဖေပါ ပြောထားတာ ဖြစ်တဲ့အတွက် နောက်တိုး တရားခံအဖြစ်ထည့်လို့ရမယ်ထင်လို့ ပြောလိုက်တာပါ။ ဒါပေမယ့် တရားရုံးကလည်း သူတို့ရဲ့ ဥပဒေနည်းအတိုင်း ပယ်တယ်ဆိုတော့ ဘာမှမဖြစ်ပါဘူး။ အဓိက တရားခံက မိုးအောင်ရင်ဖြစ်နေတယ်။ ပြီးတော့ မိုးအောင်ရင်နဲ့ ပတ်သက်တဲ့သူဖြစ်တဲ့အတွက် မဆိုင်လောက်ဘူးထင်လို့ သူတို့ ပယ်လိုက်တယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။




အဲဒီနောက် မခင်မြတ်နိုးက ဒီနေ့(ဖေဖော်ဝါရီလ ၂၈ရက်) နေ့မှာ ပြုလုပ်တဲ့ ရုံးချိန်းအခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။ စစ်ဆေးမှုတွေ အပေါ်မှာလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။ 

“ ဒီနေ့ အမှုအခြေအနေကတော့ ညီမ ဘက်က သက်သေတွေ တင်ပြရတယ်။ နောက်တိုး တရားခံသက်သေကိုတော့ ပယ်ချုလိုက်ပါတယ်။ ဒီအမှုအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ ကိုယ့်ဘက်က အမှန်တရားအတိုင်းသွားနေတာ ဖြစ်တဲ့အတွက် တရားဥပဒေကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်လို့ မြင်ပါတယ်” လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရုံးချိန်းတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။ နောက်ထပ် ရုံးချိန်းကိုတော့ မတ်လ ၁၃ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ မခင်မြတ်နိုးက ပြောပါတယ်။

Zawgyi

မိုးေအာင္ရင္ကို ကာမလိမ္လည္မႈနဲ႔ တရားစြဲဆိုထားတဲ့ မခင္ျမတ္ႏိုးကေတာ့ မူးယစ္ေဆးဝါးသုံးစြဲတယ္လို႔ စြပ္စြဲေျပာဆိုထားတဲ့ အင္တာဗ်ဴးတစ္ခုမွာ မိုးေအာင္ရင္နဲ႔အတူ ဖခင္ျဖစ္တဲ့ ဦးေအာင္ရင္လည္း ေျပာဆိုထားတာ ျဖစ္တဲ့အတြက္ ဦးေအာင္ရင္ကို ေနာက္တိုးတရားခံအျဖစ္ ရန္ကင္းတရား႐ုံးမွာ သက္ေသတင္ျပလိုက္တယ္လို႔ သိရပါတယ္။ သူမရဲ႕ ေနာက္တိုးတရားခံ သက္ေသတင္ျပမႈကိုလည္း တရား႐ုံးက ပယ္ခ်ခဲ့တယ္လို႔ ဆိုပါတယ္။


“ သူတို႔ကလည္း မီဒီယာ တစ္ခုမွာ မိုးေအာင္ရင္တစ္ေယာက္တည္းေျပာတာ မဟုတ္ဘူး သူ႔အေဖပါ ေျပာထားတာ ျဖစ္တဲ့အတြက္ ေနာက္တိုး တရားခံအျဖစ္ထည့္လို႔ရမယ္ထင္လို႔ ေျပာလိုက္တာပါ။ ဒါေပမယ့္ တရား႐ုံးကလည္း သူတို႔ရဲ႕ ဥပေဒနည္းအတိုင္း ပယ္တယ္ဆိုေတာ့ ဘာမွမျဖစ္ပါဘူး။ အဓိက တရားခံက မိုးေအာင္ရင္ျဖစ္ေနတယ္။ ၿပီးေတာ့ မိုးေအာင္ရင္နဲ႔ ပတ္သက္တဲ့သူျဖစ္တဲ့အတြက္ မဆိုင္ေလာက္ဘူးထင္လို႔ သူတို႔ ပယ္လိုက္တယ္လို႔ ထင္ပါတယ္” ဆိုၿပီးေတာ့ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျပာျပခဲ့ပါတယ္။




အဲဒီေနာက္ မခင္ျမတ္ႏိုးက ဒီေန႔(ေဖေဖာ္ဝါရီလ ၂၈ရက္) ေန႔မွာ ျပဳလုပ္တဲ့ ႐ုံးခ်ိန္းအေျခအေနကိုလည္း ေျပာျပခဲ့ပါတယ္။ စစ္ေဆးမႈေတြ အေပၚမွာလည္း မွန္မွန္ကန္ကန္ျဖစ္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သူက ဆိုပါတယ္။ 

“ ဒီေန႔ အမႈအေျခအေနကေတာ့ ညီမ ဘက္က သက္ေသေတြ တင္ျပရတယ္။ ေနာက္တိုး တရားခံသက္ေသကိုေတာ့ ပယ္ခ်ဳလိုက္ပါတယ္။ ဒီအမႈအတြက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိပါတယ္။ ကိုယ့္ဘက္က အမွန္တရားအတိုင္းသြားေနတာ ျဖစ္တဲ့အတြက္ တရားဥပေဒကလည္း မွန္မွန္ကန္ကန္ ဆုံးျဖတ္မယ္လို႔ ျမင္ပါတယ္” လို႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ႐ုံးခ်ိန္းတက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ 

မိုးေအာင္ရင္ကို ရည္းစားေဟာင္းက ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွာ ကာမလိမ္လည္မႈနဲ႔ ဦးတိုက္ေလွ်ာက္ထားၿပီး တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ကာမလိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကေတာ့ ဒီဇင္ဘာ၁၃ရက္ေန႔က ျပဳလုပ္တဲ့ ႐ုံးခ်ိန္းမွာ သိန္း(၁၀၀)နဲ႔ အာမခံရခဲ့တာျဖစ္ပါတယ္။

သူဟာ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အြန္လိုင္းမီဒီယာတစ္ခုမွာ အင္တာဗ်ဴးၿပီးေနာက္ပိုင္း ယခုလို တရားစြဲဆိုျခင္း ခံရတာလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားတဲ့ ပုဒ္မ ၄၁၇ဟာ လိမ္လည္မႈပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္သုံးႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရႏိုင္သည္ဟု ရာဇသတ္ႀကီး ဥပေဒမွာ ျပဌာန္းထားေၾကာင္း သိရပါတယ္။ ေနာက္ထပ္ ႐ုံးခ်ိန္းကိုေတာ့ မတ္လ ၁၃ ရက္ေန႔မွာ ထပ္မံခ်ိန္းဆိုလိုက္တယ္လို႔ မခင္ျမတ္ႏိုးက ေျပာပါတယ္။

Credit Cele Yatkwat

Post a Comment

Previous Post Next Post