စင် ကာပူနိုင်ငံတော်သမ္မတနှင့် နိုင်ငံ့ဝန်ကြီးချုပ် အပါအဝင် စင်ကာပူနိုင်ငံရေးအစိုးရအဖွဲ့ဝင်အားလုံး လခတစ်လစာ လျှော့ယူမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို လွှတ်တော်တစ်ခုလုံးက တစ်ညီတစ်ညွတ်ထဲ သဘောတူခဲ့ကြတာလို့ သိရပါတယ်။

COVID-19 ဗိုင်းရတ်ကို ရှေ့တန်းက ဦးစွာထိတွေ့ကိုင်တွယ်နေကြသည့် စင်ကာပူတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးအလုပ်သမားများ၊ ပြည်သူ့ဝန်ထမ်းကောင်းများအားလုံးကို စင်ကာပူအစိုးရမှ အထူးအပိုဆုကြေးအဖြစ် တစ်လစာအထိ ပေးအပ်ချီးမြှင် သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ – စင်ကာပူပါလီမန်အဆောက်အအုံ

COVID-19 ဗိုင်းရတ်ကြောင့် လေကြောင်းလိုင်းကဏ္ဍကို လွန်စွာအထိနာစေခဲ့ပြီးနောက် Singapore International Airlines (SIA) သည် ၎င်း၏ စီနီယာ Management အဆင့်ရှိ ဝန်ထမ်းများကို လစာဖြတ်တောက်ခြင်းနှင့် စီနီယာ Management အဆင့်အောက်ရှိ ဝန်ထမ်းများကို စေတနာ့ အလျောက် လစာမဲ့ခွင့်ယူစေခြင်းများ ပြုလုပ်၍ ကုမ္ပဏီ၏ ဝန်ထမ်းအသုံးစရိတ်များကို လျော့ချသွားမည်ဖြစ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၁ ရက်နေ့မှ စပြီး စီနီယာ Management အဆင့်ရှိ ဝန်ထမ်းများ၏ လစာကို ၁၀ % မှ ၁၅ % အထိ လျှော့ချသွားမှာဖြစ်ပြီး SIA ၏ CEO သည် ၁၅ ရာခိုင်နှုန်းဖြင့် လစာအများဆုံး လျှော့ချခံရသူဖြစ်ကြောင်းသိရသည်။

Vice Presidents များနှင့် ဌာနဆိုင်ရာ Vice Presidents ရာထူးရှိသူများသည် ဧပြီလ ၁ ရက်နေ့မှ စ၍ လစာ၏ ၇% ဖြတ်တောက်ခံရမည်ဖြစ်ပြီး စီနီယာမန်နေဂျာများနှင့် မန်နေဂျာ ရာထူးရှိသူများသည် မေလ ၁ ရက်နေ့မှ စ၍ လစာ၏ ၅% ဖြတ်တောက်ခံရမည်ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်၊ စင်ကာပူတွင် COVID-19 ဗိုင်းရတ် ကူးစက်ခံရသူ ရောဂါသည် ၂ ဦးထပ်တိုး တွေ့ရှိကြောင်းသိရပြီး စင်ကာပူတွင် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၉၈ ဦး ရှိသွားပြီဖြစ်သည်။

ဒီကနေ့ဆေးရုံမှ ဆင်းသူ ၃ ဦးရှိပြီး စုစုပေါင်း ၆၉ ဦးအထိ ရောဂါပျောက်ကင်းသွားပြီဖြစ်သည်။

ဒီကနေ့ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးစလုံးသည် စင်ကာပူပီအာများဖြစ်ကြပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် 10 Science Park Road ရှိ e-learning solutions ကုမ္ပဏီ Wizlearn Technologies နှင့် ဆက်စပ်ကူးစက်ခဲ့ကြောင်းသိရသည်။ အဆိုပါ e-learning ကုမ္ပဏီမှ ဆက်စပ်ကူးစက်ခံရသူ စုစုပေါင်း ၄ ဦးအထိ ရှိသွားပြီဖြစ်ကြောင်းသိရသည်။

✅ဒီကနေ့ရောဂါပိုးတွေ့ရှိသူ – ၂ ဦး

✅ဒီကနေ့ ဆေးရုံမှဆင်းသူ – ၃ ဦး

✅ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း – ၉၈ ဦး

✅ဆေးရုံမှ ဆင်းသွားသူ စုစုပေါင်း – ၆၉ ဦး

✅ဆေးရုံတွင် ကျန်ရှိရောဂါသည် – ၂၉ ဦး

✅အသည်းအသန်အခြေအနေ အထူးကြပ်မတ်ကုသဆောင် ICU တင်ထားရသူ – ၇ ဦး

✅သေဆုံးသူ – မရှိ

စလုံး

Post a Comment

Previous Post Next Post