မူးယစ်ဆေးဝါးသတင်းအရ ယာတဲတစ်တဲသို့သွားရောက်ဖမ်းဆီးကြစဉ်

လင်မယားနှစ်ယောက်လုံး တဲအနီးတွင်ရှိနေကြသော်လည်း
အမျိုးသမီးမှာ မိမိ ယာတဲဖြစ်ကြောင်းဝန်ခံခဲ့ပြီး
ယောက်ျားဖြစ်သူကိုမူ မိမိ၏
ယောက်ျားမဟုတ် နွားကျောင်းသားဖြစ်သည်ဟု ပြောပြသည့်အတွက်
ယောက်ျားဖြစ်သူ မှာ မလှိမ့်တစ်ပတ်နဲ့ ရှောင်ထွက်သွားပြီး လွတ်ရာကျွတ်ရာ ထွက်ပြေးလေတော့သည်။


ယာတဲဝန်းကျင် သို့
နန်းတပ်စခန်းမှူး အဖွဲ့နှင့် မိုးသောက်ကြယ်တို့ဝင်ရောက် ရှာဖွေကြရာ
တဲအနီး ကောက်ရိုးပုံအတွင်းမှ ဘိန်းဖြူ
မှုန့်ပါ ဆပ်ပြာခွက် (၁၉)ခွက် / ၂ ဂရမ်ခန့်စီပါ ကော်ဗူး ၂ ဗူး နှင့်
အတူ ငွေစက္ကူရောရာ (၆၀)သိန်းကျပ်တို့တွေ့ရှိရသဖြင့်
ဝါးယူးသာ
ကျေးရွာအုပ်စု ငါးကြေးအင်းကျေးရွာနေ (ဘ)ဦးဖဲမောင်၏ သမီးဖြစ်သူ
ခေါင်းစိမ်း (ခ) ခင်သန်းဦး မှာ နို့စိုအရွယ် ကလေးငယ်အပါအဝင်သားနှစ်ယောက်ကိုခွဲခွါ၍ အကျဉ်းစခန်းရှိရာ ဦးတည်လျှောက်လှမ်းခဲ့ရပါပြီ ။


 Zawgyi

မူးယစ္ေဆးဝါးသတင္းအရ ယာတဲတစ္တဲသို႔သြားေရာက္ဖမ္းဆီးၾကစဥ္

လင္မယားႏွစ္ေယာက္လုံး တဲအနီးတြင္ရွိေနၾကေသာ္လည္း
အမ်ိဳးသမီးမွာ မိမိ ယာတဲျဖစ္ေၾကာင္းဝန္ခံခဲ့ၿပီး
ေယာက္်ားျဖစ္သူကိုမူ မိမိ၏
ေယာက္်ားမဟုတ္ ႏြားေက်ာင္းသားျဖစ္သည္ဟု ေျပာျပသည့္အတြက္
ေယာက္်ားျဖစ္သူ မွာ မလွိမ့္တစ္ပတ္နဲ႔ ေရွာင္ထြက္သြားၿပီး လြတ္ရာကြၽတ္ရာ ထြက္ေျပးေလေတာ့သည္။



ယာတဲဝန္းက်င္ သို႔
နန္းတပ္စခန္းမႉး အဖြဲ႕ႏွင့္ မိုးေသာက္ၾကယ္တို႔ဝင္ေရာက္ ရွာေဖြၾကရာ
တဲအနီး ေကာက္႐ိုးပုံအတြင္းမွ ဘိန္းျဖဴ
မႈန္႔ပါ ဆပ္ျပာခြက္ (၁၉)ခြက္ / ၂ ဂရမ္ခန္႔စီပါ ေကာ္ဗူး ၂ ဗူး ႏွင့္
အတူ ေငြစကၠဴေရာရာ (၆၀)သိန္းက်ပ္တို႔ေတြ႕ရွိရသျဖင့္
ဝါးယူးသာ
ေက်း႐ြာအုပ္စု ငါးေၾကးအင္းေက်း႐ြာေန (ဘ)ဦးဖဲေမာင္၏ သမီးျဖစ္သူ
ေခါင္းစိမ္း (ခ) ခင္သန္းဦး မွာ ႏို႔စိုအ႐ြယ္ ကေလးငယ္အပါအဝင္သားႏွစ္ေယာက္ကိုခြဲခြါ၍ အက်ဥ္းစခန္းရွိရာ ဦးတည္ေလွ်ာက္လွမ္းခဲ့ရပါၿပီ ။


#kzw

Post a Comment

Previous Post Next Post