(Conoravirus)ဟာကမ္ဘာပေါ်မှာ နိုင်ငံပေါင်း( ၄၀ )ကျော် အထိ ကူးစက်ပြန့်ပွားနေကြပြီး ၊ဒီရောဂါကို ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်တဲ့ (Pendamic disease) အဖြစ် အမည် တတ်မယ် ဆိုရင် တတ်လို့ရနေပါပြီ ။ သို့သော်(WHO)က၊ကမ္ဘာ့ စီးပွားရေး ကို အကြီးအကျယ် ထိခိုက်ပျက်စီးမှာစိုးရိမ်လို့( Pendamic ) လို့နာမည် မတတ်သေးတာကလွဲလို့ အမှန် တစ်ကယ် အားဖြင့်တော့ (Pendamic ) လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး တစ်ခု အဖြစ် နဲ့ကမ္ဘာကြီးတစ်ခုလုံး ကိုခြိမ်းခြောက်နေပြီဆိုတာ လူတိုင်းသိနေပါပြီ ။



ထူးထူးခြားခြားအီရန်မှာမထင်မှတ်ထားလောက်အောင်ကိုသေပျောက်နုန်းတွေအလွန်မြင့်မားနေပြီး၊တောင်ကိုရီးယားမှာတော့ရောဂါထိန်းချုပ်လို့မရနိုင်လောက်အောင်ပြန့်ပွားနေပါတယ်။ပိုထူးခြားတာကတရုတ်နဲ့ဘာမှမဆီမဆိုင်၊မပါတ်သက်၊ထိစပ်မှု့လဲမရှိတဲ့အီတလီနိုင်ငံမှာပါအကြီးအကျယ်ကိုကူးစက်ပြန့်ပွားနေပြီး ဥရောပနိုင်ငံတွေ အားလုံးကိုဒီရောဂါကြီးက အကြီး အကျယ် ကို ခြိမ်းခြောက်နေပါပြီ။

ဒါပေမဲ့အဲဒါတွေကသိပ်မထူးဆန်းပါဘူး။အထူးဆန်းဆုံးကတော့မြန်မာနိုင်ငံပါပဲ။ကမ္ဘာပေါ်မှာတရုတ်နဲ့ဆက်ဆံမှု့အများဆုံးနဲ့တရုတ်အဝင်အထွက်အများဆုံးနိုင်ငံတစ်ခုဟာမြန်မာနိုင်ငံပါပဲ။လွန်ခဲ့တဲ့နှစ်ကကျွန်တော်မြန်မာပြည်ကိုပြန်ရောက်တော့မန္တလေးကိုရောက်တုံး၊ဦးပိန်တံတားကိုသွားလည်ပါတ်ခဲ့ပါတယ်။

ထူးဆန်းတာကဦးပိန်တံတားပေါ်မှာပြည့်နေတဲ့လူတွေအားလုံးထဲက(၇၀)ရာနှုန်းကျော်လောက်ဟာဗမာစကားတစ်လုံးမှမပြောတတ်ကြတဲ့တရုတ်နိုင်ငံပြည်ကြီးသားတွေဖြစ်နေကြပါတယ်။

ကျွန်တော်ဗမာလိုပြောရင်လဲအဲဒီလူတွေနားမလည်ကြပါဘူး။ကျွန်တော်လဲကိုယ့်ကိုကိုယ်ဦးပိန်တံတားပေါ်ကိုရောက်နေတာလား ဒါမှမဟုတ်တရုတ်ပြည်က (ဂရိတ်ဝေါ) တံတိုင်းကြီးပေါ်ကို များရောက်နေပြီလား ဆိုတာဇဝေဇဝါတောင်ဖြစ်နေမိခဲ့ပါတယ်။ဆိုလိုတာကတရုတ် အဝင်အထွက်အများဆုံးတိုင်းပြည်ဆို တာဟာမြန်မာပြည်ပါ ပဲ။

တချို့ကပြောကြတယ်။မြန်မာပြည်မှာသေချာတိုင်းတာနိုင်တဲ့ဆေးပညာဆိုင်ရာကျွမ်းကျင်မှု့တွေမရှိသေးလို့ကိုရိုနာဗိုင်းရပ်ကိုရှာမတွေ့သေးတာနေမှာပါ။တစ်ကယ်တော့ ဒီရောဂါဟာ လူမသိပဲ မြန်မာလူမျိုးတွေမှာဖြစ်ပွားကူးစက်နေမှာကတော့သေချာပါတယ်လို့ အမျိုးမျိုးထင်ကြေးတွေပေးနေကြပါတယ် ။ ကျွန်တော်လဲ အရင်တုံးကတော့ဒီ အတိုင်းပဲထင်မြင်ယူဆခဲ့ ဖူးပါတယ် ။ အဲဒီတုံးကဇန်နဝါရီလ ကုန်လောက်တုံးကပါ ။

အခုအခါမှာတော့အစိုးရကျန်းမာရေးဌာနကစစ်ဆေးတွေ့ရှိမှု့မရှိလို့ပဲဖြစ်ဖြစ်၊တမင်ဖုံးဖိထားလို့ပဲဖြစ်ဖြစ်၊ဘယ်လိုပဲဖြစ်ဖြစ်အချိန်အတိုင်းအတာတစ်ခုအထိလောက်အထိပဲဖုံးဖိထားနိုင်ကြမှာပါ။သို့သော်အချိြန်ကာလာရင်တော့အစိုးရကျန်းမာရေးဌာနတွေကရှာဖွေတွေ့ရှိထားသည်ဖြစ်စေ၊ဖုံးကွယ်ထားသည်ဖြစ်စေ၊လူတွေတစ်ကယ် သေပျောက် များလာပြီဆိုရင်တော့ ဆက်ပြီး ဖုံးဖိ လို့မရနိုင် ပါဘူး ။



တရုတ်ပြည်နဲ့လဲတိုက်ရိုက်ထိစပ်နေတဲ့အပြင်၊တရုတ်နဲ့လဲဆက်ဆံမှု့အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့မြန်မာနိုင်ငံဟာ၊တစ်ကယ်လို့ ဒီကပ်ရောဂါ ဆိုးကူးစက်ခဲ့မယ် ဆိုရင် ဇန်နဝါရီလမ ကုန်ခင် လောက် ကတည်း ကစပြီးကူးစက်ပြီးနေလောက် ပါပြီ ။

တစ်ကယ်လို့အစိုးရကျန်းမာရေးဌာနကမကျွမ်းကျင်လို့ပဲဖြစ်ဖြစ်၊ခေတ်မှီစက်ပစ္စည်းတွေမရှိလို့ပဲဖြစ်ဖြစ်ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု့ကိုမတိုင်းတာနိုင်ခဲ့ဘူးဆိုရင်တောင်၊တစ်လ လောက် အကြာ မှာ ဖြစ်တဲ့ဖေဖေါ်ဝါရီလကုန်မှာဆိုရင် တကယ်လို့ဇန်နဝါရီလကတည်းက လူမသိပဲကူးစက်ခံရတဲ့မြန်မာနိုင်ငံသားတွေ ရှိနေခဲ့မယ်ဆိုရင် တစ်လအကြာအချိန်ဖြစ်တဲ့ အခုလောက်ဆိုရင် အသက်တွေတောင်ဆုံးရှုံးထိခိုက်နေနိုင်ပါပြီ။

ဒါပေမဲ့ဒီလောက်ပွင့်လင်းမြင်သာတဲ့မီဒီယာခေတ်ကြီးမှာမြန်မာတစ်ယောက်မှဒီဗိုင်းရပ်စ်ကြောင့်သေဆုံးမှု့မရှိတာဟာအလွန်အင်မတန်မှအံ့သြစရာကောင်းလွန်းတဲ့ထူးခြားချက်တစ်ခုပါပဲ။

အခုဖေဖေါ်ဝါရီလကုန်တော့မယ်။တစ်ကယ်လို့သာမတ်လလယ်လောက်မှမြန်မာပြည်ကိုဒီဗိုင်းရပ်စ်မကူးစက်မပြန့်ပွားလာဘူးဆိုရင်တော့၊ဒီဗိုင်းရပ်စ်ဟာမြန်မာပြည်ကို ကူးစက်ပြန့်ပွား ဖို့မ လွယ်ကူတော့ ပါဘူး။ ဒီဗိုင်းရပ်စ်ဟာတစ်ကမ္ဘာလုံးကိုကူးစက်ပြန့်ပွားနေပြီး၊မြန်မာလူမျိုးတွေမှာကြတော့ဘာကြောင့်မကူးစက်မပြန့်ပွားနိုင်သလဲလို့မေးမယ်ဆိုရင်တော့၊ဘယ်သူမှ သေသေ ချာချာ တိတိကျကျ မသိနိုင်၊ မပြောနိုင် ပါဘူး ။

ဒီအလွန်ထူးခြားတဲ့ အဖြစ်အပျက် ဘာကြောင့်ဖြစ်ပေါ်ရသလဲလို့မေးမယ်ဆိုရင်၊ဘယ်ဆေးပညာရှင်တွေ၊ဘယ်သိပ္ပံပညာရှင်တွေမှလဲတိတိကျကျပြောနိုင်ဖြေနိုင်မှာမဟုတ်ပါဘူး။(WHO) ကလူတွေကို သွားမေးရင် လဲ ဘယ်သူမှ မသိနိုင် ၊မဖြေနိုင်တဲ့မေးခွန်း တစ်ခုပါပဲ ။

ကမ္ဘာမှာအထူးခြားဆုံးအရာတစ်ခုလိုဖြစ်နေပြီး၊ဒီကိစ္စကိုဘယ်သူကမှသေသေချာချာသုတေသနတွေလုပ်ထားတာတွေမရှိသေးလို့ကျွန်တော်လဲတိတိကျကျတော့မပြောနိုင်၊မသိနိုင်သေးပါဘူး။ဒါပေမဲ့တစ်ကယ်လို့သာမတ်လလယ်လောက်မှာမှမြန်မာပြည်ကိုဒီရောဂါမကူးလာဘူးဆိုရင်တော့ကျွန်တော့်အထင်၊အဖြစ်နိုင်ဆုံးထူးခြားမှု့တစ်ခုက၊မြန်မာလူမျိုးတွေ ရဲ့သွေးထဲမှာ သဘာဝ အလျှောက်( Coronavirus )ရောဂါပိုး ကိုကာကွယ်ပေးနိုင်တဲ့ အလွန်ထူးခြားတဲ့(Anti-body)တစ်မျိုးမျိုးဟာအကြောင်းတခုခုကြောင့်၊အလိုလိုရှိနှင့် နေတယ်လို့ ယူဆရမလိုဖြစ်နေ ပါတယ်။

ဒီအယူအဆဟာအလွန်ဆန်းကျယ်နေလို့မဖြစ်နိုင်ဘူးလို့ပြောကြမှာပါ။ဒါပေမဲ့ဖြစ်နိုင်ချေလဲအများကြီးရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ အခုခောတ်ကမ္ဘာပေါ်မှာ တစ်ခြားနိုင်ငံ လူမျိုး အများစုတွေ ရဲ့သွေးတွေထဲမှာ မတွေ့ရသလောက်နည်းသွားပြီး၊မြန်မာနိုင်ငံသားအားလုံးနီးပါးရဲ့သွေးတွေထဲမှာသာလျှင်အများဆုံးတွေ့ရတဲ့(Anti-body) သုံးမျိုးထဲက တစ်မျိုးမျိုးကြောင့် လဲဖြစ်ချင်ဖြစ်နိုင် ပါတယ်။ အဲဒီ(human antibodies)သုံးမျိုးကတော့(Ede1-C10, Ede2-A11, Ede2-B7)တွေပါပဲ။

အဆိုပါ(Anti-Body)သုံးမျိုးဟာ(Coronavirus)ကိုကာကွယ်ဖို့အတွက်(Anti-Body)တွေအဖြစ်နဲ့မြန်မာလူမျိုးတွေ ရဲ့သွေးတွေထဲမှာကြိုတင်ပြီးရှိနေ တာတော့မဟုတ်ပါဘူး ။နေ့လည်ဖက်မှာ ပဲထွက်ကိုက်တတ်တဲ့ခြင်ပုန်းတွေကသယ်ဆောင်လာတဲ့ကူးစက်ရောဂါတွေကြောင့်၊မြောင်း ပုတ်ရေပုတ် တွေများပြီးခြင်အကိုက်ခံရမှု့များ တဲ့မြန်မာလူမျိုးတွေရဲ့ ခုခံမှု့စနစ်မှာအလိုလိုရှိနေတာပါပဲ ။မြန်မာပြည်မှာနေထိုင်ပြီးခြင်ပုန်းတခါမှ အကိုက်မခံရဖူးတဲ့လူ ဆိုတာ မရှိသလောက်ကိုရှား ပါတယ် ။



ညစ်ပါတ်စုတ်ပြတ်နေတဲ့မြောင်းပုတ်တွေထဲမှာနေထိုင်ပြန့်ပွားကြပြီး၊နေ့လည်ကြောင်တောင်ထွက်ကိုက်တတ်တဲ့၊ဒီခြင်ပုန်းတွေကြောင့်ဖြစ်ရတဲ့ (Dengue)သွေးလွန် တုတ်ကွေးရောဂါ မျိုးတွေ ဟာ ၊တခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ရာသီဥတုအေးချမ်းတဲ့နိုင်ငံတွေမှာအဖြစ်နည်းသွားပြီဖြစ်သော်လဲ၊ပူပြင်းပြီးမြောင်းပုတ်တွေ သိပ်များတဲ့မြန်မာပြည်မှာ ကတော့အမြဲတန်းကူးစက်ြ ဖစ်ပွားနေတဲ့ ထူးခြားတဲ့အိမ်ရှင်ရောဂါတစ်မျိုးပါပဲ။(Dengue)ရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်(၄)မျိုးဟာခြင်ပုန်းကိုက်ခံတဲ့မြန်မာနိုင်ငံသားတွေအားလုံးနီးပါးကိုအမြဲကူးစက်ခံနေရပါတယ်။

အဲဒီဗိုင်းရပ်စ်(၄)မျိုးကတော့(DENV1, DENV2, DENV3,DENV4)တွေပါပဲ ။ခြင်ပုန်းအကိုက်ခံရတဲ့လူတိုင်း ရဲ့ခန္ဓာကိုယ်မှာဖျားနာသည်ဖြစ်စေ၊ မဖျားနာသည်ဖြစ်စေ၊ အဲဒီဗိုင်းရပ်စ် လေးမျိုးက တစ် မျိုးမျိုးဖြစ်စေ၊လေးမျိုးလုံးဖြစ်စေ ၊သွေးထဲကိုကူးစက်ခြင်းခံရ ပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံသားတိုင်းမှာလိုလိုအဲဒီဗိုင်းရပ်စ်လေးမျိုးကိုကာကွယ်ပေးနိုင်တဲ့(Antibody)သုံးမျိုးဖြစ်တဲ့(Ede1-C10, Ede2-A11, Ede2-B7)တွေအမြဲရှိနေတတ်ပါတယ်။ခြင်ပုန်း အကိုက်မခံရတဲ့မြန်မာနိုင်ငံသားတွေဆိုတာအလွန်နည်းလို့လူတိုင်းနှီးပါးမှာဒီ(Antibodies)တွေရှိနေတာဟာမထူးဆန်းပါဘူး။


ဒီ(Anti bodies)တွေဟာတစ်ကယ်တော့၊ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ပေးဖို့(Anti bodies)တွေတော့မဟုတ်ပါဘူး။(Dengue Virus)လေးမျိုးကို ကာကွယ်ပေးနိုင်ဖို့မြန်မာ လူမျိုးတွေရဲ့ခုခံအား စနစ်ကထုတ်လုပ်ပေးထားတဲ့(Anti-Bodies)အမျိုးအစား(၃)မျိုးပါပဲ။

ဘာကြောင့်လဲဆိုတော့(Dengue)လို့ခေါ်တဲ့သွေးလွန်တုတ်ကွေးကူးစက်ရောဂါအမျိုးမျိုးဟာမြန်မာပြည်မှာထမင်းစားရေသောက်လိုလူတိုင်းမှာခလေးကအစ၊လူကြီးအဆုံး အမြဲကူးစက် ဖြစ်ပွားနေတဲ့ အိမ်ရှင်ရောဂါ တစ်ခုဖြစ်နေပြီးနိုင်ငံတကာအတွက်သာထူးဆန်းနေပေမယ့်၊မြန်မာတွေအဖို့ကတော့အထူးအဆန်းကြီးမဟုတ်တော့ပါဘူး။ဒီရောဂါဟာ ဒီခေတ်ကမ္ဘာပေါ်မှာ တိုးတက်တဲ့နိုင်ငံကြီးတွေမှမကြားဖူးကြတော့ပေမယ့်မြန်မာပြည်မှာကတော့ကလေးကအစသိပြီးသားဖြစ်တဲ့ရောဂါအဟောင်းကြီးတစ်ခုပါ။

ထူးခြားတဲ့တိုက်ဆိုင်မှု့တစ်ခုကအဲဒီမြန်မာပြည်မှာလူတိုင်းဖြစ်နေကြတဲ့အိမ်ရှင်သွေးလွန်တုတ်ကွေးရောဂါကိုဖြစ်ပေါ်စေတဲ့ဗိုင်းရပ်စ်တွေနဲ့၊ကိုရိုနာဗိုင်းရပ်စ်တွေဟာနှစ်မျိုးစလုံး(single strand RNA virus)တွေဖြစ်နေကြတဲ့အပြင်၊မျက်နှာပြင်ပေါ်မှာနေရှိတဲ့ပရိုတိန်းအမျိုးအစားတွေထဲကတစ်မျိုးမျိုးကလဲထူးထူးခြားခြား၊တိုက်တိုက်ဆိုင်ဆိုင်သွားပြီးဆင်တူချင်တူနေနိုင်ပါတယ်။

တစ်ကယ်လို့သာဆင်တူခဲ့မယ်ဆိုရင်အဆိုပါသွေးထဲမှာရှိနေတဲ့(Antibodies)သုံးမျိုးထဲကတစ်မျိုးမျိုးဟာ၊ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို၊တုတ်ကွေးရောဂါဗိုင်းရပ်စ်ပိုးနဲ့ အမှတ်မှားပြီးမှားယွင်း တိုက်ခိုက်ချင် တိုက်ခိုက်မိနေနိုင် ပါတယ် ။ဒီအရာဟာအလွန်ဖြစ်တောင့်ဖြစ်ခဲတဲ့အလွန်ထူးခြားတဲ့တိုက်ဆိုင်မှု့တစ်ခုပါ။ဆိုလိုတာကဝတ်စုံဆင်တူနေလို့၊လူမှားပြီးတိုက်ခိုက်မိတဲ့သဘောပါ။

သို့သော်ကျွန်တော့်အနေနဲ့ဒီကိစ္စကိုသေသေချာချာခိုင်ခိုင်မာမာသုတေသနတွေမလုပ်ရသေးလို့တိတိကျကျတော့မပြောလို၊မပြောချင်ပါဘူး။ထင်မြင်ယူဆချက် တစ်ခုသာဖြစ်လို့အမှန်လို့ မယူဆကြပါနဲ့ဦး ။နောက်ထပ်နှစ်ပါတ်ခွဲလောက်စောင့်ကြည့်လိုက်ရင်တော့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်မှန်တယ်မမှန်ဘူးဆိုတာ ကိုပိုပြီး သေချာစွာပြောနိုင်ပါလိမ့်မယ်။



ကျွန်တော်ဆိုလိုချင်တာကတော့တစ်ကယ်လို့မှလာမယ့်နှစ်ပါတ်ခွဲလောက်အကြာမတ်လလယ်လောက်မှာမှဒီရောဂါဆိုးဟာမြန်မာလူမျိုးတွေအပေါ်ကိုကူးစက်မလာနိုင်ဘူးဆိုရင်တော့ကျွန်တော်ထင်မြင်ယူဆထားတွေမှန်ကောင်းမှန်နေပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ပါ၊အထက်ပါထူးခြားတဲ့(Dengue antibodies)သုံးမျိုးဖြစ်တဲ့(Ede1-C10, Ede2-A11, Ede2-B7 )တွေဟာ တစ်ခြားလူမျိုးတွေမှာ အရှိနည်းပြီး၊မြန်မာလူမျိုးတွေ မှာ မှထူးထူးခြားခြားမြောက်များစွာရှိနေတယ်ဆိုတာကတော့အလွန်ထူးခြားတဲ့အချက်တစ်ခုပါပဲ။

အဆိုပါရွှေမြန်မာအများစုတွေမှာရှိနေတဲ့(antibodies)သုံးမျိုးဟာကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်နိုင်မလား။မကာကွယ်နိုင်ဘူးလားဆိုတောကတော့၊နောက်နှစ်ပါတ်ခွဲလောက် အတွင်းမှာ အဖြေတစ်ခုခုတော့သိရမှာပါ။ တစ်ကယ်လို့မတ်လလယ်လောက်မှာမှဒီရောဂါဟာမြန်မာပြည်ကိုမကူးစက်၊မပြန့်ပွားလာနိုင်ဘူးဆိုရင်တော့ရွှေမြန်မာတွေရွှေဖြစ်သွားပါပြီ။ဘာကြောင့် လဲဆိုတော့ဒီအချိန်လောက်မှမကူးစက်နိုင်ဘူးဆိုရင်၊ဒီဗိုင်းရပ်စ်တွေဟာမြန်မာတွေကိုဒုက္ခမပေးနိုင်တော့ဘူးလို့ယူဆရမလိုဖြစ်နေပါပြီ။

တကယ်တန်းကြတော့၊ဒီရောဂါကမြန်မာတွေကိုမကူးစက်နိုင်တာတော့မဟုတ်ပါဘူး။ကူးစက်ကောင်းကူးစက်ပါလိမ့်မယ်။သိူ့သော်ကျွန်တော်ထင်ထားတဲ့အတိုင်းမှန်ခဲ့မယ်ဆိုရင်တော့၊မြန်မာတွေရဲ့သွေးထဲကိုရောက်ရှိသွားတဲ့ဝူဟန်ဗိုင်းရပ်စ်ဟာမြန်မာတွေရဲ့သွေးထဲမှာရှိနေတဲ့ထူးခြားတဲ့(Anti-Bodies)သုံးမျိုးထဲက တစ်ခုခုနဲ့ထိတွေ့သွားပြီး အဲဒီကူးစက်ခံ ရတဲ့ြ မန်မာလူမျိုး ရဲ့သွေးထဲမှာ ဗိုင်းရပ်စ် ပိုးတွေဟာသေဆုံးသွားနိုင်လို့ တခြားလူနောက်တစ်ယောက်ကိုဆက်ပြီးမကူးစက်မပြန့်ပွားနိုင်တော့တာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါဟာကျွန်တော့်ရဲ့ထင်မြင်ချက်တစ်ခုသာဖြစ်ပြီး၊သုတေသနခိုင်ခိုင်မာမာတွေကိုအခြေခံတဲ့တွေ့ရှိချက်တစ်ခုမဟုတ်လို့အမှန်လို့တော့လှေနှံဓါးထစ်မယူဆကြစေချင်ပါဘူး။ဒါကြောင့်ဒီအချက်ြ ဖစ် နိုင်မဖြစ်နိုင်ကိုကျွန်တော်တို့တွေမတ်လလယ်လောက်အထိတော့စောင့်ကြည်ကြ့ဖို့လိုအပ်သလို၊ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတာကိုသေချာနားလည် ဖို့သုတေသနတွေ အများကြီး ထပ်လုပ်ဖို့လိုအပ်နေပါတယ်။

ဘာပဲဖြစ်ဖြစ်အနှစ်ချုပ်ပြောရရင်တော့

ကိုးရီးယားမှာအဖြစ်များနေပြီး….

အီရန်မှာအသေမြန်နေတဲ့အပြင်….

အီတလီမှာအလျှင်မမှီဖြစ်နေတဲ့…..

တယူသန်တဲ့ဝူဟန်ဗိုင်းရပ်စ်ဟာ…..

ရွှေမြန်မာအတွက်တော့အနေသာကြီး…..

ဖြစ်နေတာဟာအလွန်ထူးခြားဆန်းကျယ်နေတဲ့အချက်တစ်ချက်ပါပဲ။



ဒါပေမဲ့အခုအချိန်မှာဆုံးဖြတ်ဖို့စောနေပါသေးတယ်။အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့်ကြပါစို့။သို့သော်ရွှေမြန်မာတွေပေါ့ပေါ့ဆဆမနေကြဖို့နဲ့၊ကံကိုယုံပြီး ဆူးပုံကို မနင်းမိ ကြဖို့တော့ သတိပေးလိုက်ပါတယ် ။မတ်လလယ်လောက် အထိတော့စောင့်ကြည့်ကြပြီး၊မတ်လလယ်လောက်မှမြန်မာနိုင်ငံကို ကူးစက်မလာဘူး ဆိုရင်တော့ ကျွန်တော်ထင်ထားတာတွေ မှန်နေပြီဖြစ်တဲ့အတွက်ရွှေမြန်မာတွေ အတွက်ကံကောင်းလာနိုင် ပါတယ်။

(မတ်လအလယ်မှာမှ….ကိုရွှေဝူဟန်က…

မြန်မာပြည်မှာ….ရှင်သန်မလာဘူးဆိုရင်…..

ကိုယ်ရွှေမြန်မာတွေအတွက်…..

ဧပြီလဆန်းမှာ….သြင်္ကန်ရေနဲ့လန်းလို့ရသွားပါပြီ။)

မှတ်ချက်။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ဒီရောဂါဟာကပ်ရောဂါဆိုးကြီးတစ်ခုလဲဖြစ်နေပြန်ပါတယ် မြန်မာပြည်မှာ ကူးစက်ပြန့်ပွားမှု့ရှိမယ် မရှိဘူးဆိုတာဟာမြန်မာလူမျိုးတွေရဲ့ ကုသိုလ်ကံနဲ့လဲဆိုင်နေပါတယ်။ဒီကပ်ရောဂါဆိုးကြီးကနေကျော်လွားချင်တယ်ဆိုရင်တော့ဒီနေ့ကစပြီးမြန်မာတွေအားလုံး မည်သည့်ဘာသာ ဝင် တွေမဆိုမိမိတို့သက်ဆိုင်ရာ ကိုးကွယ် ရာ ဘာသာအလိုက် ၊တတ်နိုင်သလောက်ဘာသာရေးလုပ်ငန်းတွေကိုပိုပြီးလုပ်ကြဖို့လဲတိုက်တွန်းလိုပါတယ်။

ကျွန်တော်ကလဲကျွန်တော်ထင်တဲ့အတိုင်းအကောင်းဆုံးဖြစ်လာဖို့မြန်မာပြည်သူ၊ပြည်သားတွေအတွက်အမြဲဆုတောင်းနေပါတယ်။

အားလုံးကျန်းမာ၍ဘေးကင်းကြပါစေ၊ကံကောင်းကြပါစေဗျာ။


Kelvin Albert Power
—————————
စာရေးသူ၏အမှာစကား။

ဒီ(Post)ဟာသုတေသနကိုအခြေခံမထားတဲ့အတွက်အထောက်အထားမခိုင်လုံသေးတဲ့ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်(hypothesis)တစ်ခုကိုတင်ပြခြင်းသာဖြစ်နေလို့အမှန်လို့တော့ရာနုန်းပြည့်မယူဆကြစေချင်ပါဘူး။ဒါပေမဲ့မြန်မာတွေအားလုံးဒီအချက်ကိုထည့်သွင်းစဉ်းစားပြီးအချိန်အတိုင်းအတာတစ်ခုအထိတော့စောင့်ကြည့်ပေးကြဖို့လိုအပ်နေပါတယ်။။

ကျွန်တော့်ရဲ့ယူဆချက်မှန်မယ်မမှန်ဘူးဆိုတာတော့အာမမခံနိုင်ပါဘူး။ဒါပေမဲ့တိုက်ဆိုင်မှု့တစ်ခုတော့ဖြစ်ချင်ဖြစ်နိုင်ပါတယ် ဘာပဲဖြစ်ဖြစ် ဒီအချက်ဟာ မှန်ကန်ခဲ့မယ်ဆိုရင် ကမ္ဘာမှာမြန်မာ ဆိုတာရွှေဖြစ်သွားပါလိမ့်မယ် ။မြန်မာတွေရဲ့သွေးဟာရွှေထက် အဖိုးတန်သွားနိုင်ပါတယ်။ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ၊လူတိုင်းဖတ်ပြီးစောင့်ကြည့်သင့်သလို၊လူတိုင်း သိသင့် သိထိုက် လို့်ဖြန့်ဝေနို င်ပါတယ် ။ သတင်းမှားကိုတင်နေတာမဟုတ်ပဲ၊ မှန်ချင်လဲမှန်လာနိုင်တဲ့(hypothesis)တစ်ခုဖြစ်နေလို့ အချိန်ကစကားပြောလာမှာပါ ။ဒါပေမဲ့ လူတိုင်း ဒီပို့စ် ကိုဖတ်ပြီးကံ ကိုယုံပြီးတော့ဆူးပုံမနင်းကြဖို့နှင့်မပေါ့ဆကြဖို့တော့အသိပေးပြောကြားလိုပါတယ်။မတ်လမှာအဖြေသိပါမယ်။ဧပြီလမှာ( ငါတို့မြန်မာသွေးကွ ) ဆိုပြီးတော့ အောင်ပွဲခံနိုင်ကြ ပါစေ ။

(hypothesis)တစ်ခုသာဖြစ်နေလို့အပြည့်အဝယုံကြည်မိပြီးတော့မပေါ့ဆကြပါနှင်၊အားလုံးဂရုစိုက်ကြပါ။

Credit Original Writer

Post a Comment

Previous Post Next Post