အခုတလောတရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကူးစက်ပြင်းထန်သော ကိုရိုနာရောဂါလို ဘက် တီရီးယား နဲ့ ဗိုင်းရပ်စ်တွေ ကို တိုက်ခိုက်နိုင်စွမ်း ရှိ တဲ့ ကိုယ် ခံအား ကောင်းေ စသော အစားစာ (၁၁) မျိုး အကြောင်းကို စာဖတ်ပရိသတ်ကြီး ကာကွယ်စားသုံးနိုင်ရန်ဖော်ပြပေးလိုက် ပါတယ်။အားလုံးပဲ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ။

(၁) ကြက် သွန်ဖြူ

ဘက်တီရီးယားနဲ့ဗိုင်းရပ်စ်တွေကို တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ သူ့မှာ allicin ကဲ့သို့သော sulfuric compounds တွေပြည့်နေတဲ့အတွက် ကိုယ်ခံအားမြင့်တက်စေတယ်။ နေ့တိုင်း ကြက်သွန်ဖြူတဥကို အခွံခွာ ၅စိတ်လောက်စိတ်ပြီး ရေနဲ့ဆေးသောက်သလိုသောက်ပါ။ အဲဒါဆို အနံ့လဲမနံတော့ဘူး။

(၂) ဒိန်ချဉ် (yogurt)

ကောင်းတဲ့ဘက်တီးရီးယား (probiotics) တွေသူ့မှာပါ ပါတယ်။ အဲဒီ probiotics တွေဟာ အစာချေလမ်းကြောင်းကို ကျန်းမာသန့်ရှင်းစေမှာဖြစ်ပါတယ်။ လူ့ကိုယ်ခံအားစနစ်ရဲ့ ၇၀-၈၀%ဟာ အစာချေလမ်းကြောင်းမှာ ရှိတယ်လို့ ဆိုပါတယ်။ မနက်တိုင်း နံနက်စာမှာ ဒိန်ချဉ်တခွက်/yogurtတဗူး ပါသင့်ပါတယ်။

(၃) ကြက်စွပ်ပြုတ်

အမိုင်နိုအက်စစ်တွေ သတ္တုဓာတ်တွေပါတဲ့အတွက် ကိုယ်ခံအားမြင့်စေတယ်။ တပါတ်ကို ၃ကြိမ်လောက် သောက်သင့်ပါတယ်။

(၄) ဟင်းနုနွယ်ရွက်

ဗီတာမင် စီနဲ့ ဖော်လစ်အက်စစ် တွေပါတဲ့အတွက် ကိုယ်ခံအားမြင့်စေတယ်။ ကြော်တဲ့ပြုတ်တဲ့အခါ အရမ်းကျက်မသွားအောင်တော့ သတိထားရပါမယ်။ တပါတ်၃ကြိမ်လောက် စားသင့်ပါတယ်။

(၅) ဂေါ်ဖီပန်းပွင့် အစိမ်း (broccoli)

အသည်းနဲ့ အူနံရံတွေ ကျန်းမာသန့်စင်စေပါတယ်။ ဗိုက်တာမင် စီနဲ့ ကယ်လ်စီယမ်တွေပါ ပါတယ်။ တပါတ် ၂ကြိမ် စားသင့်ပါတယ်။ အကျက်လွန်မကြော်မိ မပြုတ်မိဖို့ သတိထားပါ။

(၆) ဖရဲသီး ဒါမှမဟုတ် ခရမ်းချဉ်သီး

ဗိုက်တာမင် စီနဲ့ အေ အပြင် lycopene ဓာတ် ပါတယ်။

(၇) မှိုအမျိုးမျိုး

ကမ္ဘာကျော် ပင်နီစလင် ပိုးသတ်ဆေးဟာ မှိုကနေပြီး ထုတ်ထားတာပါ။ မှိုမှာ zinc ဓာတ်နဲ့ ဗိုက်တာမင်ဒီ တွေပါ ပါတယ်။ ပြီူတော့ သူတို့ဟာ fungal တွေဖြစ်တဲ့အတွက် ကိုယ်ခံအားမြင့်စေတဲ့ဓာတ်တွေ ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကိုသတ်နိုင်တဲ့ ဓာတ်တွေပါ ပါတယ်။

(၈) လက်ဖက်ရည်ကြမ်း သို့မဟုတ် green tea

Antioxidant တွေပါတဲ့အတွက် ဆဲလ်တွေကိုပျက်စီးစေတဲ့ ဓာတ်တွေကို တိုက်ခိုက်ချေမှုန်းနိုင်ပါတယ်။

(၉) ကန်စွန်းဥ

ဗိုက်တာမင်အေ ပါပြီး ကိုယ်ခံအားမြင့်စေပါတယ်။

(၁၀) ဂရိတ်ဖရု/လိမ္မော်သီး/သံပုရာသီး

ဗိုက်တာမင်စီ အများကြီးပါတဲ့အတွက် သွေးဖြူဥတွေ ပိုမိုထုတ်ပေးစေနိုင်ပြီး ကိုယ်ခံအားကောင်းစေပါတယ်။

(၁၁) ဆော်လမွန်ငါး/ငါးသလောက်/ဂဏန်း/ဂုံးကောင်

Omega-3 အဆီတွေပါတဲ့အတွက် အဆုတ်ကိုကာကွယ်ပေးပါတယ်။ တပါတ်၂ခါလောက်စားသင့်။

REF: SHWE LIKE

Post a Comment

Previous Post Next Post