ရွှေမြယာကွန်ဒို ရှိ လင်းနို့ အကောင် (၁)သန်းခန့် နေထိုင်သည့် လင်းနို့သိုက် အား ရှင်းလင်းရန် ကြည့်ရှုလေ့လာခြင်း



မင်္ဂ လာတောင်ညွန့်မြို့နယ် ရွှေမြယာကွန်ဒို၌ ရှိနေသောလင်းနို့ (ခန့်မှန်း အကောင် တစ်သန်း) ခန့်အား (၂၇. ၂. ၂၀၂၀) တွင်ရှင်းလင်းရန်အတွက် ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တောင်ညွန့်ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဌာနမှဆရာ ဆရာမများနှင့် မြို့နယ် NLD ဥက္ကဌတို့မှ သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။



အဆိုပါ လင်းနို့များမှာ ညနေ ၆:၀၀ နာရီဝန်ကျင်ခန့်တွင်ယင်းနေရာမှစတင်ပျံသန်း၍ ရွှေတိဂုံဘုရားဝန်ကျင်ရှိ ပြည်သူ့ရင်ပြင် နားသစ်တောအုပ်များ၊ သန်လျင်တံတားဝန်ကျင်ရှိ သစ်တောအုပ်များ သို့ ပိုးကောင်ငယ်များအား ဖမ်းယူစားသောက် အစာရှာထွက်လေ့ ရှိကြပြီး နံနက် ၅:၀၀ နာရီ မှ ၅:၃၀ နာရီ အချိန်တွင်ယင်း ရွှေမြယာ ကွန်ဒို မူရင်းအသိုက်သို့ပြန်လည် ဝင်ရောက်ပါကြောင်း သိရှိရပါသည်။






Credit ဇင် မျိုး
Photo & Video credit
Hayman Lwin /အော်စကာ

Post a Comment

Previous Post Next Post