၁ ၃-၂-၂၀၂၀ နေ့တွင်ဖြစ်ပွါးခဲ့သော ဆရာမကြီးဒေါ်ဘေဘီ၏ မီးကျွမ်းပိုက်ဆံများအား မိမိတို့အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ချိတ်ဆက်၍ ပြန်လည်လဲလှယ်ရာ အချို့သောငွေစက္ကူများမှာ လဲလှယ်၍မရနိုင်လောက်အောင် ဆိုးရွားစွာပျက်စီးသွားခဲ့ပါသည်။

ဗ ဟိုဘဏ်အနေဖြင့်လဲ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့် ကိုက်ညီသော ငွေစက္ကူများအားလဲလှယ်ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ရာ ငွေကျပ်နှစ်ဆယ့်သုံးသိန်းရှစ်သောင်းခုနှစ်ထောင် (၂,၃၈၇,၀၀၀)တိတိပြန်လည်ရရှိခဲ့ပါသည်။


ယခုကဲ့သို့ ငွေစက္ကူများအား လဲလှယ်ရရှိအောင် အဖက်ဖက်မှကူညီပေးခဲ့ကြသော ဗဟိုဘဏ် ငွေကြေးဌာနမှ ညွန်ကြားရေးမှူးချုပ် နှင့် ဝန်ထမ်းများ ၊ ဖြစ်စဉ်အားတင်ပြစဉ် commetတွင်ဝင်ရောက်အကြံဉာဏ်ပေးကြသော ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ ၊


မြို့နယ်အုပ်ချုပ်ရေး၊ မီးသတ်ဌာန၊ရဲစခန်း၊ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိလူကြီးမင်းများ၊မေတ္တာဖြင့် လူကိုယ်တိုင်လိုက်ပါကူညီပေးခဲ့သော ဦးဖြိုးဝေဦး(နေပြည်တော်)၊ကိုမျိုးပိုင်ပိုင်စိုး(ဗဟိုဘဏ် နေပြည်တော်)….



ကိုရဲထွဋ်အောင် ကိုဆန်းလင်းထွန်း ၊လေလေ မိတ္တူနှင့်စာစီစာရိုက် ငွေကြေးလဲလှယ်နိုင်ရန်လမ်းညွန်ချက်များပေးခဲ့သော ကော်မတီဥက္ကဌ ဦးအောင်တင့်၊ဦးမောင်မောင်သိန်း(အတွင်းရေးမှူး)နှင့်(Healthcare Teacherအဖွဲ့သားများ)တို့အားလည်းကောင်း…



ဆရာမကြီးအား ယနေ့တိုင်ပြုစုစောင့်ရှောက်ပေးလျှက်ရှိသော ဦးစိုးမိုးမြင့် (ထ/၂ အာစရိယပူဇော်ပွဲဥက္ကဌ)+ဒေါ်သက်သက်နိုင်တို့အား မိမိတို့ အ.ထ.က(၁) အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Credit – မြင်းခြံမြို့၊ အထက(၁)၊ အာစရိရပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ

Zawgyi





ယခုကဲ့သို့ ငွေစက္ကူများအား လဲလှယ်ရရှိအောင် အဖက်ဖက်မှကူညီပေးခဲ့ကြသော ဗဟိုဘဏ် ငွေကြေးဌာနမှ ညွန်ကြားရေးမှူးချုပ် နှင့် ဝန်ထမ်းများ ၊ ဖြစ်စဉ်အားတင်ပြစဉ် commetတွင်ဝင်ရောက်အကြံဥာဏ်ပေးကြသော ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ ၊











Post a Comment

Previous Post Next Post