ပုပ်ရ ဟန်းမင်းကြီး ‘ဖရန့်စစ်’ အနည်းငယ် ဖျားနာနေမှုကြောင့် ရောမမြို့မှာ အခြားဘုန်းတော်ကြီးများနဲ့ စုံညီကာပြုလုပ်မည့်ပွဲကို ရွေ့ဆိုင်းထားလိုက်သည်။ ဗာတီကန်မှ သတင်းထုတ်ပြန်ချက်အရ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ အနည်းငယ် ကိုယ်လက်မအီမသာဖြစ်နေသည့်အတွက် ရောမမြို့ရှိ စိန့်ဂျွန်လက်ထရန် ဘုရားကျောင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းမှာ ပြုလုပ်မည့် အခမ်းအနားအား တက်ရောက်နိုင်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်ငြားလည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အနေနဲ့ လုပ်စရာရှိတဲ့ အလုပ်တွေကို အခြားမြို့များကို လှည့်လည်သွားလာ လုပ်ကိုင်မည့်အစား ဗာတီကန်နိုင်ငံထဲကနေသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး နာဖျားမှုနဲ့ ပက်သက်ပြီး တစ်စုံတရာဖွင့်ဟပြောဆိုခဲ့ခြင်းမရှိသော်လည်း ဗုဒ္ဓဟူးနေက ပြုလုပ်ခဲ့တဲ့ ပွဲအခမ်းနားတစ်ခုမှာ ချောင်းတွေဆိုး၊ နှပ်တွေညှစ်နေတဲ့ ပုပ်ရဟန်းမင်းကြီးကို တွေ့မြင်ခဲ့ရပါတယ်။


အီတလီနိုင်ငံ မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုတွေဟာ နိုင်ငံကိုကျော်ဖြတ်ကာ ကူးစက်နေပြီဖြစ်ပြီး ဗာတီကန်တည်ရှိရာ ရောမမြို့မှာလည်း ကူးစက်ခံရမှုရှိနေပြီလို့ သတင်းတွေက အတည်ပြုထားပါတယ်။ပုပ်ရဟန်းမင်းကြီး အခုလို နာမဖျားခင် တစ်ရက်အလိုက အပတ်စဉ်ပြုလုပ်နေကျ စိန့်ပီတာ ရင်ပြင် လူထုနဲ့တွေ့ဆုံပွဲမှာ ကလေးတွေရဲ့ ပါးပြင်၊ နဖူးပြင်တို့ကို သူလုပ်နေကျအတိုင်း ထိတွေ့ပြီး ဆုတောင်းမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။



နောက်တစ်ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေ ခံစားရသလိုမျိုး ခံစားနေရကြောင်း ပြောကြားခဲ့ပါတယ်။ ‘ဖရန့်စစ်’ ဟာ ကြာသပတေးနေ့က ရောမမြို့က ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံရန် ဘာသာရေးပွဲအခမ်းနားတစ်ခုကို တက်ရောက်ဖို့ စီစဉ်ထားသော်လည်း ရုတ်တရက်နာဖျားမှုကြောင့် အစီစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။


ဗာတီကန်တည်ရှိရာ ရောမမြို့မှာလည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု ၃ ခုရှိနေပြီဖြစ်သော်လည်း ကူးစက်ခံရသူ ၃ ဦး ဟာ ပျောက်ကင်းသက်သာသွားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် …… popolay

Post a Comment

Previous Post Next Post