Pomeranian အမျိုးအစား အိမ်မွေးခွေး လေးတစ်ကောင်ဟာ သူ့ပိုင်ရှင်ဖြစ်သူ မှတဆင့် Coronavirus ကူးစက်ခံနေရပြီလို့ သတင်းတွေက ဆိုပါတယ်။ ယခုဆိုရင်တော့ အဆိုပါ ခွေးလေးကို သီးသန့်ထားရှိထားပြီး စောင့် ကြည့်မှုတွေပြုလုပ်နေပါတယ်။ ရောဂါကူးစက်မှုခိုင်လုံမှုက သေချာပီး Coronavirus စစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းတွေအတိုင်းစစ်ဆေးခဲ့တာလို့လည်း ဖော်ပြပါတယ်။

သခင်ဖြစ်သူ ဟောင်ကောင်နိုင်ငံသူဟာ သူမဟာ ရောဂါရှိတာ သေချာပီးနောက် သီးသန့်ခွဲခြားနေထိုင်ဖို့ ညွန်ကြားခံခဲ့ရပါတယ်။ ဒါပေမဲ့ သူမဟာ တစ်ယောက်တည်းမသွားပဲ အိမ်မွေးခွေးလေးကိုပါ ခေါ်ဆောင်သွားခဲ့တာပါ။
လောလောဆယ်မှာတော့ ခွေးလေးမှာ ရောဂာအခြေအနေမပြင်းထန်သေးပဲ စောင့်ကြည့်အနေအထားမှာပဲရှိသေးတာဖြစ်ပါတယ်။

အများနည်းတူ ခွေးလေးကိုလည်း ၁၄ ရက်ထားကာစောင့်ကြည့်မှာဖြစ်ပီး ဟောင်ကောင်မွေးမြူရေး နဲ့ရေလုပ်ငန်း ဌာနကတော့ ” Coronavirus ဟာ အိမ်မွေးခွေးလေးတွေကို ကူးစက်တယ်ဆိုတဲ့ အထောက်အထားတော့ယခင်က မရှိသေးတဲ့အပြင် သူတို့နဲ့အတူ နေထိုင်ခြင်းကတဆင့် ကူးစက်ခံရတာလည်းမတွေ့ ရှိသေးပါဘူး ” လို့ထုတ်ပြန်ပါတယ်။



ဟောင်ကောင် သတင်းဌာန Dimsumdaily ရဲ့ ဖော်ပြချက်အရ အဆိုပါခွေးလေးဟာ ဟောင်ကောင်ရဲ့ ပထမဆုံး စောင့်ကြည့်ခံ အိမ်မွေး ခွေးဖြစ်ပါတယ်။ ပထမဆုံး Coronavirus ကူးစက်ခံရတာလည်း ဖြစ်နေပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပီး အိမ်မွေးခွေးရှိသူတွေ လူအများနဲ့ထိတွေ့ သွားလာပါက အကာအကွယ် တွေဝတ်ဆင်ဖို့ တိုက်တွန်းနေပါပြီ။ ဒါ့အပြင် ခွေးလေးတွေကို သီးသန့်ခွဲထားဖို့တောင် ပြင်ဆင်နေကြပြီလို့ ပြောဆိုမှုတွေလည်း့ရှိနေပါတယ်။

မနေ့က ပဲ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းက Coronavirus ပြန့်နှံ့ မှုဟာ အပြည်ပြည်ဆိုင်ရာ လူထုကျန်းမာရေး အရေးပေါ်အခြေအနေကိုရောက်ရှိနေပြီလို့ တရားဝင်ကြေငြာခဲ့ပါတယ်။ ” အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုကို ကန့်သတ်ဖို့လိုနေပီး အလေးထားစောင့်ကြည့်တိုင်းတာမှုတွေလိုအပ်နေပါပြီလို့လည်းဆိုပါတယ်။ဒါ့အပြင် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ WHO ကချမှတ်တဲ့ စည်းကမ်းတွေကိုလည်းလိုက်နာဖို့လိုအပ်
တယ်လို့” ဆိုပါတယ်။

ယခုဆိုလျှင် ရောဂာပြန့်ပွားမှုနှုန်းဟာ စိုးရိမ်ဖွယ်ဖြစ်နေပြီး အထိတ်တလန့်မဖြစ်ကြဖို့နဲ့ ကာကွယ်ရေးလမ်းစဉ်တွေကို အတိအကျ လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။ WHO က လူတချိ့စာရင်းကို ထုတ်ပြန်ထားပီး သူတို့အနေနဲ့ လူစုလူဝေးကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လူစုလူဝေးရှောင်ရှားပီး ခွဲခြားနေထိုင်ဖို့လိုအပ်သူတွေကတော့
– တရုတ်ပြည်ကို ခရီးသွားခဲ့ဖူးသူတွေ
– အီရန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၉ ရက်နောက်ပိုင်း ခရီးသွားခဲ့ဖူးသူတွေ၊
– ထိုင်း ၊ ဂျပန်၊ ဟောင်ကောင်၊ တိုင်ဝမ်၊ စင်ကာပူ မလေးရှား နိုင်ငံတွေကို လွန်ခဲ့တဲ့ ၁၄ ရက်က သွားရောက်ခဲ့သူတွေ
– အီတလီမြောက်ပိုင်း ၊ ဗီယက်နမ် . လာအို နဲ့မြန်မာ နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၉ ရက်နောက်ပိုင်း ခရီးသွားခဲ့ဖူးသူတွေ၊
– ရောဂာဖြစ်ပွားသူနဲ့ နီးနီးကပ်ကပ်နေထိုင်ခဲ့သူတွေ ပဲဖြစ်ပါတယ်။



အခြားသူများအနေနှင့်တော့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ကိုင်နိုင်ပါတယ်လို့လည်း ဖော်ပြပါတယ်။

Credit ZWP(thelifestylemuanmar)

Post a Comment

Previous Post Next Post