ပဲ ခူးတိုင်းဒေသကြီး ပညာရေးမှူး ဦးစန်းအောင်သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် အခြေခံပညာ အလယ်တန်း Grad-9 နှင့် Grad-5 စာမေးပွဲ မေးခွန်းလွှာများအား လူမှုကွန်ယက် Facebook တွင် စုမြတ်မျိုးအကောင့်ဖြင့် Post တင်ထားမှုအား ၂၆-၂-၂၀၂၀ နေ့တွင် အမှုဖွင့် အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်ထိ စာမေးပွဲမေးခွန်းလွှာများအား ချိတ်ပိတ်၍ လုံခြုံစွာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနများသို့ စနစ်တကျ ဖြန့်ဝေဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် Grad-9 စာမေးပွဲ မြန်မာစာဖြေဆိုသည့်အချိန် မတိုင်မီ (၁)နာရီခန့်အလို စုမြတ်မျိုးအကောင့်ဖြင့် လူမှုကွန်ယက် Facebook ၌ မြန်မာစာမေးခွန်းများအား Post တင်ခဲ့သလို



အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ ဘာသာရပ် မေးခွန်းများအား စာမေးပွဲ မဖြေဆိုမီ ပညာရေး-ပဲခူးတိုင်းဒေသကြီး Facebook အကောင့်မှ ဖြန့်ဝေခဲ့သည်ကို တွေ့ရှိရ၍ စာမေးပွဲမေးခွန်းများအား ပေါက်ကြားအောင် ပြုလုပ်သူများ၊ စုမြတ်မျိုးအကောင့်နှင့် ပညာရေး-ပဲခူးတိုင်းဒေသကြီး အကောင့် သုံးစွဲသူများအား ဥပဒေအရ စုံစမ်း အရေးယူပေးပါရန် တိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းပညာရေးမှူး တိုင်ကြားမှုနှင့်ပတ်သက်၍ ပဲခူးမြို့၊ မြို့မရဲစခန်းမှ (ပ)၅၄၅/၂၀၂၀ ဆက်သွယ်ရေးဥပဒေ ပုဒ်မ၊ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Credit Ko Thant Zin (shwewiki)

Post a Comment

Previous Post Next Post