က်ပ္သိန္းတစ္ေသာင္းခြဲ ထီဆု မနၱေလးမွ တြန္းလွည္းျဖင့္ ထီေရာင္းသူ ဆြတ္ခူး

က်ပ္သိန္းတစ္ေသာင္းခြဲ ထီဆုကို မနၱေလးျမိဳ႔မွ တြန္းလွည္းျဖင့္ ထီေရာင္းသူတစ္ဦးက ဆြတ္ခူးသြားေၾကာင္း သတင္းရရွိသည္။

ေရာင္းမကုန္သည့္ ထီလက္က်န္ (၁၀)ေစာင္တြဲမွ က်ပ္သိန္းတစ္ေသာင္းခြဲ ထီဆု ဆြတ္ခူးျခင္း ျဖစ္သည္ဟု ထီေပါက္သူ မေအးခိုင္က Mandalay In-depth News အား ေျပာသည္။



“မီးခိုးတိတ္ အလွဴေပးမယ္။ အိမ္ပိုင္၀င္းပိုင္ေလး ၀ယ္မယ္”ဟု မေအးခိုင္က ေျပာသည္။

ယေန႔ မတ္လ(၁)ရက္တြင္ ဖြင့္လွစ္သည့္ (၁၃)ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္တစ္ေထာင္တန္ ထီ၏ အျမင့္ဆုံးဆုျဖစ္သည့္ က်ပ္သိန္းတစ္ေသာင္းခြဲဆု ေပါက္မဲနံပါတ္မွာ ဠ ၂၇၇၄၆၅ ျဖစ္သည္။


အဆိုပါ ေပါက္မဲထီလက္မွတ္ကို တြန္းလွည္းျဖင့္ ထီလွည့္လည္ေရာင္းခ်သူ ကိုေအးမင္းထြန္းႏွင့္ မေအးခိုင္မိသားစုက ထီလက္က်န္ (၁၀)ေစာင္တြဲမွ ဆြတ္ခူးျခင္းျဖစ္သည္။

၄င္းတို႔မိသားစုမွာ ျပည္ျမိဳ႔ေဒသမွ ျဖစ္ျပီး မႏၱေလးျမိဳ႔တြင္ အိမ္ငွားေနထိုင္ကာ တြန္းလွည္းျဖင့္ ထီေရာင္းေၾကာင္း၊ က်ပ္သိန္းတစ္ေသာင္းခြဲထီဆု ဆြတ္ခူးသည့္ ေပါက္မဲလက္မွတ္မွာ ေရာင္းမကုန္သျဖင့္ ရယူလိုက္ရာမွ ယခုကဲ့သို႔ ထီေပါက္ျခင္းျဖစ္သည္ဟု အသက္(၄၀)၀န္းက်င္အရြယ္ မေအးခိုင္က ေျပာသည္။

ပင္ရင္းထီဆိုင္မွာ ျငိမ္းခ်မ္းေရးႏွင့္ ကမၻာေက်ာ္ထီဆိုင္ျဖစ္သည္ဟု မေအးခိုင္က အား ေျပာပါသည္

သိန္းတစ္ေသာင္းဆုကို ျဖင့္ ေနျပည္ေတာ္မွဆြတ္ခူးရရွိ


တစ္ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္တုန္းကလည္း ေနျပည္ေတာ္မွေတာင္နီေလးဆရာေတာ္က သိန္းေပါင္းတစ္ေသာင္းခြဲအျမင့္ဆုံးဆုကို ဆြတ္ခူးရရွိခဲ့ၿပီး …

အခု ၁၃ႀကိမ္ေျမာက္ ေအာင္ဘာေလထီ သိန္းတစ္ေသာင္းဆု ဒုတိယအျမင့္ဆုံးဆုႀကီးကိုေတာ့ ေနျပည္ေတာ္ကဘဲ ထပ္မွန္ဆြတ္ခူးရရွိခဲ့တာျဖစ္ပါတယ္ …



ေနျပည္ေတာ္မွာ ကံထူးသြားတဲ့ဆုႀကီးႏွစ္ခုစလုံးဟာ လက္က်န္ထီေတြထဲကေနဘဲ ေပါက္မဲနာပါတ္ ‌ေတြရရွိသြားၾကတာပါ ….

အခု သိန္းတစ္ေသာင္းဆုကိုဆြတ္ခူးရရွိတဲ့ မိသားစုေလးကေတာ့ ေနျပည္ေတာ္ၿမိဳ့မေဈးမွ ထီေရာင္းသူ ကိုခိုင္စိုးသူ(၂၈)ႏွစ္ႏွင့္ဇနီးမဇာဇာၿဖိဳး(၂၇)ႏွစ္ သားျမင့္ျမတ္ေအာင္ (၁ႏွစ္ခြဲ)မိသားစုတို့ကထီေရာင္းရင္း လက္က်န္ထီထဲကမွသုံးေစာင္တြဲ ဠ ၁၀၆၈၉၆ နဲ႔ဆြတ္ခူးရရွိသြားခဲ့ၾကတာပါ…

၂၀၁၀ခုႏွစ္ကတည္းက လက္လုပ္လက္စားဘ၀နဲ႔ေနျပည္ေတာ္ကို ေရာက္ရွိလာခဲ့ၾကတဲ့ ကိုခိုင္စိုးသူနဲ႔မဇာဇာစိုးတို့ဟာ ၂၀၁၂ခုႏွစ္မွာေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့ၾကၿပီး …..

ရည္းစားဘ၀ကေန အခုလင္မယားဘ၀အထိ အိမ္ငွားေနထိုင္ၿပီး ငတ္တစ္လွည့္ျပတ္တလွည့္နဲ႔႐ုန္းကန္လာခဲ့ၾကရင္း အခုသားေလး ျမင့္ျမတ္ေအာင္ေမြးဖြားၿပီးေနာက္ပိုင္း…..

ေဈးေရာင္းရတာေလးအဆင္ေျပလာေၾကာင္းနဲ႔ထီဆိုရင္အနိမ့္ဆုံးငါးေသာင္းဆုေတာင္ မေပါက္ဖူးေၾကာင္းအယုံအၾကည္လည္းမရွိခဲ့ဘူးလို့ဆိုပါတယ္…

ဒီဇနီးေမာင္ႏွံဟာေနျပည္ေတာ္ရွိ ပရဟိတအသင္းမ်ားမွာလည္းကာယအားသုံးၿပီး တစ္တပ္တစ္အားပါ၀င္ကူညီလ်က္ရွိသလိုဘာသာေရးနဲ႔ပက္သက္လာရင္လည္း….

ဘုန္းႀကီးေက်ာင္းေတြမွ ကုဋီေဆးတာအဆုံးဘုန္းႀကီးခိုင္းသမၽွ မညီးမညဴလုပ္ေပးေလ့ရွိၿပီး မရွိရွိတဲ့ၾကားကအေဝးမွ မိဘေတြကိုလည္းမၾကာခဏေထာက္ပံ့ေလ့ရွိတယ္လို့ဆိုပါတယ္….

အခုေလာေလာဆယ္ေတာ့အလြန္ဘဲေပ်ာ္ရႊင္ေနၿပီး ၎အသင္း၀င္ထားတဲ့ပရဟိတအသင္းမွာကားေလးတစ္စီးလိုအပ္ေနတာေၾကာင့္ အရင္ဆုံးလွူဒါန္းသြားဖို့ရွိၿပီး က်န္တဲ့အစီအစဥ္ေတြကိုေတာ့ ဘာမွမစီစဥ္ထားေသးဘူးလို့သိရပါတယ္…..

ပတ္၀န္းက်င္မွ ေဆြမ်ိဳးအေပါင္းအသင္းမိတ္ေဆြမ်ားကလည္း သူတို့မိသားစုအတြက္အလြန္တစ္ရာ၀မ္းသာဂုဏ္ယူလ်က္ရွိၾကပါတယ္ရွင္…..။

မူရင္းအားေလးစာစြာျဖင့္

Unicode

ကျပ်သိန်းတစ်သောင်းခွဲ ထီဆု မန္တလေးမှ တွန်းလှည်းဖြင့် ထီရောင်းသူ ဆွတ်ခူး

ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကို မန္တလေးမြို့မှ တွန်းလှည်းဖြင့် ထီရောင်းသူတစ်ဦးက ဆွတ်ခူးသွားကြောင်း သတင်းရရှိသည်။

ရောင်းမကုန်သည့် ထီလက်ကျန် (၁၀)စောင်တွဲမှ ကျပ်သိန်းတစ်သောင်းခွဲ ထီဆု ဆွတ်ခူးခြင်း ဖြစ်သည်ဟု ထီပေါက်သူ မအေးခိုင်က Mandalay In-depth News အား ပြောသည်။

“မီးခိုးတိတ် အလှူပေးမယ်။ အိမ်ပိုင်ဝင်းပိုင်လေး ဝယ်မယ်”ဟု မအေးခိုင်က ပြောသည်။

ယနေ့ မတ်လ(၁)ရက်တွင် ဖွင့်လှစ်သည့် (၁၃)ကြိမ်မြောက် အောင်ဘာလေ ကျပ်တစ်ထောင်တန် ထီ၏ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းတစ်သောင်းခွဲဆု ပေါက်မဲနံပါတ်မှာ ဠ ၂၇၇၄၆၅ ဖြစ်သည်။

အဆိုပါ ပေါက်မဲထီလက်မှတ်ကို တွန်းလှည်းဖြင့် ထီလှည့်လည်ရောင်းချသူ ကိုအေးမင်းထွန်းနှင့် မအေးခိုင်မိသားစုက ထီလက်ကျန် (၁၀)စောင်တွဲမှ ဆွတ်ခူးခြင်းဖြစ်သည်။

၎င်းတို့မိသားစုမှာ ပြည်မြို့ဒေသမှ ဖြစ်ပြီး မန္တလေးမြို့တွင် အိမ်ငှားနေထိုင်ကာ တွန်းလှည်းဖြင့် ထီရောင်းကြောင်း၊ ကျပ်သိန်းတစ်သောင်းခွဲထီဆု ဆွတ်ခူးသည့် ပေါက်မဲလက်မှတ်မှာ ရောင်းမကုန်သဖြင့် ရယူလိုက်ရာမှ ယခုကဲ့သို့ ထီပေါက်ခြင်းဖြစ်သည်ဟု အသက်(၄၀)ဝန်းကျင်အရွယ် မအေးခိုင်က ပြောသည်။

ပင်ရင်းထီဆိုင်မှာ ငြိမ်းချမ်းရေးနှင့် ကမ္ဘာကျော်ထီဆိုင်ဖြစ်သည်ဟု မအေးခိုင်က အား ပြောပါသည်

သိန်းတစ်သောင်းဆုကို ဖြင့် နေပြည်တော်မှဆွတ်ခူးရရှိ

တစ်ကြိမ်မြောက် အောင်ဘာလေထီဖွင့်တုန်းကလည်း နေပြည်တော်မှတောင်နီလေးဆရာတော်က သိန်းပေါင်းတစ်သောင်းခွဲအမြင့်ဆုံးဆုကို ဆွတ်ခူးရရှိခဲ့ပြီး …

အခု ၁၃ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်သောင်းဆု ဒုတိယအမြင့်ဆုံးဆုကြီးကိုတော့ နေပြည်တော်ကဘဲ ထပ်မှန်ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ် …

နေပြည်တော်မှာ ကံထူးသွားတဲ့ဆုကြီးနှစ်ခုစလုံးဟာ လက်ကျန်ထီတွေထဲကနေဘဲ ပေါက်မဲနာပါတ် ‌တွေရရှိသွားကြတာပါ ….

အခု သိန်းတစ်သောင်းဆုကိုဆွတ်ခူးရရှိတဲ့ မိသားစုလေးကတော့ နေပြည်တော်မြို့မဈေးမှ ထီရောင်းသူ ကိုခိုင်စိုးသူ(၂၈)နှစ်နှင့်ဇနီးမဇာဇာဖြိုး(၂၇)နှစ် သားမြင့်မြတ်အောင် (၁နှစ်ခွဲ)မိသားစုတို့ကထီရောင်းရင်း လက်ကျန်ထီထဲကမှသုံးစောင်တွဲ ဠ ၁၀၆၈၉၆ နဲ့ဆွတ်ခူးရရှိသွားခဲ့ကြတာပါ…

၂၀၁၀ခုနှစ်ကတည်းက လက်လုပ်လက်စားဘဝနဲ့နေပြည်တော်ကို ရောက်ရှိလာခဲ့ကြတဲ့ ကိုခိုင်စိုးသူနဲ့မဇာဇာစိုးတို့ဟာ ၂၀၁၂ခုနှစ်မှာတွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး …..

ရည်းစားဘဝကနေ အခုလင်မယားဘဝအထိ အိမ်ငှားနေထိုင်ပြီး ငတ်တစ်လှည့်ပြတ်တလှည့်နဲ့ရုန်းကန်လာခဲ့ကြရင်း အခုသားလေး မြင့်မြတ်အောင်မွေးဖွားပြီးနောက်ပိုင်း…..

ဈေးရောင်းရတာလေးအဆင်ပြေလာကြောင်းနဲ့ထီဆိုရင်အနိမ့်ဆုံးငါးသောင်းဆုတောင် မပေါက်ဖူးကြောင်းအယုံအကြည်လည်းမရှိခဲ့ဘူးလို့ဆိုပါတယ်…

ဒီဇနီးမောင်နှံဟာနေပြည်တော်ရှိ ပရဟိတအသင်းများမှာလည်းကာယအားသုံးပြီး တစ်တပ်တစ်အားပါဝင်ကူညီလျက်ရှိသလိုဘာသာရေးနဲ့ပက်သက်လာရင်လည်း….

ဘုန်းကြီးကျောင်းတွေမှ ကုဋီဆေးတာအဆုံးဘုန်းကြီးခိုင်းသမျှ မညီးမညူလုပ်ပေးလေ့ရှိပြီး မရှိရှိတဲ့ကြားကအဝေးမှ မိဘတွေကိုလည်းမကြာခဏထောက်ပံ့လေ့ရှိတယ်လို့ဆိုပါတယ်….

အခုလောလောဆယ်တော့အလွန်ဘဲပျော်ရွှင်နေပြီး ၎င်းအသင်းဝင်ထားတဲ့ပရဟိတအသင်းမှာကားလေးတစ်စီးလိုအပ်နေတာကြောင့် အရင်ဆုံးလှူဒါန်းသွားဖို့ရှိပြီး ကျန်တဲ့အစီအစဉ်တွေကိုတော့ ဘာမှမစီစဉ်ထားသေးဘူးလို့သိရပါတယ်…..

ပတ်ဝန်းကျင်မှ ဆွေမျိုးအပေါင်းအသင်းမိတ်ဆွေများကလည်း သူတို့မိသားစုအတွက်အလွန်တစ်ရာဝမ်းသာဂုဏ်ယူလျက်ရှိကြပါတယ်ရှင်…..။

မူရင်းအားလေးစာစွာဖြင့်

Post a Comment

Previous Post Next Post