Unicode
အခုလိုပွဲတော်ပိတ်ချိန်မတိုင်ခင် ပိတ်တာမလုပ်ချင်ပေမယ့် ကြိုတင်ကာကွယ်မှုအနေနဲ့ လုပ်ဆောင်ရတာ ဖြစ်တယ် လို့ဆိုပါတယ်။ အဲဒီလိုပိတ်သိမ်းလိုက်ရတာကြောင့် လုပ်ငန်းရှင်တွေအတွက် နစ်နာမှု နည်းနိုင်သမျှ နည်းအောင် အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းရှင်တွေနဲ့ ဂေါပကအဖွဲ့ကြား ညှိနှိုင်းမှုတွေလုပ်ဆောင်ပေးသွားမယ်လို့ မကွေးတိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်ကပြောပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ မန်းသောင်ပြင်ရှိ လုပ်ငန်းရှင်နဲ့ စျေးသည်တွေက နစ်နာဆုံးရှုံးမှုများတဲ့အခြေအနေတွေကို လည်းတင်ပြခဲ့ကြပါတယ်။ နစ်နာဆုံးရှုံးမှုတွေဖာထေးနိုင်ဖို့အတွက် လုပ်ငန်းလုပ်ကိုင်ဖို့ တင်ဒါအဖြစ်သွင်းထားတဲ့ ဘဏ္ဍာငွေကနေ (၇၅)ရာခိုင်နှုန်းပြန်ရလိုပြီး နောင်နှစ်ဘုရားပွဲတော်ချိန်မှာလည်း အခုနှစ်ရရှိထားတဲ့ လုပ်ငန်း နေရာအတိုင်း ဦးစားပေးအဖြစ် ပြန်လည်နေရာချထားပေးစေလိုတယ်လို့ လုပ်ငန်းရှင်တွေကတင်ပြခဲ့ပါတယ်။
ဒီနှစ်မန်းရွှေစက်တော်ဘုရားပွဲတော်မှာ တည်းကျောင်းလုပ်ငန်းရှင် အယောက်(၁၀၀)ကျော်၊ ပျံကျလုပ်ငန်းရှင် အယောက်(၂၄၀)ကျော်၊ စျေးဆိုင်ခန်းနဲ့ ရောင်းချသူ(၁၀၀၀)ကျော် ၊ ရေချမ်းစင် ၊ ညောင်ထောက်၊ ကန်တော့ပွဲ၊ ဖိနပ်ထိန်း၊ ရေစီးဘော ၊ သန့်စင်ခန်း ၊ ဓာတ်ပုံ စတဲ့လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း (၃၈)ယောက်နဲ့ ရေနွေးချမ်း ရောင်းသူ ၊ အသုပ်ရောင်းသူ စတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ အများအပြားမှီခိုလုပ်ကိုင်ကြတာပါ။ လုပ်ငန်းရှင်တွေနဲ့ မန်းရွှေစက်တော်ဂေါပကအဖွဲ့ကြား နစ်နာကြေးပြန်လည်ပေးအပ်မယ့် ပမာဏကိုတော့ မတ်(၁၆)ရက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ မန်းရွှေတော်ဘုရားပွဲတော်ကို ရက်ပေါင်း (၈၀)ကြာကျင်းပတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကာကွယ်မှုအနေနဲ့ ပွဲတော်ကာလ (၄)ရက်မြောက်နေ့မှာပဲပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။
သတင်း-စိုးစိုးဦး၊သက်ခိုင်မိုး/one news
Zawgyi
မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းလိုက်ရတာကြောင့် လုပ်ငန်းရှင်တွေ မနစ်နာစေဖို့အတွက် ညှိနှိုင်းဆွေးနွေး နေတယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်ကပြော ပါတယ်။ မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းဖို့အတွက် မတ်(၁၃)ရက် မနက်ပိုင်းက မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်မှာပြုလုပ်တဲ့ သြဝါဒဆရာတော်ကြီးတွေ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ဈေးသည်တွေ တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာပြောကြားခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါအဖြစ် ထုတ်ပြန်လိုက်ပြီးနောက် ကြိုတင်ကာကွယ်မှုအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က မတ်(၁၂)ရက်ကပြုလုပ်တဲ့အစည်းအဝေးမှာ “မည်သည့်ပွဲ လမ်းသဘင်မျိုးကိုမှ ခွင့်မပြုဘူး”ဆိုတဲ့ ညွှန်ကြားချက်ကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် မတ်(၁၃) ရက်ကစပြီး မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပိတ်သိမ်းလိုက်တာပါ။
Post a Comment
Previous Post Next Post