Unicode ျဖင့္ဖက္ရန္

တန့်ဆည် မြို့နယ်ထဲမှာ နှမျောစရာ အကောင်းဆုံးကတော့ တရုတ် ဖရဲခင်းတွေပါ…..

ဝူဟန် ရောဂါပိုးကြောင့် ဖရဲလာစိုက်တဲ့ တရုတ်တွေပြည်ကြီးပြန်ပြေးကြပြီ… ဖရဲသီးတွေ တရုတ်ပြည် ပို့လည်း ဟိုမှာ ဝယ်စားမဲ့ သူ မရှိတော့ဘူး တဲ့အဲ့ဒီတော့ ဆက်ပြီး အရင်းမထည့်တော့ပဲ ဖရဲခင်းတွေ ဒီအတိုင်းထားပြီး ပြန်ကြပြီ.။ဘာ ဗီဇာနဲ့ လာကြလဲတော့ မသိပါဘူး။



ဖရဲခင်းကြီးတွေက တစ်ကွင်း တစ်ကွင်းကို ဧက ၅၀ ကျော်ရှိတယ်… အဲ့လို ကွင်းပေါင်းက ရာနဲ့ချီ…အခုတော့ နွားစားကျက်တွေ ဖြစ်ကုန်ပြီ…နီးစပ်ရာ ရွာသားတွေက ရေပေးတဲ့ ပလပ်စတစ်ပိုက်တွေကို နှုတ်ပြီး ပိသာချိန်နဲ့ ရောင်းစား ကြတယ်… ။
ကိုယ်တွေက နှမျောလို့

“တရုတ်တွေ ပြန်သွားတော့ဗျာ ကျေးရွာကတာဝန်ရှိသူတွေ ဦးဆောင်ပြီး အခင်းတွေကို ရေတွေသွင်း ပေါင်းမြတ်တွေ ရှင်းထား၊ အသီးကြီးလာရင် ကျနော်တို့ ပြည်တွင်းစားဖို့ ရောင်း၊ပိုမကောင်းဘူးလား” ဆိုတော့…

“မရဘူး အကို…တရုတ်တွေက လူလည်တွေ စိုက်၊ ပေါင်းရှင်း၊ ဆေးဖြန်းသာ မြန်မာတွေ ခိုင်းတာ ဆေး စပ်နည်းတွေ တခြားနည်းစနစ်တွေ ကို ဘယ်သူ့မှ မပြဘူး

အခု ကြည့်လေ… အလုံးတွေ ထက်ခြမ်းကွဲ နေတာသာ ကြည့်… အခု အချိန်က အလုံးမကွဲ ဆေးဖြန်းရမှာ ဆွတ်ချိန်ကလည်း တန်နေပြီ ဆေးမဖြန်း ဆွတ်ချိန်တန် မဆွတ်တော့ အကုန်ကွဲ ပဲ……”

ပိုပြီး အံ့သြဖို့ ကောင်းတာက…

” ခင်ဗျား အခု အခင်းထဲက ကြိုက်တဲ့ အလုံးခူးစား မချိုစေရဘူး..တရုတ်တွေက ဖရဲ ဆွတ်ကာနီး တစ်ပတ်အလိုမှ ချိုတဲ့ ဆေးဖြန်းတာ… အဲ့ဒီတော့မှ ဖရဲသီးတွေက ချိုသွားရော….” တဲ့

ဟုတ်တယ် စားကြည့်တော့ တကယ်လည်း မချိုဘူး။

ဖရဲခင်းကြောင့် ပျက်သွားတဲ့ တောတွေ၊မြေတစ်နေရာမှာ နှစ်နှစ်စာပဲငှါးပြီး ဆက်မလုပ်၊ဆေးတွေရဲ့ ဓါတ်ကြွင်းကြောင့် ပျက်စီးသွားမဲ့ မြေဆီလွှာတွေ၊ စိုက်ခင်းထဲမှာ ကျန်ရစ်ခဲ့တဲ့ပလပ်စတစ် အစတွေ ဘယ်လောက်များရှိမလဲ…… မသိတော့ပါဘူး…။ တစ်နှစ် မြေငှါးရမ်းခ တစ်ဧက ၃၅၀၀၀၀ နဲ့တန် ရဲ့ လား…..

ဘယ်ဘက်က ကြည့်ကြည့် မိအေးတို့ကတော့နာမွဲ နာဆဲ ပါပဲ….။

ရေးသားတင်ပြသူ-Min Yar

Zawgyi ျဖင့္ဖက္ရန္

တန္႔ဆည္ ၿမိဳ႕နယ္ထဲမွာ ႏွေမ်ာစရာ အေကာင္းဆုံးကေတာ့ တ႐ုတ္ ဖရဲခင္းေတြပါ…..

ဝူဟန္ ေရာဂါပိုးေၾကာင့္ ဖရဲလာစိုက္တဲ့ တ႐ုတ္ေတြျပည္ႀကီးျပန္ေျပးၾကၿပီ… ဖရဲသီးေတြ တ႐ုတ္ျပည္ ပို႔လည္း ဟိုမွာ ဝယ္စားမဲ့ သူ မရွိေတာ့ဘူး တဲ့အဲ့ဒီေတာ့ ဆက္ၿပီး အရင္းမထည့္ေတာ့ပဲ ဖရဲခင္းေတြ ဒီအတိုင္းထားၿပီး ျပန္ၾကၿပီ.။ဘာ ဗီဇာနဲ႔ လာၾကလဲေတာ့ မသိပါဘူး။

ဖရဲခင္းႀကီးေတြက တစ္ကြင္း တစ္ကြင္းကို ဧက ၅၀ ေက်ာ္ရွိတယ္… အဲ့လို ကြင္းေပါင္းက ရာနဲ႔ခ်ီ…အခုေတာ့ ႏြားစားက်က္ေတြ ျဖစ္ကုန္ၿပီ…နီးစပ္ရာ ႐ြာသားေတြက ေရေပးတဲ့ ပလပ္စတစ္ပိုက္ေတြကို ႏႈတ္ၿပီး ပိသာခ်ိန္နဲ႔ ေရာင္းစား ၾကတယ္… ။
ကိုယ္ေတြက ႏွေမ်ာလို႔

“တ႐ုတ္ေတြ ျပန္သြားေတာ့ဗ်ာ ေက်း႐ြာကတာဝန္ရွိသူေတြ ဦးေဆာင္ၿပီး အခင္းေတြကို ေရေတြသြင္း ေပါင္းျမတ္ေတြ ရွင္းထား၊ အသီးႀကီးလာရင္ က်ေနာ္တို႔ ျပည္တြင္းစားဖို႔ ေရာင္း၊ပိုမေကာင္းဘူးလား” ဆိုေတာ့…

“မရဘူး အကို…တ႐ုတ္ေတြက လူလည္ေတြ စိုက္၊ ေပါင္းရွင္း၊ ေဆးျဖန္းသာ ျမန္မာေတြ ခိုင္းတာ ေဆး စပ္နည္းေတြ တျခားနည္းစနစ္ေတြ ကို ဘယ္သူ႔မွ မျပဘူး

အခု ၾကည့္ေလ… အလုံးေတြ ထက္ျခမ္းကြဲ ေနတာသာ ၾကည့္… အခု အခ်ိန္က အလုံးမကြဲ ေဆးျဖန္းရမွာ ဆြတ္ခ်ိန္ကလည္း တန္ေနၿပီ ေဆးမျဖန္း ဆြတ္ခ်ိန္တန္ မဆြတ္ေတာ့ အကုန္ကြဲ ပဲ……”

ပိုၿပီး အံ့ၾသဖို႔ ေကာင္းတာက…

” ခင္ဗ်ား အခု အခင္းထဲက ႀကိဳက္တဲ့ အလုံးခူးစား မခ်ိဳေစရဘူး..တ႐ုတ္ေတြက ဖရဲ ဆြတ္ကာနီး တစ္ပတ္အလိုမွ ခ်ိဳတဲ့ ေဆးျဖန္းတာ… အဲ့ဒီေတာ့မွ ဖရဲသီးေတြက ခ်ိဳသြားေရာ….” တဲ့

ဟုတ္တယ္ စားၾကည့္ေတာ့ တကယ္လည္း မခ်ိဳဘူး။

ဖရဲခင္းေၾကာင့္ ပ်က္သြားတဲ့ ေတာေတြ၊ေျမတစ္ေနရာမွာ ႏွစ္ႏွစ္စာပဲငွါးၿပီး ဆက္မလုပ္၊ေဆးေတြရဲ႕ ဓါတ္ႂကြင္းေၾကာင့္ ပ်က္စီးသြားမဲ့ ေျမဆီလႊာေတြ၊ စိုက္ခင္းထဲမွာ က်န္ရစ္ခဲ့တဲ့ပလပ္စတစ္ အစေတြ ဘယ္ေလာက္မ်ားရွိမလဲ…… မသိေတာ့ပါဘူး…။ တစ္ႏွစ္ ေျမငွါးရမ္းခ တစ္ဧက ၃၅၀၀၀၀ နဲ႔တန္ ရဲ႕ လား…..

ဘယ္ဘက္က ၾကည့္ၾကည့္ မိေအးတို႔ကေတာ့နာမြဲ နာဆဲ ပါပဲ….။

ေရးသားတင္ျပသူ-Min Yar

Post a Comment

Previous Post Next Post