ချစ်ခင်လေးစားရပါသော ရပ်နီး ရပ်ဝေး မိတ်ဆွေ သူငယ်ချင်းများ နှင့် ဆွေမျိုးများအာလုံးသို့-

Covid-19 မှ ကွင်းလုံးကျွတ် လွှတ်မြောက်လာခြင်းပါ။

တိုတိုတုတ်တုတ်ပဲ ရေးပါမယ်။

ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ အမျိုးသမီး ဟာ Hawaii နဲ့ Canada နိုင်ငံကို ၃ ပါတ်အတွင်း အလုပ်ခရီးစဉ်ကြောင့် ရောက်ရှိခဲ့ပါတယ်။

နောက်ဆုံးခရီးဖြစ်တဲ့ ကနေဒါနိုင်ငံမှ နယူးယောက်မြို့ကို ပြန်ရောက်တဲ့နေ့မှာ (၁၄) ရက်နေ့ပြည့်တော့ အမျိုးသမီးဟာ အပူချိန်အရမ်းမြင့်လာပါတယ်။ ချောင်းမဆိုးဘူး၊ နှာမချေဘူး၊ လည်ချောင်းမနာဘူး၊ ခေါင်းကိုက်တယ်၊ ခါးနာတယ် ၊အသက်ရှူတာ နဲနဲကျပ်လာတယ် ဒါပဲရှိတယ်။

ဒါနဲ့ ညတွင်းချင်း အမျိုးသမီးကို အိမ်နားက ဆေးရုံကြီးမှာ ER ကို ချက်ချင်းပို့လိုက်ပါတယ်။

အမျိုးသမီးက ကျောက်ကပ်အခံရှိလို့ အဲဒီရောဂါများပြန်ထလာပြီလားဆိုတာပဲ Covid-19 ဖြစ်မယ်ဆိုတာ မတွေးမိခဲ့ဘူး။

အမျိုးသမီးဆေးရုံရောက်သွားတော့ ကျွန်တော့်မှာလည်း အပူချိန် ၁၀၀ ကျော်စဖြစ်လာပါတယ်။ အိမ်သားအားလုံးကို Safe-Isolation နေခိုင်းတယ်။ လက်မှန်မှန်ဆေးခိုင်းတယ်။ Vitamin C သောက်ခိုင်းတယ်။

ဒါနဲ့ Mount Sinai Hospital ကို သွားပြီးစစ်တယ်။ နောက်နေ့ရောက်တော့ ဆေးရုံကဖုန်းခေါ်လာပါတယ်။ မင်းမှာ Covid-19 positive တဲ့။ ဆေးရုံကို မတက်ခိုင်းဘူး။ အဖျားကျဆေးကို (၄) နာရီ တစ်ခါခြားပဲ သောက်ခိုင်းပါတယ်။ အသက်ရှူခက်ခဲမှ လာပါတဲ့။

ဒါနဲ့ အမျိုးသမီးရဲ့ဆရာဝန်ဆီဖုန်းဆက်တော့ ချက်ချင်းပဲ စားဆေး (၂)မျိုး ထုတ်ပေးပြီး (၅)ရက် ပြီးအောင်သောက်ခိုင်းတယ်။

(၁) Azithromycin Tablets, USP 250 mg
(၂) Hydroxychloroquine

(ဒေါက်တာ လက်မှတ်နဲ့ Insurance approved ရမှ ဆေးဝယ်လို့ ရပါတယ် ဒီအတိုင်း ဝယ်လို့ မရပါ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း လုပ်ပါ လို့ သတိပေးပါရစေ)



ပထမနေ့မှာ မနက်ပိုင်းကို အစာစားပြီး အဲဒီဆေးတစ်လုံစီကို စုစုပေါင်း၂လုံး တပြိုင်ထဲ သောက်ရပါတယ်။ ပထမနေ့ ညနေပိုင်းရောက်တော့ အစာစားပြီး နောက်ထပ် အဲဒီအတိုင်းပဲ သောက်ပါတယ်။

ဒုတိယနေ့မှာ မနက်ပိုင်း အစာစားပြီး ဆေးကို ပထမနေ့ အညွှန်းအတိုင်း ပဲ သောက်ပါတယ်။ ညနေပိုင်းမှာ တော့ အစာစားပြီး Hydroxychloroquine တစ်လုံးပဲ ထပ်သောက်ပါတယ်။

အဲဒီဆေးညွှန်းအတိုင်းပဲ တတိယနေ့ စတုတ္ထနေ့ ပဉ္စမနေ့ ဆက်သောက်ပါတယ်။

တတိယနေ့မှာ ဆေးနဲ့ ဗိုင်းရပ်စ် နဲ့ ကိုယ်ခံအားနဲ့ အစွမ်းပြသွားတာ လုံးဝကို ငရဲပြည်မှာ စစ်ပွဲ ဖြစ်သလိုပါပဲ။ အဖျားတွေ အရမ်းတက် ချွေးတွေ အရမ်းထွက် အိမ်မက်ဆိုးတွေမက် virus က သူစပြီး အားနည်းနေပြီသိနေသလားမသိဘူး အိမ်မက်ထဲမှာ လှောင်ပြောင်ပြီး ထွက်ပြေးလိုက် ဟားတိုက်လိုက်နဲ့ ပေါ့။

အဖျားအရမ်းတက်ချိန်မှာ အဖျားကျဆေး Tylenol နဲ့ Motrin ဆေးကို Alternate လုပ်ပြီး သောက်ပါတယ်။

စတုတ္ထနေ့ရောက်ရောချွေးတွေ ခဏ ခဏ ထွက်တယ်။ အိပ်လို့တော့ ကောင်းကောင်းမရသေးဘူး။ အိမ်မက်ဆိုးတော့ လုံးဝ မရှိတော့ပါဘူး။ အဲဒီနေ့ပဲ အမျိုးသမီးကို Manhattan York Ave မှာရှိတဲ့ Cornell Hospital ကို Transferred လုပ်သွားဆိုတဲ့ အကြောင်း ဆေးရုံက အကြောင်းကြားလာပါတယ်။ အစစ အရာရာ ပိုပြီး ပြည့်စုံတဲ့ ဆေးရုံကြီးမို့ စိတ်အေးရပါတယ်။

ဒါနဲ့ ကျွန်တော့ဆရာဝန်က ကိုစိုင်း ခင်ဗျားလည်း မနန်းအခုတက်တဲ့ ဆေးရုံကို ချက်ချင်း သွားပြီး စစ်လိုက်ပါ။ ဆေးရုံတက်ရရင်လည်း မနန်းနဲ့ဆေးရုံတရုံထဲ ဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့တဲ့။

အဲဒါနဲ့ ဆိုင်းမဆင့် ဗုံမဆင့် Cornell Hospital က ED ရောက်သွားတော့ အပူချိန်တိုင်းတယ် သွေးပေါင်ချိန်တိုင်းတယ် ကိုယ်အလေးချိန်တိုင်းတယ် အသဲ အဆုတ် လည်ပြွန် X-Ray လုပ်ပေးတယ် Walking Exercise Test လုပ်ပေးတယ်။

(၂) နာရီလောက်ကြာတော့ တာဝန်ရှိဆရာဝန် အခန်းထဲကို ရောက်လာပါတယ်။ Test results အားလုံးကောင်းတယ်။ ဆေးရုံတက် စရာမလိုဘူးတဲ့။ အဖျားကျဆေးပဲ (၄) နာရီ တခါခြား သောက်ခိုင်းတယ်။ Vitamin C 1000mg မနက်တလုံး ညနေတလုံး သောက်ခိုင်းတယ်။ ကြက်စွပ်ပြုပ်ရည်များများသောက်ခိုင်းတယ်။

အဖျားအရမ်းမြင့်နေရင် အသက်ရှူတာ ခက်ခဲလာပြီဆိုရင် ဆေးရုံက ER ကို ချက်ချင်းပြန်လာပါတဲ့။

ဒါပေမဲ့ ကိုယ့်ဆရာဝန်ပေးထားတဲ့ ဆေးကိုတော့ ဆက်သောက်ပါတဲ့။

ပဉ္စမနေ့ နောက်ဆုံးနေ့မှာ အဖျားမရှိတော့ပါဘူး။ ဆက်ပြီးတော့ အပူချိန်တိုင်းကြည့်တော့ အခု ဆေး Doses ပြီးလို့ (၅) ရက် ရောက်နေပေမဲ့လည်း အဖျားလုံးဝ မရှိတော့ပါဘူး။

ဒါပေမဲ့ အမျိုးသမီးက ကိုယ်ခံအားနည်း နေလို့ တော်တော်ခံနေရပါတယ်။ သွေးသွင်းရပါတယ်။ Ventilator ပေးနေရပါတယ်။ သူအမြန်ဆုံး နေကောင်းအောင် ဆုတောင်းပေးကြပါနော်။

နေမကောင်းတဲ့ အချိန်တော အတွင်းမှာ Safe-Isolation အတော အတွင်းမှာ စိတ်မကောင်းစရာ သတင်းတွေ လုံးဝ မဖတ် မကြည့်တာ အကောင်းဆုံးပါ။

စိတ်ချမ်းသာသော သီချင်းများ နားထောင်ပေးပါ။

ခွန်အားဖြစ်တတ်တဲ့ အစားအစာများ ဖျော်ရည်များ များများ စားသုန်းပေးပါ။ Vitamin C များများသောက်ပေးပါ။ ချေင်းဆိုးပါက Mask အမြဲတန်းတပ်ဆင်ပေးပါ။ လက်ကို မကြာခဏ ဆပ်ပြာရည်နဲ့ ၂၀ seconds မှန်ကန်ထိရောက်သော နည်းနဲ့ ဆေးပေးပါ။ နှာခေါင်း ပါးစပ် မျက်လုံး ကို လက်နဲ့ အမှတ်မထင် မထိတွေ့မိပါစေနဲ့ ။ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း မသွေမတိမ်း လိုက်နာပါ။

အိမ်ပြင်မထွက်ပါနဲ့ လူစုလူဝေး ရှိတဲ့နေရာ ရှောင်ကြဉ်ပါ။

ဖုန်းနဲ့ပဲ ဖြစ်ဖြစ် Text Messages နဲ့ပဲဖြစ်ဖြစ် အားပေးလာတဲ့ မိတ်ဆွေများကြောင့် စိတ်ဓါတ်ခွန်အား မြင့်မားစေပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံး ထပ်ပြီးပြောချင်တာက ကျွန်တော့်အသက်ကို ကယ်တဲ့ ဆေးကတော့

(၁) Azithromycin Tablets, USP 250 mg
(၂) Hydroxychloroquine

အဲဒီဆေး (၂) မျိုးပါပဲ။

မိတ်ဆွေ ရောင်းရင်း သူငယ်ချင်းများ ဆွေမျိုးများ မြန်မာပြည်သူ ပြည်သားများ ကမ္ဘာသူ ကမ္ဘာသားများ covid-19 ကပ်ပါးမှ အမြန်ဆုံး လွှတ်ကင်းကြပါစေ။

ပူပင်သောက မှ ကင်းဝေးကြပါစေ။

စိုင်းပန်းရှဲန်
နယူးယောက်မြို့

(လွတ်လပ်စွာ ရှယ်ပေးခြင်းဖြင့် လူ့အသက်များစွာကို ကယ်တင်နိုင်ပါစေ)

အထူးပန်ကြားခြင်း
ဆရာဝန်ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ကြပါ။
လူတဦးချင်း ရောဂါ အခြေအနေချင်း အသက် ကိုယ်ခံအားချင်း မတူညီမှု ကြောင့် ဒီဆေးကို ဆရာဝန် ညွှန်ကြားမှသာ လုပ်ဆောင်ကြပါ။

Post a Comment

Previous Post Next Post