Unicode

အားလပ်ရက် ခရီးသွားမည့်သူများအတွက် ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း ဖော်ပြခံရတဲ့ မြန်မာပြည် ဆက်ပြီးကံကောင်းပါစေ မြန်မာပြည် ဘယ်သူတွေဘာပြောပြော UK ရဲ့ နံမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ မတ်လ ၃ ရက်နေ့ထုတ် The Sun သတင်းစာမှာတောင် ကမ္ဘာပေါ်ကအားလပ်ရက်ခရီးသွားမယ့်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကင်းစင်နိုင်ငံအဖြစ် မြန်မာနိုင်ငံကိုထည့်သွင်းထားပါတယ်။


ဒီနေရာမှာတစ်ချို့သူတွေက မြန်မာအစိုးရကများ ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး သတင်းအမှောင်ချထားလား ၊ ဖုံးဖိထားသလားဆိုပြီး သံသယ ရှိနေကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ သန်း (၅၀) ကျော် မိုဘိုင်းဆင်းမ်ကတ် သန်း (၆၀) ကျော် အများစုက နှစ်ကတ်ကိုင်ထားကြပါတယ်။ ရှိသမျှဆင်းမ်ကဒ်တိုင်းက အင်တာနက် ဖေ့ဘွတ် ဖွင့်ထားကြပါတယ်။ ဒီတော့ ဒီလို ရပ်ကျော် ရွာကျော်သေမယ့်သတင်းမျိုးကို ဖုံးဖိထားဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ကိစ္စပါ။



ကျွန်တော်ကတော့ ဒီကိစ္စမှာအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနကိုအကျွင်းမဲ့ ယုံကြည်ပါတယ်။ ဒါဟာဖုံးကွယ်ထားလို့ရတဲ့ သတင်းမဟုတ်သလို ဖုံးဖိထားဖို့လည်းမလိုအပ်လို့ပါပဲ။ အခုအခြအနေအတိုင်းကိုသာ ဆက်ထိန်းထားနိုင်ခဲ့ရင် အဆိုးထဲကအကောင်းဖြစ်လာပါလိမ့်မယ်။ လတ်သလောကျနေတဲ့ ခရီးသွားလုပ်ငန်း ၂၀၂၀ နှောင်းပိုင်းမှာပြန်တက်လာနိုင်သလို၊ တစ်ချို့သောပြည်ပက စက်ရုံများ မြန်မာပြည်တွင်းကို ပြောင်းရွှေ့လာနိုင်လို့ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာနိုင်ပါတယ်။ အရေးကြီးတာက လက်ရှိအခြေအနေကိုထိန်းထားနိုင်ဖို့ပါပဲ။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ပြင်ပကကောလဟာလတွေ မယုံကြဖို့နဲ့ ၊ အကောင်းဆုံးက ကျန်းမာရေးဝန်ကြီးဌာနရဲ့ Page (Ministry of Health and Sports, Myanmar) ကို Like လုပ်ထားပြီး သတင်းမပြတ်တမ်း လေ့လာနေကြပါ။

Zawgyi

အားလပ္ရက္ ခရီးသြားမည့္သူမ်ားအတြက္ ကို႐ိုနာဗိုင္းရပ္စ္ မရွိေၾကာင္း ေဖာ္ျပခံရတဲ့ ျမန္မာျပည္ ဆက္ၿပီးကံေကာင္းပါေစ ျမန္မာျပည္ ဘယ္သူေတြဘာေျပာေျပာ UK ရဲ႕ နံမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ မတ္လ ၃ ရက္ေန႔ထုတ္ The Sun သတင္းစာမွာေတာင္ ကမာၻေပၚကအားလပ္ရက္ခရီးသြားမယ့္သူေတြအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကင္းစင္ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံကိုထည့္သြင္းထားပါတယ္။



ဒီေနရာမွာတစ္ခ်ိဳ႕သူေတြက ျမန္မာအစိုးရကမ်ား ဗိုင္းရပ္စ္နဲ႔ပတ္သတ္ၿပီး သတင္းအေမွာင္ခ်ထားလား ၊ ဖုံးဖိထားသလားဆိုၿပီး သံသယ ရွိေနၾကပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာ လူဦးေရ သန္း (၅၀) ေက်ာ္ မိုဘိုင္းဆင္းမ္ကတ္ သန္း (၆၀) ေက်ာ္ အမ်ားစုက ႏွစ္ကတ္ကိုင္ထားၾကပါတယ္။ ရွိသမွ်ဆင္းမ္ကဒ္တိုင္းက အင္တာနက္ ေဖ့ဘြတ္ ဖြင့္ထားၾကပါတယ္။ ဒီေတာ့ ဒီလို ရပ္ေက်ာ္ ႐ြာေက်ာ္ေသမယ့္သတင္းမ်ိဳးကို ဖုံးဖိထားဖို႔ဆိုတာ ေတာ္ေတာ္မျဖစ္ႏိုင္တဲ့ကိစၥပါ။



ကြၽန္ေတာ္ကေတာ့ ဒီကိစၥမွာအစိုးရရဲ႕ က်န္းမာေရးဝန္ႀကီးဌာနကိုအကြၽင္းမဲ့ ယုံၾကည္ပါတယ္။ ဒါဟာဖုံးကြယ္ထားလို႔ရတဲ့ သတင္းမဟုတ္သလို ဖုံးဖိထားဖို႔လည္းမလိုအပ္လို႔ပါပဲ။ အခုအျခအေနအတိုင္းကိုသာ ဆက္ထိန္းထားႏိုင္ခဲ့ရင္ အဆိုးထဲကအေကာင္းျဖစ္လာပါလိမ့္မယ္။ လတ္သေလာက်ေနတဲ့ ခရီးသြားလုပ္ငန္း ၂၀၂၀ ေႏွာင္းပိုင္းမွာျပန္တက္လာႏိုင္သလို၊ တစ္ခ်ိဳ႕ေသာျပည္ပက စက္႐ုံမ်ား ျမန္မာျပည္တြင္းကို ေျပာင္းေ႐ႊ႕လာႏိုင္လို႔ အလုပ္အကိုင္အခြင့္အလမ္းတိုးပြားလာႏိုင္ပါတယ္။ အေရးႀကီးတာက လက္ရွိအေျခအေနကိုထိန္းထားႏိုင္ဖို႔ပါပဲ။ ဒါ့ေၾကာင့္ ျပည္သူေတြအေနနဲ႔ ျပင္ပကေကာလဟာလေတြ မယုံၾကဖို႔နဲ႔ ၊ အေကာင္းဆုံးက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ Page (Ministry of Health and Sports, Myanmar) ကို Like လုပ္ထားၿပီး သတင္းမျပတ္တမ္း ေလ့လာေနၾကပါ။



 



 

Post a Comment

Previous Post Next Post