ရန်ကုန်တိုင်းဒေသကြီးတွင် အဝေးပြေးယာဉ်စီးခကို ပုံမှန်နှုန်းထားအတိုင်းသာ ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှသိရသည်။
အခြားတိုင်းနှင့်ပြည်နယ်များရှိ အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ကူးစက်မှုနှုန်း ထိန်းချုပ်ရေး လူစုလူဝေးခရီးသွားခြင်းကိုကန့်သတ်ရန်မူလတင်ဆောင်သည့် ခရီးသည်၏ ၅၀ ရာခိုင်နှုန်းသာ တင်ဆောင်ကာ ယာဉ်အသင်းဖွဲ့များနစ်နာမူမရှိရန် ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခနှုန်းထားကို ပုံမှန်ဈေးထက် နှစ်ဆတိုးကာရောင်းချရန်ညွန်ကြားထားကြောင်း ကောလာဟလများထွက်ပေါ်လာသည့်အပေါ် အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။

“ အဲဒီညွှန်ကြားစာကို လူမှုကွန်ယက်မှာတော့ ဖတ်လိုက်ရတယ်။ သက်ဆိုင်တဲ့သူတွေကို မေးကြည့်နေပါတယ်။ ဒီမှာတော့ ဘာမှညွန်ကြားချက်မလာသေးတဲ့အတွက် နှစ်ဆတိုးကောက်တာတွေမလုပ်ပါဘူး။ ပုံမှန်နှုန်းထားအတိုင်းပဲ လက်မှတ်တွေကို ရောင်းချပေးသွားမယ်။ ယာဉ်လိုင်းတွေတချို့ကလည်း အွန်လိုင်းကနေ ရောင်းချတာမျိုးတွေလုပ်နေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။


ရန်ကုန်တိုင်းအခြေပြုပြေးဆွဲသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းပေါင်း ၁၆၄ လိုင်း၊ ယာဉ်အစီးရေ ၁၆၅၁ စီးရှိကြောင်း သိရသည်။

ယင်းအပြင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးမှ ပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းပေါင်း ၁၇၅ လိုင်းရှိပြီး ယာဉ်အစီးရေ ၁၄၁၇ စီးရှိကြောင်း သိရသည်။

အကုန်သိ

Post a Comment

Previous Post Next Post