Unicode

ယုန်ေ လးကတော့ ရုပ်ရှင်သရုပ်ဆောင်၊အဆိုတော်၊ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်နေသူတစ်ယောက်ပါ။မကြာခဏဆိုသလို တကယ်လိုအပ်နေတဲ့နေရာတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းပေးနေသူတစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားေ နတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့လည်း တကယ်ကျပ်တည်းလာတဲ့ အချိန်ရောက်ရင် တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းပေးသွား မယ်လို့

ဆိုပါ တယ်။ “တကယ် ဖြစ်ပြီး လူတွေကျပ်တည်းကျပြီဆိုလည်း…ကျွန်တော်တို့ တက်နိုင်သလောက်ကူမှာပါ မနေ့က မြင့်မြတ် နဲ့ ကျွန်တော် တိုင်ပင်ထားပါတယ်…ဆန်တွေ ဆီတွေ လိုအပ်တဲ့နေရာတွေ ကျွန်တော်တို့ကိုယ်တိုင်လာလှူမှာပါ . လိူင်သာယာ . တောင်ဒဂုံ ရွှေပြည်သာ . အင်းစိန်. . . . . . . . ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ .OG တင် တာ


မတင်တာနဲ့ ဘာမှမဆိုင်ဘူးနော် .တစ်သက်လုံး အဲ့လိုပဲ လှူနေကျ”ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအခြေအနေကျဆင်းလျက်ရှိတဲ့အပြင် အခြေခံလူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို အလုအယက်ဝယ်ယူမှုတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ပြဿ နာကို

နိုင်ငံတိုင်းရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူမရှိသေးပေမယ့် လည်း ကောလာဟလတချို့ကြောင့် ဈေးဝယ်စင်တာတွေမှာ စားသောက်ကုန်အလုအယက်ဝယ်သူတချို့ရှိလာပြီဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေခံလူတန်းစားတွေအပေါ်မှာ ရိုက်ခတ်မှုရှိလာမှာကိုတော့ တော်တော်များများကစိုးရိမ်နေကြတာြ ဖစ်ပြီး


ယုန်လေးနဲ့မြင့်မြတ်ကတော့ တကယ်ကျပ်တည်းလာတဲ့အချိန်ရောက်ရင် ရန်ကုန်မြို့တွင်းလိုအပ်နေရာတဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ။Original Gangster-1 ထဲက ညီအစ်ကိုအရင်းတွေလို အတူတူလက်တွဲလာခဲ့တဲ့ ယုန်လေးနဲ့မြင့်မြတ်တို့ အောင်မြင်မှုတွေဆက်တိုက်ရပြီး လိုအပ်နေတဲ့နေရာတွေကို ကူညီပံ့ပိုးပေးနိုင်ပါေ စလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

CRD

Zawgyi

ယုန္ေ လးကေတာ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္၊အဆိုေတာ္၊ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ရပ္တည္ေနသူတစ္ေယာက္ပါ။မၾကာခဏဆိုသလို တကယ္လိုအပ္ေနတဲ့ေနရာေတြမွာ တတ္ႏိုင္တဲ့ဘက္ကေန ကူညီလႉဒါန္းေပးေနသူတစ္ေယာက္ျဖစ္ၿပီး လတ္တေလာျဖစ္ပြားေ နတဲ့ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီးေတာ့လည္း တကယ္က်ပ္တည္းလာတဲ့ အခ်ိန္ေရာက္ရင္ တတ္ႏိုင္တဲ့ဘက္ကေန လႉဒါန္းေပးသြား မယ္လို႔

ဆိုပါ တယ္။ “တကယ္ ျဖစ္ၿပီး လူေတြက်ပ္တည္းက်ၿပီဆိုလည္း…ကြၽန္ေတာ္တို႔ တက္ႏိုင္သေလာက္ကူမွာပါ မေန႔က ျမင့္ျမတ္ နဲ႔ ကြၽန္ေတာ္ တိုင္ပင္ထားပါတယ္…ဆန္ေတြ ဆီေတြ လိုအပ္တဲ့ေနရာေတြ ကြၽန္ေတာ္တို႔ကိုယ္တိုင္လာလႉမွာပါ . လိူင္သာယာ . ေတာင္ဒဂုံ ေ႐ႊျပည္သာ . အင္းစိန္. . . . . . . . ကြၽန္ေတာ္တို႔ လက္လွမ္းမွီသေလာက္ေပါ့ .OG တင္ တာ


မတင္တာနဲ႔ ဘာမွမဆိုင္ဘူးေနာ္ .တစ္သက္လုံး အဲ့လိုပဲ လႉေနက်”ဆိုၿပီး သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ကမာၻတစ္ဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးအေျခအေနက်ဆင္းလ်က္ရွိတဲ့အျပင္ အေျခခံလူသုံးကုန္ပစၥည္းေတြနဲ႔ စားေသာက္ကုန္ေတြကို အလုအယက္ဝယ္ယူမႈေတြေၾကာင့္ ကုန္ေဈးႏႈန္းႀကီးျမင့္လာတဲ့ျပႆ နာကို

ႏိုင္ငံတိုင္းရင္ဆိုင္ေနရတာလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရသူမရွိေသးေပမယ့္ လည္း ေကာလာဟလတခ်ိဳ႕ေၾကာင့္ ေဈးဝယ္စင္တာေတြမွာ စားေသာက္ကုန္အလုအယက္ဝယ္သူတခ်ိဳ႕ရွိလာၿပီျဖစ္ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး အေျခခံလူတန္းစားေတြအေပၚမွာ ႐ိုက္ခတ္မႈရွိလာမွာကိုေတာ့ ေတာ္ေတာ္မ်ားမ်ားကစိုးရိမ္ေနၾကတာျ ဖစ္ၿပီး


ယုန္ေလးနဲ႔ျမင့္ျမတ္ကေတာ့ တကယ္က်ပ္တည္းလာတဲ့အခ်ိန္ေရာက္ရင္ ရန္ကုန္ၿမိဳ႕တြင္းလိုအပ္ေနရာတဲ့ေနရာေတြကို ကိုယ္တိုင္ကိုယ္က်သြားေရာက္လႉဒါန္းေပးသြားပါမယ္တဲ့ ပရိသတ္ႀကီးေရ။Original Gangster-1 ထဲက ညီအစ္ကိုအရင္းေတြလို အတူတူလက္တြဲလာခဲ့တဲ့ ယုန္ေလးနဲ႔ျမင့္ျမတ္တို႔ ေအာင္ျမင္မႈေတြဆက္တိုက္ရၿပီး လိုအပ္ေနတဲ့ေနရာေတြကို ကူညီပံ့ပိုးေပးႏိုင္ပါေ စလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

CRD

Post a Comment

Previous Post Next Post