Unicode

အရေးပေါ်အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာသိမ်းခွင့် အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်သွားပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေကို ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ၃ ရက်မြောက်နေ့အဖြစ် ဆက်လက် မဲခွဲဆုံးဖြတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မတ်လ ၁၂ ရက် တတိယမြောက်နေ့ထိ သုံးရက်တာကာလအတွင်း ပုဒ်မပေါင်း ၄၃ ခု ကို မဲခွဲဆုံးဖြတ်ခဲ့တာမှာ  ပုဒ်မ နှစ်ခုပဲ အတည်ပြုနိုင်ပါသေးတယ်။

ဒီကနေ့ တတိမြောက်နေ့မှာလည်း ပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်ပြီး အရေးပေါ် အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ ဆက်နွှယ်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို မဲခွဲဆုံးဖြတ်တာမှာလည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့အတွက် မပြင်ဆင်နိုင်ခဲ့ပါဘူး။

အရေးပေါ်အခြေနဲ့ပတ်သက်ပြီး ပုဒ်မ ၄၀(ဂ)မှာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ဆူပူ သောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းနဲ့ရယူဖို့ ဆောင်ရွက်တာ၊ ကြိုးပမ်းအားထုတ်တာ တွေကြောင့် ပြည်ထောင်စုပြိုကွဲစေမယ့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမယ့် အရေးပေါ်အခြေအနေပေါ်ပေါက်ရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်းချက် တွေနဲ့ ရယူသုံးစွဲ ခွင့်ရှိတယ်ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အရင်အစိုးရလက်ထက် ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်ဖို့ကြိုးစားခဲ့တာမှာလည်း ထင်သလောက် အောင်မြင်မှုမရခဲ့ပါဘူး။

လက်ရှိ အန်အယ်လ်ဒီဦးဆောင်တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ပေးထားတဲ့ကတိအတိုင်း ပြည်သူတွေရဲ့ အကျိုးဆန္ဒနဲ့ ပြင်ဆင်ရေးဆောင်ရွက်နေပေမယ့် ပြင်ဆင်လို့ မရတာ သေချာတယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှမိုးက ပြောပါတယ်။


“ဒီလိုသေချာတဲ့အတွက်ကြောင့်မို့လို့ ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေကြရမှာပေါ့။ ဘယ်လိုနည်းလမ်းနဲ့ဆို ပြင်ဆင်လို့ရမလဲ၊ ဘယ်လိုနည်းလမ်းနဲ့ဆို ပြင်ဆင်ဖို့ရာ အခါအခွင့်သင့်မလဲ ဆိုတာ အားလုံးအဆက်ဆက် ဒီ ၂၀၀၈ ဖွဲ့စည်း ပုံကြီးပြင်ဆင်ဖို့ရာအတွက် မည်သူမဆို ကြိုးစားနေ ကြရဦးမှာဖြစ်ပါတယ် ” လို့ ဒေါက်တာလှမိုးက ပြောပါတယ်။

မနက်ဖြန် မတ်လ ၁၃ ရက် စတုတ္ထမြောက်နေ့မှာ ပုဒ်မ ၄၃၆(က)နဲ့ အကျုံးဝင်တဲ့ ဥပဒေမူကြမ်းရဲ့ နောက်ဆုံးကျန်တဲ့ ပုဒ်မ ၁၂ ခုကို မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆(က) အကျုံးဝင်တဲ့ ဥပဒေမူကြမ်းပြီးရင် ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ဥပဒေမူကြမ်းကို ဆက်လက် မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

Zawgyi

အေရးေပၚအေျခအေနမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ အာဏာသိမ္းခြင့္ အပါအဝင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၄၃၆ (က)နဲ႔ အက်ဳံးဝင္တဲ့ ပုဒ္မေတြကို ျပင္ဆင္ႏိုင္ျခင္းမရွိဘဲ ရႈံးနိမ့္သြားပါတယ္။   


ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းေတြကို ျပည္ေထာင္စု လႊတ္ေတာ္မွာ ဒီကေန႔ ၃ ရက္ေျမာက္ေန႔အျဖစ္ ဆက္လက္ မဲခြဲဆုံးျဖတ္ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

မတ္လ ၁၂ ရက္ တတိယေျမာက္ေန႔ထိ သုံးရက္တာကာလအတြင္း ပုဒ္မေပါင္း ၄၃ ခု ကို မဲခြဲဆုံးျဖတ္ခဲ့တာမွာ  ပုဒ္မ ႏွစ္ခုပဲ အတည္ျပဳႏိုင္ပါေသးတယ္။


ဒီကေန႔ တတိေျမာက္ေန႔မွာလည္း ပုဒ္မ ၄၃၆(က)မွာ အက်ဳံးဝင္ၿပီး အေရးေပၚ အေျခအေနမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္ အာဏာနဲ႔ ဆက္ႏႊယ္တဲ့ ပုဒ္မ၊ ပုဒ္မခြဲ ၁၄ ခုကို မဲခြဲဆုံးျဖတ္တာမွာလည္း ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္း မေက်ာ္တဲ့အတြက္ မျပင္ဆင္ႏိုင္ခဲ့ပါဘူး။

အေရးေပၚအေျခနဲ႔ပတ္သက္ၿပီး ပုဒ္မ ၄၀(ဂ)မွာ ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာအာဏာကို ဆူပူ ေသာင္းက်န္းမႈ၊ အၾကမ္းဖက္မႈစတဲ့ အဓမၼနည္းနဲ႔ရယူဖို႔ ေဆာင္႐ြက္တာ၊ ႀကိဳးပမ္းအားထုတ္တာ ေတြေၾကာင့္ ျပည္ေထာင္စုၿပိဳကြဲေစမယ့္၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ ၿပိဳကြဲေစမယ့္၊ အခ်ဳပ္အျခာအာဏာလက္လြတ္ဆုံးရႈံးေစမယ့္ အေရးေပၚအေျခအေနေပၚေပါက္ရင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္အာဏာကို ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ သတ္မွတ္ျပ႒ာန္းခ်က္ ေတြနဲ႔ ရယူသုံးစြဲ ခြင့္ရွိတယ္ဆိုၿပီး ျပ႒ာန္းထားတာျဖစ္ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး အရင္အစိုးရလက္ထက္ ပထမအႀကိမ္လႊတ္ေတာ္ သက္တမ္းအတြင္း ျပင္ဆင္ဖို႔ႀကိဳးစားခဲ့တာမွာလည္း ထင္သေလာက္ ေအာင္ျမင္မႈမရခဲ့ပါဘူး။

လက္ရွိ အန္အယ္လ္ဒီဦးေဆာင္တဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းမွာလည္း ေပးထားတဲ့ကတိအတိုင္း ျပည္သူေတြရဲ႕ အက်ိဳးဆႏၵနဲ႔ ျပင္ဆင္ေရးေဆာင္႐ြက္ေနေပမယ့္ ျပင္ဆင္လို႔ မရတာ ေသခ်ာတယ္လို႔ အန္အယ္လ္ဒီ ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ေဒါက္တာလွမိုးက ေျပာပါတယ္။


“ဒီလိုေသခ်ာတဲ့အတြက္ေၾကာင့္မို႔လို႔ ျပင္ဆင္ႏိုင္မယ့္ နည္းလမ္းေတြ ရွာေဖြၾကရမွာေပါ့။ ဘယ္လိုနည္းလမ္းနဲ႔ဆို ျပင္ဆင္လို႔ရမလဲ၊ ဘယ္လိုနည္းလမ္းနဲ႔ဆို ျပင္ဆင္ဖို႔ရာ အခါအခြင့္သင့္မလဲ ဆိုတာ အားလုံးအဆက္ဆက္ ဒီ ၂၀၀၈ ဖြဲ႕စည္း ပုံႀကီးျပင္ဆင္ဖို႔ရာအတြက္ မည္သူမဆို ႀကိဳးစားေန ၾကရဦးမွာျဖစ္ပါတယ္ ” လို႔ ေဒါက္တာလွမိုးက ေျပာပါတယ္။

မနက္ျဖန္ မတ္လ ၁၃ ရက္ စတုတၳေျမာက္ေန႔မွာ ပုဒ္မ ၄၃၆(က)နဲ႔ အက်ဳံးဝင္တဲ့ ဥပေဒမူၾကမ္းရဲ႕ ေနာက္ဆုံးက်န္တဲ့ ပုဒ္မ ၁၂ ခုကို မဲခြဲဆုံးျဖတ္မွာျဖစ္ပါတယ္။ ပုဒ္မ ၄၃၆(က) အက်ဳံးဝင္တဲ့ ဥပေဒမူၾကမ္းၿပီးရင္ ပုဒ္မ ၄၃၆(ခ)နဲ႔ အက်ဳံးဝင္တဲ့ ဥပေဒမူၾကမ္းကို ဆက္လက္ မဲခြဲဆုံးျဖတ္မွာျဖစ္ပါတယ္။

Post a Comment

Previous Post Next Post