Unicode

ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အသက်ရှူစက်လှူဒါန်းဖို့သိန်း၅၀ မတည်လှူဒန်းလိုက်တဲ့ စေတနာရှင်မလေး။သိန်း၁၃၀နဲ့စက်က ရောင်းပေးမယ်လို့ကုမ္ပဏီကဆက်သွယ်လာပါတယ်တဲ့ယခုလှူဒါန်းငွေက ၃၅သိန်းဆိုတော့စုစုပေါင်း၈၅သိန်းရှိပါပြီစက်ဖိုး မြန်မြန်ပြည့်အောင်ဝိုင်းဝန်းလှူဒါန်းနိုင်ပါတယ်ဆိုတဲ့အကြောင်း သူမကိုယ်စားကျနော်တို့cele news mediaကနေ ပြောကြားပါရစေနော် မနေ့ကသူမလှူဒါန်းဖို့စိတ်ပါသွားရတဲ့အကြောင်းကိုလည်းအခုလို ပြောပြပါတယ်ကိုယ်ဒီရက်တွေလည်ချောင်းယားပြီး အသက်ရှုမကောင်းဖြစ်တယ်အမှိုက်မီးရှို့တဲ့မီးခိုးငွေ့ကိုရှုမိတာ။ရင်လေးကျပ်လာလိုက်ရှုဆေးလေးထုတ်ရှုလိုက်။

မနေ့ကရုတ်ရုတ်သဲသဲဖြစ်တော့ ရှုဆေး ၂ဗူးသွားပြေးဝယ်ရသေးတယ်။ဒီလို သေးသေးလေးတောင်ခံရခက်ရင် Covid 19 ကြောင့်အဆုတ်၂ ခြမ်းလုံးရက်ပိုင်းအတွင်းပျက်စီးတဲ့သူတွေဆို ဘယ်လောက်ခံစားမလဲတွေးပြီးစိတ်မကောင်းဖြစ်ရတယ်။ဒါကြောင့် အသက်ရှုစက်တစ်လုံးဝယ်လှုဖို့သိန်း ၅၀မတည်ပါတယ်။ Covid ကြောင့်မဟုတ်လည်းအခြား ရောဂါသည်းတဲ့ လူနာတွေအတွက်အကျိုးများပါတယ်။ဒီအလှူဟာ T & H Maths Centre မှာတက်သွားခဲ့တဲ့၊တက်နေတဲ့ကျောင်းသားတွေရဲ့ အလှူဆိုလည်းမမှားပါဘူး။စက်က သိန်း ၁၃၀တန်တယ်ဆိုလို့ကျန်ငွေကို T & H Pageမှာရောကျွန်မ accountမှာရော ကြေငြာပြီးအလှူခံပါတယ်။နည်းများမဆိုထည့်ဝင်လှူဒါန်းလို့ရပါတယ်ရှင်။

9.3.2020 ညနေ ၅ နာရီစာရင်းပိတ်ပါမယ်ရှင်ဆိုပြီးအများပေါင်းစုကောင်းမှူ ပြုနိုင်အောင် ယေနှိုးဆော်စာလေး ရေးသား မျှဝေထားတာပါနော်မိတ်ဆွေတို့လည်းတကျပ်တတ်နိုင်သည်ဖြစ်စေ တစ်မတ်တတ်နိုင်သည်ဖြစ်စေပါဝင်လှူဒါန်းနိုင်ပါကြောင်း…..။

Crd:CeleNewsMedia

Zawgyi




Crd:CeleNewsMedia

Post a Comment

Previous Post Next Post