ကိုရိုနာဗိုင်းရပ်စ်သည် ဖုန်းမျက်နှာပြင်ပေါ်တွင် (၉) ရက်ကြာ ရှင်သန်နိုင်သဖြင့် လက်ကဲ့သို့ပင် ဖုန်းကို မကြာခဏ ဆေးကြော သန့်ရှင်းပေးသင့်ဟု သြစတြေးလျပညာရှင်သတိပေး…

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရေးအတွက် လက်များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို ဆေးကြောသကဲ့သို့ မိမိတို့၏ ဖုန်းများကိုလည်း မကြာခဏ ဆေးကြောပေးသင့်ကြောင်း သြစတြေးလျမှပညာရှင်တစ်ဦးက သတိပေးလိုက်သည်။


သြစတြေးလျနိုင်ငံ Griffith တက္ကသိုလ်မှ ကူးစက်မှု ရောဂါများဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ် သည့် ပါမောက္ခ Nigel McMillan က သတိပေးလိုက် ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရေးအတွက် လက်ဆေးရုံဖြင့် မလုံလောက်ဘဲ ဖုန်းများကိုပါ ဆေးကြောသန့်ရှင်းသင့်သည်ဟု ဆိုသည်။

ပျမ်းမျခြင်းအားဖြင့် လူတစ်ဦးမှာ တစ်နေ့လျှင် ဖုန်းကို ၂၆၁၇ ကြိမ်နှုန်းထိတွေ့ကိုင်တွယ်မှုရှိပြီး ဖုန်းများပေါ်တွင်လည်း ဗိုင်းရပ်စ်များကပ်ငြိနေနိုင်သည်ဟု ၎င်းကဆိုသည်။

လေ့လာမှုစစ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ်သည်လည်း ချောမွေ့သည့်ဖန်သားနှင့် ပလပ်စတစ်မျက်နှာ ပြင်များပေါ်တွင် အခြေအနေကိုလိုက်၍ (၉) ရက်ကြာအထိ ရှင်သန်နေထိုင်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ဖုန်းများကို အယ်လ်ကိုဟော ၆၀ မှ ၇၀ ရာခိုင် နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောသန့်ရှင်းပေးသင့်သည်ဟု ပါမောက္ခ Nigel McMillan က သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။

Ref – DM,TLN

Post a Comment

Previous Post Next Post