မိန်းမ ထက် ယောင်္ကျားတွေမှာ သေနှုန်းပိုမြှင့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့် ကမ္ဘာတဝန်း နောက်ဆုံးအခြေအနေ…

🇲🇲 မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာ (၃) ယောက်ရှိသွားပါပြီ။

မနေ့က လစ်ဗျားနဲ့ လာအိုဟာ အသစ်စတွေ့တဲ့ နိုင်ငံတွေဖြစ်လာပါတယ်။

အာစီယံဒေသအတွင်းအခြေအနေ…

🇸🇬 စင်ကာပူမှာ ရောဂါရှိသူအသစ် 49 ယောက်တွေ့ခဲ့ပါတယ်။ တွေ့ရှိတဲ့အထဲမှာ 32 ယောက်က ပြည်ပကအဝင် ကူးစက်မှုပါ။



စင်ကာပူမှာ စုစုပေါင်း 558 ယောက်ရှိသွားပါပြီ။ အစိုးရက ကျောင်းနဲ့အလုပ်ကလွဲလို့ 10 ယောက်ထက် ပိုမိုစုဝေးခြင်းကို ခွင့်မပြုတော့ပါ။ ဖျော်ဖြေရေးမှန်သမျှ ပိတ်ခိုင်းထားလိုက်ပါပြီ။

အင်္ဂလန်နဲ့ အမေရိကန်ကပြန်လာတဲ့ စင်ကာပူမှာ နေထိုင်သူတွေဟာ အိမ်မှာပေးမနေတော့ပဲ ဟော်တယ်မှာ stay home notice နဲ့ 14 ရက် နေရပါမယ်။

BreadTalk ဟာ ဝန်ထမ်းတွေကို လစာကို 30% ကနေ 50% အထိ ထပ်လျော့ချပါမယ်။ အာဆီယံရှိ ဝန်ထမ်း 137 ယောက်က 10% ကနေ 15% ထိပါမယ်။

🇱🇦 လာအိုမှာ 2 ယောက်စတွေ့ပါပြီ။

🇮🇩 အင်ဒိုနီးရှားမှာ အသစ် 107 ယောက်တွေ့ပြီး နောက်ထပ် 6 ယောက် သေဆုံးခဲ့ပါတယ်။ တွေ့ရှိသူလည်း 686 ကျော်သွားပါပြီ။

🇲🇾 မလေးရှားမှာ တွေ့ရှိသူ 1624 အထိ ခုန်တက်နေပြီး အသစ် 106 ယောက်ထပ်တွေ့ကာ သေဆုံးသူ 16 ယောက်ရှိပါပြီ။

ကျန်အာရှနိုင်ငံများ အခြေအနေ…

🇨🇳 တရုတ်က အသစ်ထပ်မတွေ့တော့ ဘူးဆိုပေမယ့် ပြည်ပကအပြန်ဝင်လာတဲ့ case ကူးစက်သူအသစ်တွေကို အရေးပေါ် ကိုင်တွယ်နေရပါတယ်။



ဝူဟန့်မြို့နဲ့ ဟူဘေးပြည်နယ်ကို သတိကြီးစွာနဲ့ ပြန်ဖွင့်ပေးလိုက်ကာ အလုပ်တွေ စားသောက်ဆိုင်တွေ ပြန်ဖွင့်ကြပါပြီ။

⛩️ ဂျပန်မှာလုပ်မယ့် တိုကျို အိုလံပစ်ပွဲတော်ကို 2021 ခုနှစ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ဥရောပနိုင်ငံများအခြေအနေ…

ဥရောပမှာ အလွန်အခြေအနေ ဆိုးဝါးနေဆဲဖြစ်တာမို့ အထူးအထွေမတင်ပြတော့ပါ။

အမေရိကန်အခြေအနေ…

🇺🇸 အမေရိကန်မှာ အသစ် 9748 ယောက်ကူးစက်ခဲ့ပြီး သေဆုံးသူအသစ် 143 ယောက်ရှိခဲ့ပါတယ်။ အမေရိကန်က ကမ္ဘာမှာ ရောဂါဖြစ်မှုမှာ တရုတ်နဲ့ အီတလီ ပြီးရင် တတိယအများဆုံးနိုင်ငံ ဖြစ်သွားပါတယ်။

🇧🇷 ဘရာဇီးမှာ သမ္မတက ပြည်နယ်အုပ်ချုပ်ရေးမှုးတွေကို job killer အလုပ်လက်မဲ့ ဖြစ်အောင် လုပ်သူတွေလို့ စွပ်စွဲလိုက်ပါတယ်။

ပြည်သူတွေက သမ္မတဘက်ကမရပ်တည်ပဲ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေရဲ့ ဆိုင်တွေပိတ်ဖို့ တင်းကျပ်တဲ့ ထိန်းချုပ်မှုကို ထောက်ခံလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း 197 နိုင်ငံ မှာတွေ့ရှိသူ လေးသိန်း နှစ်သောင်းကျော် ရှိသွားပါပြီ။

🌏 ကမ္ဘာမှာ 197 နိုင်ငံရှိတယ် လို့ လက်ခံထားကြတယ်။ (ကုလသမဂ္ဂဝင် 193 နိုင်ငံ+ စောင့်ကြည့် 2 နိုင်ငံ + တိုင်ဝမ် + ကိုဆိုဗို)၊ ထို့အပြင် ကျွန်းလေးတွေလည်း ကျန်သေးတယ်။

March 25 ရက်နေ့ ယနေ့မနက်သိရသမျှ COVID-19 အခြေအနေ ကိုဆက်ပါမယ်။

🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 421413 ယောက်၊ သေသူ 18810 ယောက်။ ပြန်ကောင်းသူ 108388 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 5% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 127198 မှာ 108388 ပြန်ကောင်းပြီး 18810 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 15% ရှိနေပါတယ်။

👉 အခုချိန်အထိ မွေးစမှ 9 နှစ်အရွယ်အထိ ကလေးများတွင် လုံးဝ သေနှုန်းမရှိပါ။

👉 မိန်းမထက် ယောက်ျားတွေမှာ ပိုအဖြစ်များပြီး ယောက်ျားတွေမှာ သေနှုန်းပိုမြင့်ပါတယ်။

🇨🇳 တရုတ်မှာ တွေ့သူ 81171, သေသူ 3277 ယောက်၊

🔥 🇮🇹 အီတလီ တွေ့သူ 69176, သေသူ 6820, မနေ့က 5249 အသစ်တွေ့။

🔥 🇺🇸 အမေရိကန် တွေ့သူ 53655, သေသူ 698, 9921 အသစ်တွေ့။

🔥 🇪🇸 စပိန် တွေ့သူ 42058, သေသူ 2991, 6922 အသစ်တွေ့။

🔥 🇩🇪 ဂျာမနီ တွေ့သူ 32991, သေသူ 159, 3935 အသစ်တွေ့။

🔥 🇮🇷 အီရန် တွေ့သူ 24811, သေသူ 1934, 1762 ထပ်တွေ့ပါတယ်။

🔥 🇫🇷 ပြင်သစ် တွေ့သူ 22304, သေသူ 1100, 2488 အသစ်တွေ့။

🇨🇭 ဆွစ်စလန် တွေ့သူ 9877, သေသူ 122,

🇰🇷 တောင်ကိုရီးယား တွေ့သူ 9037, သေသူ 120, မနက်သတင်းအပြီးမှာ update တင်ပေးပါမယ်။

🇬🇧 အင်္ဂလန် တွေ့သူ 8077, သေသူ 422,

🇳🇱 နယ်သာလန် တွေ့သူ 5560, သေသူ 276,

🇦🇹 အော်စတြီးယား တွေ့သူ 5283, သေသူ 28,

🇧🇪 ဘယ်ဂျီယံ တွေ့သူ 4269, သေသူ 122,

🇳🇴 နော်ဝေ တွေ့သူ 2866, သေသူ 12,

🇨🇦 ကနေဒါ တွေ့သူ 2792, သေသူ 26,

🇵🇹 ပေါ်တူကီ တွေ့သူ 2362, သေသူ 33,

🇦🇺 ဩစတေးလျ တွေ့သူ 2317, သေသူ 8,

🇸🇪 ဆွီဒင် တွေ့သူ 2299, သေသူ 40,

🇧🇷 ဘရာဇီး တွေ့သူ 2247, သေသူ 46,

🇮🇱 အစ္စရေး တွေ့သူ 1930, သေသူ 3,

🇹🇷 တူရကီ တွေ့သူ 1872 သေသူ 44,

🇲🇾 မလေးရှား တွေ့သူ 1624, သေသူ 16,

🇩🇰 ဒန်းမတ် တွေ့သူ 1591, သေသူ 32,

🇨🇿 ချက် တွေ့သူ 1394, သေသူ 3,

🇮🇪 အိုင်ယာလန် တွေ့သူ 1329, သေသူ 7,

🇯🇵 ဂျပန် တွေ့သူ 1193, သေသူ 43,

🇱🇺 လူဇင်ဘတ် တွေ့သူ 1099 သေသူ 8,

🇪🇨 အီကွေဒေါ တွေ့သူ 1082, သေသူ 27,

🇵🇰 ပါကစ္စတန် တွေ့သူ 972 သေသူ 7,

🇨🇱 ချီလီ တွေ့သူ 922 သေသူ 2,

🇵🇱 ပိုလန် တွေ့သူ 901 သေသူ 10,

🇹🇭 ထိုင်း တွေ့သူ 827, သေသူ 4,

🇷🇴 ရိုမေးနီးယား တွေ့သူ 794, သေသူ 12,

🇫🇮 ဖင်လန် တွေ့သူ 792 သေသူ 1,

🇸🇦 ဆော်ဒီ တွေ့သူ 767, သေသူ 1,

🇬🇷 ဂရိ တွေ့သူ 743, သေသူ 20,

⛴️ Diamon Princess သင်္ဘော တွေ့သူ 712, သေသူ 8,

🇮🇩 အင်ဒိုနီးရှား တွေ့သူ 686 သေသူ 55,

🇮🇸 အိုက်စလန် တွေ့သူ 648 သေသူ 2,

🇸🇬 စင်ကာပူ တွေ့သူ 558, သေသူ 2,

🇿🇦 တောင်အာဖရိက တွေ့သူ 554, သေသူ 0,

🇵🇭 ဖိလစ်ပိုင် တွေ့သူ 552, သေသူ 35,

🇮🇳 အိန္ဒိယ တွေ့သူ 536, သေသူ 10,

🇶🇦 ကာတာ တွေ့သူ 526, သေသူ 0,

🇷🇺 ရုရှား တွေ့သူ 495, သေသူ 1,

🇸🇮 စလိုဗန်းနီးယား တွေ့သူ 480, သေသူ 4,

🇵🇦 ပနားမား တွေ့သူ 443, သေသူ 6,

🇵🇪 ပီရူး တွေ့သူ 416, သေသူ 7,

🇪🇬 အီဂျစ် တွေ့သူ 402, သေသူ 20,

🇧🇭 ဘာရိန်း တွေ့သူ 392, သေသူ 3,

🇦🇷 အာဂျင်တီးနား တွေ့သူ 387, သေသူ 6,

🇭🇰 ဟောင်ကောင် တွေ့သူ 386, သေသူ 4,

🇭🇷 ခရိုအေးရှား တွေ့သူ 382, သေသူ 1,

🇨🇴 ကိုလံဘီယာ တွေ့သူ 378, သေသူ 3,

🇪🇪 အက်စတိုးနီးယား တွေ့သူ 369, သေသူ 0,

🇲🇽 မက္ကဆီကို တွေ့သူ 367, သေသူ 4,

🇱🇧 လက်ဘနွန် တွေ့သူ 318, သေသူ 4,

🇮🇶 အီရတ် တွေ့သူ 316, သေသူ 27,

🇩🇴 ဒိုမေနီကန်ရီပတ်ဘလစ် တွေ့သူ 312, သေသူ 6,

🇷🇸 ဆားဗီးယား တွေ့သူ 303, သေသူ 3,

🇩🇿 အယ်ဂျီးရီးယား တွေ့သူ 264, သေသူ 19,

🇦🇲 အာမေးနီးယား တွေ့သူ 249, သေသူ 0,

🇦🇪 ယူအေအီး တွေ့သူ 248, သေသူ 2,

🇧🇬 ဘူဂေးရီးယား တွေ့သူ 218, သေသူ 3,

🇹🇼 ထိုင်ဝမ် တွေ့သူ 216, သေသူ 2,

🇱🇹 လစ်သူရေးနီးယား တွေ့သူ 209,သေသူ 2,

🇳🇿 နယူးဇီလန် တွေ့သူ 205, သေသူ 0,

🇸🇰 စလိုဗက် တွေ့သူ 204, သေသူ 0,

🇱🇻 လတ်ဗီးယား တွေ့သူ 197, သေသူ 0,

🇰🇼 ကူဝိတ် တွေ့သူ 191, သေသူ 0,

🇺🇾 ယူရဂွေး တွေ့သူ 189, သေသူ 0,

🇸🇲 စန်မာရီနို တွေ့သူ 187, သေသူ 21,

🇭🇺 ဟန်ဂေရီ တွေ့သူ 187, သေသူ 9,

🇨🇷 ကော်စတရီကာ တွေ့သူ 177, သေသူ 2,

🇲🇦 မော်ရိုကို တွေ့သူ 170, သေသူ 5,

🇧🇦 ဘောစနီးယား တွေ့သူ 168, သေသူ 3,

🇦🇩 အန်ဒိုရာ တွေ့သူ 164, သေသူ 1,

🇯🇴 ဂျော်ဒန် တွေ့သူ 154, သေသူ 0,

🇲🇰 မြောက်မက်ဆီဒိုးနီးယား တွေ့သူ 148, သေသူ 2,

🇻🇳 ဗီယက်နမ် တွေ့သူ 134, သေသူ 0,

🇲🇩 မော်ဒိုဗာ တွေ့သူ 125, သေသူ 1,

🇨🇾 ဆိုက်ပရပ်စ် တွေ့သူ 124, သေသူ 3,

🇦🇱 အယ်ဘေးနီးယား တွေ့သူ 123, သေသူ 5,

🇫🇴 ဖရိုးကျွန်းစု တွေ့သူ 122, သေသူ 0,

🇧🇫 ဘာကီနာဖက်စကို တွေ့သူ 114, သေသူ 4,

🇹🇳 တူနီးရှား တွေ့သူ 114, သေသူ 4,

🇲🇹 မော်တာ တွေ့သူ 110, သေသူ 0,

🇧🇳 ဘရူနိုင်း တွေ့သူ 104, သေသူ 0,

🇺🇦 ယူကရိန်း တွေ့သူ 102, သေသူ 3,

🇱🇰 သီရိလင်္ကာ တွေ့သူ 102, သေသူ 0,

🏝️ လာရီယူနီယံ တွေ့သူ 94, သေသူ 0,

🇰🇭 ကမ်ဘောဒီးယား တွေ့သူ 91, သေသူ 0,

🇦🇿 အဇာဘိုင်ဂျန် တွေ့သူ 87, သေသူ 1,

🇸🇳 ဆီနီဂေါ တွေ့သူ 86, သေသူ 0,

🇴🇲 အိုမန် တွေ့သူ 84, သေသူ 0,

🇻🇪 ဗနီဇွဲလား တွေ့သူ 84, သေသူ 0,

🇧🇾 ဘောလားရပ်စ် တွေ့သူ 81, သေသူ 0,

🇦🇫 အာဖကန်နစ္စတန် တွေ့သူ 74, သေသူ 1,

🇬🇵 ဂွာဒီလုပ် တွေ့သူ 73, သေသူ 1,

🇨🇮 အိုင်ဗရီကို့စ် တွေ့သူ 73, သေသူ 0,

🇰🇿 ကာဇက်စ္စတန် တွေ့သူ 72, သေသူ 0,

🇬🇪 ဂျော်ဂျီယာ တွေ့သူ 70, သေသူ 0,

🇨🇲 ကင်မရွန်း တွေ့သူ 66, သေသူ 0,

🇵🇸 ပါလက်စတိုင်း တွေ့သူ 60, သေသူ 0,

🇲🇶 မာတင်နစ် တွေ့သူ 57, သေသူ 1,

🇹🇹 ထရီနီဒတ် တွေ့သူ 57, သေသူ 0,

🇬🇭 ဂါနာ တွေ့သူ 53 သေသူ 2,

🇱🇮 လစ်ချ်တန်စတိန်း တွေ့သူ 52, သေသူ 0,

🇺🇿 အူဘက်ကစ္စတန် တွေ့သူ 50, သေသူ 0,

🇨🇺 ကျုးဘား တွေ့သူ 48, သေသူ 1,

🇲🇪 မွန်တီနီဂရိုး တွေ့သူ 47, သေသူ 0,

🇨🇩 ဒီအာစီ တွေ့သူ 45, သေသူ 2,

🇳🇬 နိုင်ဂျီးရီးယား တွေ့သူ 44, သေသူ 1,

🇲🇺 မော်ရစ်ရှပ် တွေ့သူ 42, သေသူ 2,

🇰🇬 ကာဂါစတန် တွေ့သူ 42, သေသူ 0,

🇷🇼 ရဝမ်ဒါ တွေ့သူ 40, သေသူ 0,

🇧🇩 ဘင်္ဂလားဒေ့ရှ် တွေ့သူ 39, သေသူ 4,

🇵🇷 ပေါ်တိုရီကို တွေ့သူ 39, သေသူ 2,

🏔️ ချနယ်ကျွန်းစု တွေ့သူ 36, သေသူ 0,

🇾🇹 မယိုးတီး တွေ့သူ 36, သေသူ 0,

🇬🇺 ဂူအမ် တွေ့သူ 32, သေသူ 0,

🇭🇳 ဟွန်းဒူးရပ်စ် တွေ့သူ 30, သေသူ 0,

🇲🇴 မကာအို တွေ့သူ 29, သေသူ 0,

🇧🇴 ဘူလီးဗီးယား တွေ့သူ 29, သေသူ 0,

🇵🇾 ပါရာဂွေး တွေ့သူ 27, သေသူ 2,

🇵🇫 ပိုလီနီးရှား တွေ့သူ 25, သေသူ 0,

🇰🇪 ကင်ညာ တွေ့သူ 25, သေသူ 0,

🇲🇨 မော်နာကို တွေ့သူ 23, သေသူ 0,

🇬🇫 ပြင်သစ်ဂွေ့အာနာ တွေ့သူ 23, သေသူ 0,

🇮🇲 အိုင်အော့မန်း တွေ့သူ 23, သေသူ 0,

🇬🇹 ဂွာတီမာလာ တွေ့သူ 21, သေသူ 1,

🇯🇲 ဂျမေးကား တွေ့သူ 21, သေသူ 1,

🇹🇬 တိုဂို တွေ့သူ 20, သေသူ 0,

🇧🇧 ဘာဘဒို့စ် တွေ့သူ 18, သေသူ 0,

🇦🇼 အာရူဘာ တွေ့သူ 17, သေသူ 0,

🇲🇬 မဒါဂက်စကာ တွေ့သူ 17, သေသူ 0,

🇻🇮 ဗာဂျင်အိုက်လန် တွေ့သူ 17, သေသူ 0,

🇬🇮 ဂျီဘရာတာ တွေ့သူ 15, သေသူ 0,

🇲🇻 မော်ဒစ်ကျွန်းစု တွေ့သူ 13, သေသူ 0,

🇪🇹 အီသီယိုးပီးယား တွေ့သူ 12, သေသူ 0,

🇹🇿 တန်ဇန်နီးယား တွေ့သူ 12, သေသူ 0,

🇲🇳 မွန်ဂိုလီးယား တွေ့သူ 10, သေသူ 0,

🇳🇨 နယူးကလီဒိုးနီးယား တွေ့သူ 10, သေသူ 0,

🇬🇶 အီကွေတိုးရဲဂီနာ တွေ့သူ 9, သေသူ 0,

🇺🇬 ယူဂန်ဒါ တွေ့သူ 9, သေသူ 0,

🏝️ စိန့်မာတင်ကျွန်း တွေ့သူ 8, သေသူ 0,

🇩🇲 ဒိုမီနီကာ တွေ့သူ 7, သေသူ 0,

🇭🇹 ဟေတီ တွေ့သူ 7, သေသူ 0,

🇳🇦 နမီးဘီးယား တွေ့သူ 7,သေသူ 0,

🇸🇨 ဆီချီလီးစ် တွေ့သူ 7, သေသူ 0,

🇸🇷 ဆူရီနာမီ တွေ့သူ 7, သေသူ 0,

🇰🇾 ကေးမန်းကျွန်း တွေ့သူ 6, သေသူ 1,

🇨🇼 ကူရာကောင် တွေ့သူ 6, သေသူ 1,

🇬🇦 ဂဘွန် တွေ့သူ 6, သေသူ 1,

🇧🇯 ဘီနင်း တွေ့သူ 6, သေသူ 0,

🇧🇲 ဘာမြူဒါ တွေ့သူ 6, သေသူ 0,

🇬🇾 ဂူရာနာ တွေ့သူ 5 သေသူ 1,

🇧🇸 ဘဟားမား တွေ့သူ 4, သေသူ 0,

🇸🇻 အယ်ဆဗဒေါ တွေ့သူ 5, သေသူ 0,

🇬🇱 ဂရင်းလန် တွေ့သူ 5, သေသူ 0,

🇨🇬 ကွန်ဂို တွေ့သူ 4, သေသူ 0,

🇫🇯 ဖီဂျီကျွန်း တွေ့သူ 4, သေသူ 0,

🇬🇳 ဂီနီယာ တွေ့သူ 4, သေသူ 0,

🇻🇦ဗာတီကန် တွေ့သူ 4, သေသူ 0,

🇸🇿 အက်စ်ဆွာတီနီ တွေ့သူ 4, သေသူ 0,

🇨🇻 ကိပ်ဗာဒဲ တွေ့သူ 3, သေသူ 0,

🇬🇲 ဂမ်ဘီယား တွေ့သူ 3, သေသူ 0,

🇸🇩 ဆူဒန် တွေ့သူ 3, သေသူ 1,

🇿🇼 ဇင်ဘာဘွေ တွေ့သူ 3, သေသူ 0,

🇦🇴 အန်ဂိုလာ တွေ့သူ 3, သေသူ 0,

🇦🇬 အန်တီဂွာဘာဘူဒါ တွေ့သူ 3, သေသူ 0,

🇨🇫 စီအေအာ တွေ့သူ 3, သေသူ 0,

🇹🇩 ချက်ဒ် တွေ့သူ 3, သေသူ 0,

🇩🇯 ဒဂျီဘိုတီ တွေ့သူ 3, သေသူ 0,

🇱🇷 လိုင်ဘေးရီးယား တွေ့သူ 3, သေသူ 0,

🇲🇿 မိုဇမ်ဘစ် တွေ့သူ 3, သေသူ 0,

🇲🇲 မြန်မာ တွေ့သူ 3, သေသူ 0,

🇳🇪 နိုင်ဂျာ တွေ့သူ 3, သေသူ 0,

🏖️ စိန့်ဘာ့ကျွန်း တွေ့သူ 3, သေသူ 0,

🇱🇨 စိန့်လူစီယာ တွေ့သူ 3, သေသူ 0,

🇿🇲 ဇန်ဘီယာ တွေ့သူ 3, သေသူ 0,

🇳🇵နီပေါ တွေ့သူ 2, သေသူ 0,

🇧🇹 ဘူတန် တွေ့သူ 2, သေသူ 0,

🇱🇦 လာအို တွေ့သူ 2, သေသူ 0, အသစ်တွေ့နိုင်ငံ၊

🇲🇷 မော်ရီတန်းနီးရား တွေ့သူ 2, သေသူ 0,

🇳🇮 နီကာရာဂွာ တွေ့သူ 2, သေသူ 0,

🇸🇽 ဆင့်မာတန် တွေ့သူ 2, သေသူ 0,

🇧🇿 ဘလီဇီ တွေ့သူ 1, သေသူ 0,

🇪🇷 အရီထရီရာ တွေ့သူ 1, သေသူ 0,

🇬🇩 ဂရီနာဒါ တွေ့သူ 1, သေသူ 0,

🇱🇾 လစ်ဗျား တွေ့သူ 1, သေသူ 0, အသစ်တွေ့နိုင်ငံ၊

🇲🇸 မွန့်စာရက် တွေ့သူ 1, သေသူ 0,

🇵🇬 ပါပူအာနယူးဂီနီ တွေ့သူ 1, သေသူ 0,

🏝️ စိန့်ဗင်းဆင့်ကျွန်း တွေ့သူ 1, သေသူ 0,

🇸🇴 ဆိုမာလီယာ တွေ့သူ 1, သေသူ 0,

🇸🇾 ဆီးရီးယား တွေ့သူ 1, သေသူ 0,

🇹🇱 အရှေ့တီမော တွေ့သူ 1, သေသူ 0,

🇹🇨 တာ့အန်ကိုင်ကို့စ် တွေ့သူ 1, သေသူ 0,



ယနေ့ မနက် 7:51 အထိသိသမျှပါ။

Richard Myo Thant

Post a Comment

Previous Post Next Post