ဟုတ် ကဲ့ ကျွန်တော် ရန်ကုန်မြို့ကြီးမှာ Taxiမောင်းနေတဲ့ ဘဝသမားတစ်ယောက်ပါ

ခု အချိန်အခါမှာ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ ရိုက်ခပ်မှုကြောင့် ခရီးသည်ရှားပါပြီး မိသားစုအတွက် မနည်းရုန်းကန်နေကြရတာ ဘဝတူ Taxi သမားတွေ အသိဆုံးဖြစ်မှာပါ



ဒါ ပေမဲ့ ခုလိုအချိန်မှာ နိုင်ငံအတွက်နိုင်တဲ့ဘက်က တာဝန်ထမ်းပါရစေ

ရန်ကုန်မြို့မှာလည်းပြည်ပမှပြန်လာသူတွေကိုစောင့်ကျပ်ကြည့်ရှုတဲ့ Camp တွေပြင်ဆင်ထားတာ တွေ့ရပါတယ် အဲ့ဒီမှာ တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ သူနာပြုများကိုလည်း အလွန် လေးစားမိပါတယ်

လမ်းကြုံလို့ဖြစ်စေ ကျွန်တော်နေတဲ့ မြို့နယ်ထဲကဖြစ်စေ အဲ့ဒီ Camp မှာ တာဝန်သွားရောက် ထမ်းဆောင်ကြရမယ့် ဝန်ထမ်းများအနေနဲ့ ဖုန်းဆက်၍သော်လည်းကောင်း ကားနံပါတ်မှတ်ထား၍သော်လည်းကောင်း အခမဲ့စီးနင်းနိုင်ပါတယ်ခင်ဗျာ

အမည် ကိုနိုင်
နေရပ် မြောက်ဒဂုံ/ ဒဂုံအရှေ့
ဖုန်း 09760638439
ကားနံပါတ် Toyota Vitz 9H/6348

သို့ ဆက်သွယ်နိုင်ပါတယ်
အချောင်သမားတွေလည်းပါလာနိုင်တာမို့
ဝန်ထမ်းကဒ်လေးတော့ပြပေးကြပါ သွားမဲ့ Campလေး အတည်ပြုပေးကြပါ

နောက်တစ်ခုတောင်းပန်ချင်တာက
မိသားစုအတွက်လည်းရှာရသေးတာမို့
သွားချင်တဲ့အချိန်ကို ဖုန်းလေးကြိုဆက်ပေးကြပါ ခင်ဗျာ

ဘဝတူTaxi ဆရာများလည်း လုပ်အားဒါန
ပြုလိုပါက အမည် နေရပ် ဖုန်းနံပါတ် ကားနံပါတ်နေရာမှာ မိမိနာမည်ပြောင်းပြီး အသုံးပြုနိုင်ပါတယ် ခင်မျာ ပါဝင်ဖို့လည်းဖိတ်ခေါ်ပါတယ်

ဝင်ရောက်နှောင့်ယှက် စနောက်ဖုန်းခေါ်ခြင်းတော့ သည်းခံပေးကြပါလို့ တောင်းပန်ပါရစေ ခင်ဗျ

နိုင်တဲ့ဘက်ကဝိုင်းကူရင်း
ဘေးကင်းပါစေ
မြန်မာပြည်ကြီး

Credit

အမေ့သားTaxiသမား
ZS

Post a Comment

Previous Post Next Post