မြန်မာမှာပိုးတွေ့လူနာ
ဘာ့ကြောင့်နည်းနေရတာလဲ ?

အမှန်တရားကိုချပြထားတာမို့
ပိုမိုဂရုစိုက်ကာကွယ်ကြပါစို့ — ။
***********************
မြန်မာနိုင်ငံတွင် နောက်၁ပါတ် ၂ပါတ်အတွင်း
ရောဂါဖြစ်ပွားသူထောင်ချီ၊သောင်းချီ ဖြစ်ပွားနိုင်သလား ?

တကယ်တော့ COVID-19 ရောဂါ
တွေတာ နည်းခြင်း၊များခြင်းဟာ
နိုင်ငံတစ်နိုင်ငံရဲ့ ရောဂါစစ်ဆေးနိုင်မှုစွမ်းရည်
(Testing Capacity ) နဲ့ဆိုင်ပါတယ်။
ဥပမာအားဖြင့်
အမေရိကန်နှင့်တောင်ကိုရီယားတွင်
COVID-19 လူနာများ
ရုတ်တရက်ဘာကြောင့်များပြားလာတာလဲ?

ပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုသဘောတရားအရ
ရောဂါရှိသူများကို (ရောဂါလက္ခဏာပြသူ နှင့် မပြသူ)
မည်မျှရှိသည်ကို တတ်နိုင်သမျှ
အတိကျသိရှိနိုင်ရန် လိုအပ်သည်။
သို့မှသာ ရောဂါကိုမည်သို့ကိုင်တွယ်ရမည်ကို
ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်သည်။
နိုင်ငံတိုင်းတွင် အစပိုင်း၌ရောဂါတွေ့ရှိသူများတစ်ဦးစနှစ်ဦးစသာတွေ့ကြသည်။
၁ ပါတ် ၂ ပါတ် ကြာပြီးသည့်နောက်တွင်
ထောင်ချီ၊သောင်းချီတွေ့ကြသည်။
US, Italy, Korea နိုင်ငံများတွင်
တစ်ရက်ထဲတွင်ထောင်ကျော်တွေ့ရှိကြသည်။
ကမ္ဘာ့ရောဂါဖြစ်ပွားမှုသတင်းအချက်အလက်များကိုကြည့်လျှင် ယင်းနိုင်ငံများတွင်ပိုဖြစ်နေသည်ဟုမြင်နိုင်သည်။
အခြားနိုင်ငံများတွင် ကူးစက်မှုသိပ်မရှိဟုထင်ရနိုင်သည်။





သို့သော်….
နိုင်ငံတိုင်းတွင်ရောဂါရှိမရှိကိုစမ်းသပ်နိုင်မှုစွမ်းရည်
မည်မျှရှိသည်ကို သိရှိထားရန်လိုအပ်သည်။

တောင်ကိုရီးယားတွင်တစ်ရက်လျှင်
စမ်းသပ်မှု ၁၅,၀၀၀ ကိုပြုလုပ်နိုင်ပြီး
ပြုလုပ်ရန် အထူးပြုဆရာဝန်၁၂,၀၀၀နှင့်
ဓာတ်ခွဲခန်း(သို့)ဆေးဖက်ဆိုင်ရာဌာနပေါင်း၇၇ခုရှိသည်။

အမေရိကန်တွင် တပတ်အတွင်းစစ်ဆေးမှုပေါင်း၁သန်းခန့် စစ်ဆေးပေးနိုင်ရန် စီစဉ်ထားရှိသည်။
နိုင်ငံတဝန်းတွင် ယင်းကဲ့သို့
အမြောက်အမြားစစ်ဆေးမှုများပြုလုပ်ခြင်းကြောင့်
ရောဂါရှိလူနာများအမြောက်အမြားတွေ့ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို ကြည့်ကြပါစို့…

မြန်မာနိုင်ငံတွင် ရောဂါစစ်ဆေးနိုင်မှုမှာတစ်ရက်လျှင်၆၀ခန့်သာရှိသည်ဟုကြားသိရပါသည်။
စစ်ဆေးသည့်လူများမှာ အထူးသဖြင့်နိုင်ငံခြားမှပြန်လာသူများနှင့် အဖျားကြီး (သို့) အသက်ရှူကြပ်သောလူနာများအား စစ်ဆေးနေခြင်းဖြစ်သည်။
ရောဂါလက္ခဏာ အနည်းငယ်ရှိသူနှင့်
ရောဂါလက္ခဏာမရှိသောလူထုအား
ကျယ်ပြန့်စွာ စစ်ဆေးနိုင်ခြင်း မရှိသေးပါ။

ကဲ..ဒါဆို…
မြန်မာနိုင်ငံတွင် နောက် ၁ ပါတ် ၂ ပါတ် အတွင်း
လူနာ ထောင်သောင်း တွေ့လာနိုင်မလား?
ယခုအချိန်တွင် စစ်ဆေးနိုင်သည့်ပမာဏမှာတစ်ရက်လျှင် ၆၀ ခန့်သာ ဖြစ်သောကြောင့်
စစ်ဆေးသည့်လူတိုင်းရောဂါရှိနေလျှင်တောင်မှ
၁၀ရက်လျှင် ၆၀၀၊ ရက်၁၀၀ (၃) လ တွင်
၆၀၀၀ ခန့်သာတွေ့နိုင်မည်ဖြစ်သည်။

ယခုအခါတွင် အများဆုံးတွေ့ရှိမှုမှာစစ်ဆေးမှုအားလုံး၏ ၁၀ရာခိုင်နှုန်းတွင်သာရောဂါပိုးတွေ့ရှိခြင်းဖြစ်သည်။
ဆိုလိုသည်မှာ စစ်ဆေးမှု ၆၀၀၀ ပြုလုပ်လျှင် ၆၀၀ ခန့်သာ တွေ့ရှိမည်ဖြစ်သည်။

ထို့ကြောင့် ယခုစစ်ဆေးမှုနှုန်းဖြင့်ဆက်လက်၍စစ်ဆေးလျှင် နောက်၃လလောက်နေလျှင်
ပိုးရှိလူနာခန့်မှန်းခြေ ၆၀၀ သာ ရှိမည်ဟု ယူဆရသည်။

သို့သော် ပြည်သူလူထု၏ စိတ်တွင်
အစိုးရမှ လူနာများအားဖုံးအုပ်ထားသည်ဟု
ထင်နိုင်ဖွယ်ရှိသည်။
အမှန်တွင် အစိုးရမှ ဖုံးအုပ်ထားခြင်းမဟုတ်ပေ။
မိမိတို့နိုင်ငံ၏စစ်ဆေးနိုင်မှုမှာ
အကန့်အသတ်များစွာရှိခြင်းကြောင့်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ပြီးသောစင်ကာပူနိုင်ငံသည်ပင်လျှင်
တစ်ရက်လျှင် ၃၀၀ ကျော်သာ စစ်ဆေးမှုပြုလုပ်နိုင်ပြီး
ယခုအခါတစ်ရက်လျှင် ၁၀၀၀ ကျော်ပြုလုပ်နိုင်ရန်
ကြိုးစားလျက်ရှိသည်။

ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင်ရောဂါပိုးတွေ့ရှိကြောင်း
မကြေငြာထားသော်လည်း
သတိရှိရှိဖြင့် နေထိုင်သင့်သည်။
အဘယ့်ကြောင့်ဆိုသော် မိမိတွင် ပိုးရှိမရှိ မသိနိုင်သောကြောင့်ဖြစ်သည်။

COVID -19 သည်
ကိုယ်ခံအားကောင်းသောငယ်ရွယ်သူများအဖို့
လက္ခဏာအနည်းငယ်သာ ပြနိုင်သော်လည်း
အသက်အရွယ်ကြီးရင့်သူများနှင့်
နာတာရှည်ရောဂါသည်များတွင်
အသက်အန္တရာယ်ရှိနိုင်သောကြောင့်
သတိထားသင့်သော ရောဂါဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ရောဂါဖြစ်ပွားနှုန်းများကိုလေ့လာရာ၌
စစ်ဆေးနိုင်မှု စွမ်းရည် (Testing Capacity)ကိုပါ
နားလည်ထားရန်လိုအပ်ကြောင်းပြောကြားလိုပါသည်။
Credit
ဒေါက်တာဇင်ဗိုလ်ထွန်း
မြန်မာ့ကျန်းမာရေးစင်တာ

#COVID19TestingCapacity
Credit:

Post a Comment

Previous Post Next Post