Unicode

သိန်းပေါင်းသောင်းချီတန် အဝတ်တွေဝတ်နိုင်တဲ့ သီရိသုဓမ္မသူဌေးမင်းတွေကို ဆေးရုံပစ္စည်းလှူဒါန်းပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ ဆရာဝန်မလေး။များများ ရှဲပေးကြပါနော် သူဌေးမင်းတွေသိပြီး လှူဒါန်းခဲ့ရင်လဲ ပြည်သူတွေအတွက် တကယ်အကျိုးရှိစေမှာပါ။

ယခု ပစ္စည်း လေးတွေဟာ သာမန်လူအတွက်အလွန်များပြားပေမယ့် သူတို့အတွက် အဝတ်တထည်ဖိုးတောင် မရှိပါဘူးနော်။တကယ်တောင်းဆိုပါရစေ ကိုယ့်ဝန်ကြီးဌာနကိုပဲလည်း အမြဲအပူကပ်လို့မဖြစ်နိုင်လို့ပါ။သီရိသုဓမ္မ ဘွဲ့ရတဲ့ တကယ့်သူဌေး မင်းများ သူဌေးမ များ ကိုတောင်းဆိုပါရစေ။တစ်လုံး ကို သိန်း၁၃၀ တန်ဖိုးရှိသော Ventilator အသက်ရှူစက်များတစ်လုံးကို၂၅ သိန်းတန်ဖိုးရှိ‌သော Patient Monitor စက်များ PPE ဝတ်စုံ တွေ များများ Face Mask တွေ များများ မှာယူ၍ဝယ်ပြီး ပြည်သူ့ဆေးရုံတွေ မှာ အရေးပေါ်လှူပေးကြစေချင်ပါတယ်။

ဝတ်စုံ တစ်စုံ သိန်းသောင်းကျော်အသုံးပြုနိုင်တာမို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေအတွက် အခု ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေတဲ့ Covid-19 အတွက် လူနာတွေ၊ကျန်းမာရေးစောင့်ရှောက်ရမယ့်ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူပေးကြပါလို့ တိုက်တွန်းပါရစေ။ကျွန်မ တို့ဆေးရုံမှာ Ventilator လုံးဝမလုံလောက်ပါဘူး PPE လုံးဝ လုံးဝ မလုံလောက်ပါဘူး။

သာမန် Face Mask တောင်လုံလောက်အောင်‌မပေးနိုင်ပါဘူး။ကမ္ဘာကပ်ရောဂါအသွင်မှာ ကြိတ်ခံ ကြိတ်ရှင်း၍မရပါ။မရှိတာ မရှိကြောင်း မလုံလောက်တာ မလုံလောက်ကြောင်း ‌အသိပေး အလှူခံအကူအညီတောင်းပါရစေ။ရောဂါဖြစ်ပွားသူ တကယ်ရှိမရှိ ဝန်ကြီးဌာန က‌နေ့စဉ်တရားဝင် ထုတ်ပြန်ပါလိမ့်မယ် နိုင်ငံတော်အဆင့်မို့ပါ။ ဒါပေမယ့် Hidden Case တွေ မသိနိုင်တာမို့ တကယ်ဖြစ်လာရင် ချမ်းသာတဲ့နိုင်ငံတွေတောင်အတုန်းအရုံးသေကြတာ ကျွန်မတို့လို ဖွံ့ဖြိုးဆဲ မချမ်းသာတဲ့နိုင်ငံ ကျန်းမာရေး အသိလက်မခံတဲ့ နိုင်ငံမှာ တကယ်သာဖြစ်လာခဲ့ရင် အဆုံးအရှုံးကြီးလာမလား စိတ်အရမ်းပူတယ်။

ကြိုတင်ပြင်ဆငျဖို့Infrastructure ,Equipments မပြည့်စုံရင် တကယ်နစ်နာမှာ ကျန်းမာရေးဝန်ထမ်းနှင့်ပြည်သူပါပဲ။ကြောက်လန့်စေရန် မရည်ရွယ်ပါ ဒါပေမယ့် ထူးစိုးရိမ်ပါတယ်။

ကျွန်မတို့ဆေးရုံအပါအဝင် ပြည်သူ့ဆေးရုံတိုင်း တူညီတဲ့အခက်အခဲတွေရှိပါတယ်။Dr.ဝင်းသန္တာဖြူ ၊ဆေးရုံအုပ်(Phone – 095011549 )မြောက်ဥက္ကလာပ၊ အထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံကြီး၊

Source:Dr.Win Thandar Phyu.

Zawgyi

Post a Comment

Previous Post Next Post