“ရှေးဦးစွာ စိတ်မပူဖို့ မေတ္တာရပ်ခံပါတယ်။ ဒီလုပ်ငန်းစလုပ်ပြီဆိုကတည်းက ဘုန်းဘုန်းတို့က သက်ဆိုင်ရာနဲ့ ပူးပေါင်ပြီးလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်တာပါ။ စည်းကမ်းတကျပါ။


အခု ဘုန်းဘုန်းတို့ (၁၀၇) ဦးစောင့်ကြည့်ပါတယ်။ အဲဒီလို ထားတဲ့အထဲက (၆) ယောက်အခန်းထဲက သားတစ်ယောက်က Positive ပိုးတွေ့တယ်ပေါ့။ ဒါလေးပဲ။ ရှေးဦးစပ်သမ်းမှုပါ။ အခုထပ်ပြီးတော့လည်း စမ်းသပ်နေပါတယ်။ အခုဝေဘာဂီမှာ ဆက်ပြီး စောင့်ကြည့် စမ်းသပ်ကုသရင်းနဲ့ပဲ Positive က Negative ဖြစ်သွားမှာပါပဲ။ ပြန်ပြီးတော့ ပိုးပျောက်သွားနိုင်ပါတယ်။ ဘုန်းဘုန်းတို့ကျောင်းတိုက်မှာလည်း ဒီ (၁၀၇) ယောက်ရောက်လာကတည်းက သူ့စည်းသူ့ကမ်းနဲ့ စနစ်တကျဆိုတော့ ဘုန်းဘုန်းတို့ကျန်တဲ့ ဓမ္မဒူတမိဘတွေ၊ ဝေယျာစ္စလုပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီ(၁၀၇) ယောက်နဲ့ လုံး၀ထိတွေ့ဆက်ဆံမှု မရှိပါဘူး။ အခု စိတ်မပူကြဖို့ပါ။


ကျောင်းတိုက်နဲ့ ပတ်သက်ရင်လည်း အစည်းအဝေးပြုလုပ်ပြီး အတွင်း၊ အပြင်ရော ပိတ်လိုက်ပါတယ်။ စိတ်မပူကြပါနဲ့ ပုံမှန်ပဲ ဘုန်းဘုန်းတို့ လုပ်ငန်းလုပ်နေမှာပါ။ တကယ် စိတ်ပူတယ်ဆိုရင်၊ ဘုန်းဘုန်းတို့ကို စိတ်ပူမယ့်အစား ကျန်းမာရေးအသိရှိရှိနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ။ အားလုံးပဲ စည်းစည်းလုံးလုံးနဲ့ တစ်ဦးနဲ့တစ်ဦး လက်တွဲဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံပါတယ်”လို့ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားသွားခဲ့ပါတယ်။
Credit ဓမ္မဒူတ ဆရာတော်



Post a Comment

Previous Post Next Post