မီးေ လာင်နေစဉ် မီးသတ်ဥသြဆွဲကာ မီးလောင်ရာနေရာသို့သွားလာနေသော မီးသတ်မော်တော်ယာဉ်မော င်းနှ င်ရာ လမ်းကြောင်းတလျှောက် စက်ဘီး ဆိုင်ကယ် မော်တော်ယာဉ်များ သူ့ထက်ငါအလုယက်မောင်းနှင်ခြင်း လမ်းဖယ်မပေးခြင်း နှင့် မီးသတ်ယာဉ်မောင်းများအား အနှောက်ယှက်ဖြစ်စေရန် ပြုမူခြင်းများမှ ရှောင်ကြဉ်ကြပါရန် မေတ္တာရပ်ခံ အသိပေးပန်ကြားအပ် ပါသည်။

အထက်ပါအချက်များအားလိုက်နာပါက ကျွန်တော်တို့အဖွဲ့အား တက်စွမ်းသလောက်ကူညီရာရောက်ပါသည်။ အကယ်၍ အထက်ပါတိုင်း မလိုက်နာဘဲမတော်တဆ(ထိခိုက်မှုဖြစ်ပါက) မီသတ်ကားမောင်းသူအား အရေးမယူရန်ဥပဒေများ ထားရှိပေး ထားပြီးဖြစ်ပါသည်။


မြိတ်မြို့ မီးလောင်မှုဖြစ်စဉ်တွင် ယဉ်မတော်တဆဖြစ်သည်ကိုကြားသိပြီး အများသိစေရန် ရေးသား တင်ပြသည်။

Ref – တောင်တွင်းကြီးမြို့နယ်မီး သတ်

၂၀၁၅-ခုနှစ် မြန်မာနိင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေအရ မီးသတ်တပ်ဖွဲ့များ အတွက်ကင်းလွတ်ချက်

မြန်မာနိင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေအခန်း(၁၃)အထွေထွေ အခန်းပုဒ်မ-၄၁ပြဌာန်း ချက်တွင်-

မီးလောင်မှုဖြစ်ပွားရာတွင် သဘောရိုးဖြင့် မီးငြှိမ်းသတ်ခြင်းကြောင့်ဖြစ်ပေါ်သည့်ပျက်စီးဆုံးရှုံးမှု အတွက် လည်းကောင်း၊မီးငြှိမ်းသတ်ရန်မီးသတ်ယာဉ်များကို မောင်းနှင်ထွက်ခွာရာတွင် နည်းလမ်းတကျ မောင်းနှင်ပါလျက် …..မတော်တဆဖြစ်ပွားမှု အတွက်လည်းကောင်း၊မည်သူ့ကိုမျှရာဇဝတ်ကြောင်းအရဖြစ်စေ၊တရားမကြောင်း အရဖြစ်စေ၊ တရားစွဲဆိုခွင့်မရှိစေရဟုပြဌာန်းချက်ဥပဒေရှိ ထားပါသည်။


မန္တလေးမြို့မီးလောင်မှုဖြစ်ပွားရာတွင် မီးသတ်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တစ်စီးထိခိုက်မိ၍ မော်တော်ဆိုင်ကယ် မောင်းလာသူသေဆုံးကြောင်း တွေ့လိုက်ရပါသည်။

လူအများက မီးသတ်မော်တော်ယာဉ်မှားသည်/မှန်သည်ဖြင့်လည်း ဝေဖန်ပြောဆိုနေကြသည့် အတွက်မီးသတ်ဥပဒေ ပြဌာန်းချက်ကိုဥပဒေသိကောင်းစရာ အဖြစ်ဖြန့်ဝေလိုက်ပါသည်။

မီးသတ်ယာဉ်မောင်းများသည်မည်သူ့ကိုမျှမထိခိုက်စေလိုပါ။မီးသတ်ယာဉ်တွင်ပါဝင်သောရေကြောင့်အလွယ်တကူရှောင်တိမ်းနိူင်ခြင်းအလွယ်တကူရပ်တန့်ခြင်းမပြုနိူင်ပါ။ရုတ်တရက်ရှောင်တိမ်းပါက မီးသတ်ယာဉ်တိမ်းမှောက်၍ယာဉ်ပေါ်ပါမီးသတ်တပ်ဖွဲ့ဝင်များအသက်အန္တရာယ်ရှိနိူင်ပါသည်

ထို့ကြောင့်မီးသတ်ယာဉ်များကိုလမ်းဖယ်ပေးခြင်းဖြင့်ကူညီကြပါ။

Ref မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Page (Unofficial)

မီးသတ်တပ်ဖွဲ့ဝင်များနှငိ့ပြည်သူများအတွက်၂၀၁၅မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ အခန်း( ၉) အရ “”မီးလောင်မှုနှငိ့စပ်လျဉ်းသည့်တာဝန်နှင့်လုပ်ပိုင်ခွင့်များ “”

* ပုဒ္မ ၂၀

မီးလောင်မှုဖြစ်ပွါးသည့်အခါ သက်ဆိုင်ရာမီးသတ်တာဝန်ခံကဖြစ်စေသက်ဆိုင်ရာမီးဘေး လုံခြုံရေး အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ ယင်းတို့၏ တာဝန်ပေးအပ်ခြင်းခံရသော မီးသတ်ဝန်ထမ်း သို့မဟုတ် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဦး က ဖြစ်စေ #မီးငြှိမ်းသတ်ရေးနှင့်သက်ဆိုင်သောအောက်ပါလုပ်ပိုင်ခွင့်များကို ဆောင်ရွက်ခွင့်ရှိ သည် –

(က ) လျှပ်စစ်မီးဖြတ်တော က်ခြင်း

( ခ ) ရေနံနှင့်ဓာတ်ငွေ့ပိုကိလိုင်းများ ပိတ်ဆို့ ဖြတ်တောက်ခြင်း

(ဂ) မီးသတ်ယာဉ်များ အလွယ်တကူဝင်ထွက်သွားလာ နိုင် ရေးအတွက် လမ်းများရှငိးလင်းခြင်း

(ဃ) ထိရောက်စွာမီးငြှိမ်း သတ်နိုင်ရေး အတွက် လိုအပ်သည့် နေအိမ် ဥပစာနှငိ့ အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခြင်း

(င) မီးကူးစက်ရန် အကြောင်းရှိသည့်နေအိမ် ဥပစာနှငိ့ အဆောက်အအုံ များကို လိုအပ်သည့် အတိုင်းအတာထိဖြိုဖျက်ခြင်း

(စ) ရေရရှိရေးအတွက် မည်သည့်နေရာ ရေတွင်းရေကန် ၌ မဆို ရေရယူခြင်းနှင့် ရေပိုမို ရရှိစေရန် အခြားပိုက်လိုင်းများကိုပိတ်ဆို့ခြင်း

(ဆ) မီးငြှိမ်းသတ်ရေးလုပ်ငန်း အတွက် မည်သည့်ယာဉ်ကိုမဆိုရယူ အသုံးပြုခြင်း ”

========================

Refer kyizawhtike

Post a Comment

Previous Post Next Post