ကိုရိုနာဗိုင်းရပ်စ်ကို အစောဆုံးနဲ့ ပထမဆုံး ကာကွယ်နိုင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ Covid-19 ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံ

မြောက်ကိုရီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ သူတွေကို ဆရာဝန်တွေ၊ စစ်သားတွေက သတ်ပြစ်တယ်ဆိုတာ လုံးဝ သတင်းအမှားတွေနော်။ အနောက်အုပ်စုနဲ့ တောင်ကိုရီယားနိုင်ငံကနေ ဝါဒဖြန့်လာတဲ့ သတင်းအမှားတွေ။ ချမှတ်ထားတဲ့ စည်းကမ်း ဖောက်ဖျက်လို့အပြစ်ပေးတာပဲရှိတယ်။

အဲ့ဒါတွေနဲ့ပတ်သတ်ပြီး မြောက်ကိုရီးယားပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ KCNA နဲ့ တောင်ကိုရီးယားအခြေစိုက် NK သတင်းဌာန နဲ့ Time သတင်းဃာနကနေ ဖတ်ဖြစ်တဲ့ လူသိပ်မသိသေးတဲ့ အချို့သော အကြောင်းအရာတွေကို ဝေမျှချင်တယ်ဗျ။

အခုရက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 အတွက်မြောက် ကိုရီးယား ကနေ တရားဝင်အတည်ပြုချက် Statement တစ်ခုထွက်လာတယ်။ အဲ့ထဲမှာ “Clean Land” ဆိုပြီး မြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနကနေ သူတို့နိုင်ငံမှာ Covid-19 ရောဂါကင်းရှင်းကြောင် တရားဝင်သတင်း ထုတ်ပြန်ထားတယ်။



သံသယရှိလို့ ဆေးရုံတင်ထားတဲ့ နိုင်ငံ ခြားသား ၃ ဦးကလည်း အခြေအနေ ကောင်းတယ်လို့ ပြောတယ်။ အဲ့ဒီ့ သတင်းကို ပြုံယမ်းမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ကလည်းထောက်ခံတယ်။

မြောက်ကိုရီးယား နိုင်ငံက ဒီရောဂါကို အစောဆုံးနဲ့ ပထမဆုံး ကာကွယ်ခဲ့တဲ့ နိုင်ငံလို့တောင်ပြောလို့ရတယ်။ သူ့နိုင်ငံက နယ်စပ်တွေ ကိုပိတ်တဲ့ အချိန်တုန်းက တစ်ကမ္ဘာလုံး အယောက်၃၀ လောက်ပဲ ကူးသေးတယ်။ မှတ်မှတ်ရရ ဇန်နဝါရီလ နောက်ဆုံးအပတ်ပဲ။

အဲ့ဒီ့ ဇန်နဝါရ်ီလထဲမှာပဲ Air China တို့လို လေကြောင်းလိုင်းတွေကို ပြည်ဝင် ခွင့်စပိတ်တယ်။ တရုတ်နဲ့ ကုန်စည်စီးဆင်းမှု ၈၅ ရာခိုင်နှုန်းလောက်ရှိတဲ့ မြောက်ကိုရီးယား နိုင်ငံရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေပေါ့။ နောက်ပိုင်း ပြည်ပလေကြောင်းလိုင်းပါပိတ်ပစ်တယ်။ တရုတ်နဲ့ထိစပ်နေတဲ့ Sinuiju မြို့ကိုပါ lock down ချခဲ့တယ်။



ဖေဖော်ဝါရီလထဲမှာ တစ်နိုင်ငံလုံး mask မတပ်မနေရထုတ်ပြန်တယ်၊ နိုင်ငံထဲ ကို ပြည်ပခရီးသွားတွေပေးမဝင်တော့ဘူး။ ပျော်ပွဲရွှင်ပွဲတွေနဲ့ အရက်သေစာသောက်စားမူကို တားမြစ်တယ်။ ကျောင်းတွေပိတ်ပစ်တယ်။ နယ်စပ်ဂိတ်တွေနှဲ သမ္မတကတိုက်ရိုက်အမိန့်ပေးတဲ့ ပုံစံအတိုင်းသွားပြီး ဖောက်ဖျက်ရင် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကိုပါ ပေးလို့ရတဲ့ စည်းမျဉ်းတွေချတယ်။ မြောက်ကိုရီးယား၊ တရုတ် မီးရထားခရီးစဉ်တွေပါ ပိတ်လိုက်တယ်။

အလုပ်သမားပါတီက အလုပ်သမားတွေကို ကျန်းမာရေးဗဟုသုတတွေနဲ့ လက်ဆေးဖို့ လိုက်ပြီးနှိုးဆော်တယ်။ တစ်နိုင်ငံလုံး Covid-19 အကြောင်းသိစေဖို့ ကိုယ့်ကျန်းမာရေး ကိုယ့်ဘာသာစောင့်ရှောက်ဖို့ E Book စာအုပ်လေးတွေကို ပြုံယမ်းဆေးတက္ကသိုလ်က ထုတ်ပေးပြီး မဖတ်မနေရ စည်းမျဉ်းထုတ်ပြန်တယ်။

အဲ့ဒီစာအုပ်ကို အခြေခံကျန်းမာရေးစောင့်ရှောက်ဖို့ အဓိကအချက် (၅)ချက်နဲ့ Electronic Document ပုံစံနဲ့ဖန်တီးတယ်။ အမေးအဖြေပုံစံသွားပြီး ကျန်းမာရေး နည်းပညာအချို့ကို တရုတ်က ကူညီထောက်ပံ့တယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာ တစ်နိုင်ငံလုံးက နိုင်ငံခြားသားတွေကို ကွာရင်တင်း ၁၄ ရက်စလုပ်တယ်။ နောက်ပိုင်း ရက် ၃၀ ထိပါထပ်တိုးတယ်။ အဓိက အပန်းဖြေနေရာတွေပိတ်တယ်။ မတ်လ ၁ ရက်နေ့မှာ နိုင်ငံအတွင်းကိုပြန်လာတဲ့ နိုင်ငံသား ၈၀၀၀ နီးပါးကိ ရက် ၃၀ နီးပါးကို ဆေးစစ်မူခံယူစေတယ်။



သူတို့နိုင်ငံမှာ ကျန်းမာရေးအသုံးအဆောင်တွေ၊ ဝန်ထမ်းအင်အားတွေ မဖွံ့ဖြိုးတာ သူတို့သိတယ်။ တစ်ခုခုဖြစ်ရင် အစုလိုက်အပြုံလိုက်သေမှာဆိုတာလည်းသိတယ်။ သူတို့ နိုင်ငံဆင်းရဲတယ်။ ကျန်းမာရေးအသုံးအဆောင်ပစ္စည်စတွေ၊ ကျန်မာရေးဝန်ထမ်းတွေက အလုံအလောက်မရှိဘူး။

ဒါကြောင့်မလို့ ဒီရောဂါဖြစ်ရင် လူ တွေအုံလိုက်ကျင်းလိုက် သေမှာကို သိတဲ့အတွက်၊ မဖြစ်ခင်ထဲက ကာကွယ်ခဲ့တယ်။ တရုတ်ရဲ့ပံ့ပိုးမူ နည်းပညာတွေ၊ ဟွာဝေးရဲ့ AI နည်းပညာသုံး Covid-19 ရောဂါပိုး ကိုစမ်းသပ်တယ်။ (အခုလက်ရှိပနားမားမှာ တရုတ်ဟွာဝေးရဲ့ AI နည်းပညာကို အသုံးပြုနေတယ်)

အခု မတ်လနောက်ဆုံးအပတ်မှာ မြောက်ကိုရီးယားနိုင်ငံကနေ အိမ်နီးချင်းတောင်ကိုရီးယားမှာဖြစ်ပွားနေတဲ့ Covid19 အတွက်များစွာ စိတ်မကောင်းဖြစ်ရပါတယ်ဆိုပြီး စာပို့ပြီးအားပေးတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း Covid-19 အတွက် ကမ္ဘာကြီးကို အကူအညီပေးပါလို့ အိမ်ဖြူတော်ကနေစာရေးပြီး မြောက်ကိုရီးယားကို အကူအညီ တောင်းတယ်။ (သိပ်တော့မသေချာပေမယ့် ဒေါ်နယ်ထရန့်စာပေးတာတော့ ကျိန်းသေပါတယ်)

နောက်ဆုံးမှာ Covid-19 ကို သူတို့နိုင်ငံ သားတွေက အိပ်ထဲထည့်ထားနိုင်ပြီလို့ ကြုံးဝါးခဲ့ရင်းနဲ့ တစ်ကမ္ဘာလုံးကို ကျန်းမာပါစေကြောင်း အလုပ်သမားပါတီကနေ တစ်ဆင့် KCNA သတင်းကနေ ဆုတောင်း ပေးခဲ့တယ်။

သတင်းအတိအကျ မသိရတဲ့နိုင်ငံဆိုတော့ အမှားအယွင်းအနည်းငယ်တော့ ရှိမှာပါ။ အဓိကကတော့ သူတို့အသေအကြေ ကာကွယ်တဲ့အချိန်တွေမှာ ထရန့်တို့အမေရိကားမှာ ရာသီပေါ်တုပ်ကွေး၊ တရုတ်ဗိုင်းရပ်စ်ဆိုပြီး ပျော်နေပါးနေတုန်း၊ အီတလီမှာ ပျော်ပွဲစားထွက်နေကြတုန်း WHO ရဲ့ထုတ်ပြန်ချက် Situation report 5 လောက်ပဲရှိသေးတယ်။ ကျွန်တော်တို့ဆီမှာဆို ရောဂါဖြစ်နေမှနလးတောင် မသိသေးတဲ့ ကာလတစ်ခုပေါ့။

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို ထိရောက်တယ်ဆိုတာကို ကျန်းမာရေး အဆင့်အတန်းမှာ ဟိုးအောက်ဆုံး ရောက်နေတဲ့နနိုင်ငံလေက တစ်ကမ္ဘာလုံး ကိုသက်သေပြခဲ့တယ်လေ။

ဖက်တီးလေး အစွမ်းအံမခန်းပေါ့ ။

Ref – DailyNK, KCNA, NYPost, TIME, Alex
Alex Lwin

Post a Comment

Previous Post Next Post