ထိုင်းနိုင်ငံ၊ မတ်လ (၃၀)

ထိုင်းနိုင်ငံတွင် မနေ့က မတ်လ ၂၉ ရက် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၃ ယောက်ထပ်တိုးလာကြောင်း ထိုင်း COVID-19 ကြီးကြပ်ကွပ်ကဲရေးဗဟိုဌာန (CAC) က ထုတ်ပြန်သည်။ သေဆုံးသူ တစ်ယောက်ထပ်တိုးကြောင်းလည်း CAC နှင့် ထိုင်းပြည့်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာ တာဝီဆင် ဝိဆာနူယိုသင်ကပြောသည်။

နောက်ဆုံးသေဆုံးသူမှာ အသက် ၆၈ နှစ်ရှိ နွန်သာဘူရီမှ အမျိုးသားဖြစ်ပြီး ကူးစက်မှုအများအပြားရှိခဲ့သည့် လူထူထပ်သော လူပီနီးလက်ဝှေ့ရုံသို့ သွားရောက်ခဲ့သူဖြစ်သည်။

မတ်လ ၆ ရက်နေ့က ထိုင်းစစ်တပ်အုပ်ချုပ်သည့် ထိုလက်ဝှေ့ရုံတွင် လက်ဝှေ့ပွဲပြုလုပ်ခဲ့ပြီး လူ ၂၅၀၀ ကျော်ပွဲလာကြည့်ခဲ့သည်။

စနေ့နေ့က ကူးစက်ခံရသူ ၁၀၉ ယောက်ထက် သိသိသာသာမြင့်တက်ခဲ့သော ကူးစက်သူ ပမာဏရှိခဲ့ချိန်တွင် နိုင်ငံသားများ အချင်းချင်း ၃ ပေအနည်းဆုံးခွာပြီး မနေကြသောကြောင့်ဖြစ်ကြောင်း ထိုင်းအစိုးရကပြောသည်။

ထိုင်းတစ်နိုင်ငံလုံးအတွက် ထုတ်ပြန်ထားသည့် အရေးပေါ်အမိန့်ကိုဖီဆန်ပြီး မူးယစ်ဆေးပါတီလုပ်ခဲ့သည့် ချင်းရိုင်ခရိုင်မှလူ ၂၂ ယောက်ကိုလည်း လူစုဝေးသည်ဟုဆိုပြီး အာဏာပိုင်များဖမ်းဆီးခဲ့သည်။

Ref – Bangkok Post

Post a Comment

Previous Post Next Post