မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် သမ္မတဦးဝင်းမြင့်၏ အကြောင်း ပြန်စာသဝဏ်လွှာကို လက်ခံရ ကြောင်း ပြုံယမ်းအခြေစိုက်နိုင်ငံ ပိုင် Voice of Korea က ယမန် နေ့တွင် သတင်းထုတ်ပြန်သည်။


မြောက်ကိုရီးယား ခေါင်း ဆောင်သည် ပြီးခဲ့သည့်ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သော (၇၂) နှစ်မြောက် မြန်မာ့လွတ်လပ်ရေး နေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းအ ပေါ် သမ္မတဦးဝင်းမြင့်က ကျေးဇူး တင်ကြောင်း အကြောင်းပြန်စာ ပေးပို့ခြင်းဖြစ်သည်။

နိုငျငံတောျသမ်မတ ဦးဝငျးမွင့ျ၏ ၂၀၂၀ ...

အထက်ပါအကြောင်းပြန် စာကို မတ်လ ၂၅ ရက်တွင် လက်ခံရရှိခြင်းဖြစ်ပြီး အနာဂတ် တွင်နှစ်နိုင်ငံအကြားဆက်ဆံရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးမည်ဟု ယုံကြည်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်၏ အကြောင်းပြန်စာ တွင် ဖော်ပြထားသည်ဟုဆို သည်။

လွတ်လပ်ရေးနေ့အခမ်း အနားအတွက် နိုင်ငံအသီးသီးက ပေးပို့သော သဝဏ်လွှာများကို မြန်မာအစိုးရက ချက်ချင်းအ ကြောင်းပြန်ခြင်းမဟုတ်ဘဲ အား လုံးကိုစုပေါင်းကာ ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လတို့တွင် အ ကြောင်းပြန်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောသည်။

တပျသားတှကေို စားနပျရိက်ခာပိုပေး ...

‘‘သမားရိုးကျ လုပ်တာပါ။ ကိုယ့်လွတ်လပ်ရေးနေ့ကို သဝဏ်လွှာပို့တာကို ကျေးဇူးတင် ကြောင်းပြန်တာပါ’’ ဟု ၎င်းက ဆိုသည်။

ဆဲဗင်းဒေး

Post a Comment

Previous Post Next Post