မန္တလေး၊ မတ် ၂၁

၁။ ၉-၃-၂၀၂၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းစဉ် ချမ်းမြသာစည်မြို့နယ်၊ မြရည် နန္ဒာရပ်ကွက် (၅၅)လမ်းအနီး ခိုးမှုများကျူးလွန်လေ့ရှိကြောင်း သတင်းရရှိထားသူ မင်းမင်းအောင် (ခ)ကိုလတ်(ခ)လတ်လတ် အား Honda Scoopyi 110 ဆိုင်ကယ်ဖြင့် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်အား လွန်ခဲ့သော(၁၀) ရက်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင် သော့တန်း လန်းဖြင့် ရပ်ထားစဉ် ခိုးယူက မောင်းနှင်အသုံးပြုနေခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် မင်းမင်းအောင်(ခ)ကိုလတ်(ခ) လတ်လတ်အား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၁၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ကာ ကွင်းဆက်အမှုများ ဖော်ထုတ်ရန် ဆက်လက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၂။ အလားတူ ၁၃-၃-၂၀၂၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းကြား၊ (၄၉)လမ်းပေါ်တွင် ခိုးမှုများကျူးလွန်လေ့ရှိကြောင်း သတင်းရရှိထားသူ ကျော်ရဲအောင် အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁၀)ရက်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ (၃၄×၃၅)လမ်းကြား၊ (၇၇)လမ်းမပေါ်တွင် သော့တန်းလန်းဖြင့် ရပ်ထားသော Honda Click 125 (နီ/နက်) ဆိုင်ကယ်အား ခိုးယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)နယ်မြေရဲစခန်း (ပ)၉၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ကာ ကွင်းဆက်အမှုများ ဖော်ထုတ်ရန် ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၃။ တိုင်းမှုခင်းအကူဌာနစုမှ ဖမ်းဆီးရမိသော မသင်္ကာတရားခံဖြစ်သည့် မင်းမင်းအောင်(ခ) ကိုလတ်(ခ) လတ်လတ် နှင့် ကျော်ရဲအောင် တို့(၂)ဦးအား ဆက်လက်စစ်ဆေး ဆောင်ရွက်ခဲ့ရာ ၎င်းတို့ (၂)ဦး ခိုးယူခဲ့သည့် အောက်ပါဆိုင်ကယ်(၇)စီး ခိုးယူခဲ့မှုအား ဖော်ထုတ်နိုင်ခဲ့ပြီး သက်သေခံ ဆိုင်ကယ်များအား သိမ်းဆည်းရမိပြီးဖြစ်သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည် -
🔸Honda Scoopyi 110 (နက်/ပန်း) (ဘောင်အမှတ် MLHJF 3612E4149683)
(ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၁၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)


🔸Honda Click 125 (နီ/နက်) (ဘောင်အမှတ် MLHJF 3508D5054102)
(အမှတ်(၈)နယ်မြေရဲစခန်း (ပ)၉၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)

🔸Honda Click 110 (နီ/နက်) (ဘောင်အမှတ် NC110BKE0221597)
(အမှတ်(၉)နယ်မြေရဲစခန်း (ပ)၂၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)

🔸Honda Click 110 (နီ/နက်) (ဘောင်အမှတ် NC110BKE0221597)
(အမှတ်(၉)နယ်မြေရဲစခန်း (ပ)၂၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)

🔸Honda Click 125 (ဖြူ/ရွှေရောင်) (ဘောင်အမှတ် MLHJF 3708E5003746)
(အမှတ်(၉)နယ်မြေရဲစခန်း (ပ)၂၃၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)

🔸YAMAHA HA FZ (အနက်) (ဘောင်အမှတ် ME121COGBD2038769)
(အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၂၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)

🔸တရုတ်နိုင်ငံထုတ် Honda Scoopyi 110 (နက်/ရွှေရောင်)(ဘောင်အမှတ် LN4TCAJG1D08303)
(ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၁၈၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)

🔸CZI-125 ဆိုင်ကယ် (ခဲ/နက်ရောင်)(ဘောင်အမှတ် LCLXCJLOCA120626)
(အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၁၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄)

Mandalay Police

Post a Comment

Previous Post Next Post