Unicode

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19  ဖြစ်ပေါ်နေတဲ့အချိန်မှာ ဈေးသည်တွေအနေနဲ့ အခွင့်ကောင်းယူပြီး ဝိသမလောဘနဲ့ မရောင်းချဖို့နဲ့ ရောင်းချတာတွေ့ရင် ထိထိရောက်ရောက်အရေးယူမယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက ပြောပါတယ်။ 


မတ်လ ၁၃ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ဦးဇော်ဌေးက သတိပေးပြောကြားလိုက်တာပါ။


မနေ့ညက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်လာပြီး ရန်ကုန်ရှိ ဈေးဝယ်စင်တာတွေမှာ လူတွေအများအပြား တိုးကြိတ်ဝယ်ယူတာတွေ ရှိခဲ့ပါတယ်။


မတ်လ ၁၃ ရက် ဒီနေ့မနက်ကလည်း ဈေးတွေမှာ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်စတဲ့ စားသောက်ကုန်တွေကို ပြည်သူတွေအကြား ဝယ်ယူစုဆောင်းမှုတွေများပြားနေပါတယ်။ အခုလိုဝယ်ယူမှုတွေကြောင့် ဈေးကွက်အတွင်းမှာ ဆေးဝါးတွေနဲ့ စားသုံးကုန်တွေ ပစ္စည်းတချို့ကို စီးပွားရေးသမားတွေက ဈေးနှုန်းမြှင့်တင်မှုတွေလည်းရှိခဲ့ပါတယ်။


#ဒီဗွီဘီ

Zawgyi

လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ COVID-19  ျဖစ္ေပၚေနတဲ့အခ်ိန္မွာ ေဈးသည္ေတြအေနနဲ႔ အခြင့္ေကာင္းယူၿပီး ဝိသမေလာဘနဲ႔ မေရာင္းခ်ဖို႔နဲ႔ ေရာင္းခ်တာေတြ႕ရင္ ထိထိေရာက္ေရာက္အေရးယူမယ္လို႔ အစိုးရ ေျပာေရးဆိုခြင့္ရွိသူ  ဦးေဇာ္ေဌးက ေျပာပါတယ္။ 


မတ္လ ၁၃ ရက္မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတ႐ုံးမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ  ဦးေဇာ္ေဌးက သတိေပးေျပာၾကားလိုက္တာပါ။

မေန႔ညက ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္မွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေပၚလာၿပီး ရန္ကုန္ရွိ ေဈးဝယ္စင္တာေတြမွာ လူေတြအမ်ားအျပား တိုးႀကိတ္ဝယ္ယူတာေတြ ရွိခဲ့ပါတယ္။


မတ္လ ၁၃ ရက္ ဒီေန႔မနက္ကလည္း ေဈးေတြမွာ ဆန္၊ ဆီ၊ ဆား၊ ေခါက္ဆြဲေျခာက္စတဲ့ စားေသာက္ကုန္ေတြကို ျပည္သူေတြအၾကား ဝယ္ယူစုေဆာင္းမႈေတြမ်ားျပားေနပါတယ္။ အခုလိုဝယ္ယူမႈေတြေၾကာင့္ ေဈးကြက္အတြင္းမွာ ေဆးဝါးေတြနဲ႔ စားသုံးကုန္ေတြ ပစၥည္းတခ်ိဳ႕ကို စီးပြားေရးသမားေတြက ေဈးႏႈန္းျမႇင့္တင္မႈေတြလည္းရွိခဲ့ပါတယ္။


#ဒီဗြီဘီ

Post a Comment

Previous Post Next Post