ဒီေန႔ ၿဂိဳလ္ေမႊေနတဲ့ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ကိုရပ္တန႔္ဖို႔က ကာကြယ္ေဆးနဲ႔ ကုသေဆးအဓိက လိုပါမယ္။

ဩစေတးလ်က တီဘီ ကာကြယ္ေဆးကို COVID-19 အတြက္ သုံးၾကည့္မယ္လို႔ဆိုပါတယ္။ တီဘီ ကာကြယ္ေဆး BCG vaccine ကို က်န္းမာေရးလုပ္သား 4000 ေလာက္မွာ သုံးၿပီး COVID-19 လကၡဏာေလ်ာ့က်မလား ၾကည့္မယ္လို႔ ဆိုပါတယ္။

အခုအခ်ိန္အထိ COVID-19 ကာကြယ္ေဆး ထုတ္ဖို႔ႀကိဳးစားေနတဲ့ အဖြဲ႕ 30 ေလာက္ရွိပါတယ္။ COVID-19 ဟာ SARS ေရာဂါ နဲ႔ MERS ေရာဂါျဖစ္ေစတဲ့ virus ေတြနဲ႔ အမ်ိဳးတူ ကို႐ိုနာဗိုင္းရပ္စစ္အမ်ိဳးအစားပါ။ သိထားဖို႔က အရင္က SARS နဲ႔ MERS အတြက္ေတာင္မွ တိရိစာၦန္အတြက္ပဲ စမ္းသပ္ထားၿပီး လူအတြက္ ေအာင္ျမင္စိတ္ခ်ရတဲ့ ကာကြယ္ေဆး မရွိေသးပါ။ အဲ့ဒီတုန္းက အသည္းအသန္ ကာကြယ္ေဆးရဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ SARS နဲ႔ MERS ကို ထိန္းႏိုင္သြားတာနဲ႔ စမ္းလက္စကို ေခ်ာင္ထိုးထားလိုက္ၾကတာပါ။

အခု COVID-19 အတြက္ မူပိုင္ခြင့္ patent ရၿပီးသား၊ တမင္မခ်ျပတာဆိုၿပီး ေကာလဟာေတြ လူမႈကြန္ယက္မွာ ျပန႔္ေနတာက SARS စမ္းသပ္ခဲ့တုန္းက DNA genome sequences မူပိုင္ခြင့္ပါ။ တကယ့္ COVID-19 ကာကြယ္ေဆးက ရကို မရေသးပါ။ အဲ့ဒီမွာ ကာကြယ္ေဆးရဖို႔ Clinical Phase I, Phase II, Phase III ဆိုၿပီး စမ္းသပ္မႈ 3 ဆင့္လုပ္ရပါတယ္။



Phase I အဆင့္ (၁) မွာ လူအနည္းငယ္နဲ႔ စမ္းတယ္။ Phase II အဆင့္ (၂) မွာ ကိုယ္လိုခ်င္တဲ့ အသက္အ႐ြယ္၊ က်န္းမာေရး စသည္အလိုက္ က်ယ္က်ယ္ျပန႔္ျပန႔္ စမ္းတယ္။ Phase III အဆင့္ (၃) မွာ လူေထာင္ေပါင္းမ်ားစြာနဲ႔ (ထိေရာက္မႈ နဲ႔ ေဘးကင္းစိတ္ခ်ရမႈ) အတြက္ စမ္းပါတယ္။ Phase III ေအာင္ျမင္ရင္ ထုတ္လုပ္ခြင့္ လိုင္စင္ရပါၿပီ။ အခ်ိဳ႕ေတြက Phase IV ဆိုၿပီး ပိုမိုနားလည္ေအာင္ ထုတ္လုပ္ခြင့္ရအၿပီးမွာ ထပ္စမ္းပါေသးတယ္။

CRD-Original

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်ဖို့ ကြိုးစားနေမှု နောက်ဆုံးအခြေအနေ…

ဒီနေ့ ဂြိုလ်မွှေနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကိုရပ်တန့်ဖို့က ကာကွယ်ဆေးနဲ့ ကုသဆေးအဓိက လိုပါမယ်။

ဩစတေးလျက တီဘီ ကာကွယ်ဆေးကို COVID-19 အတွက် သုံးကြည့်မယ်လို့ဆိုပါတယ်။ တီဘီ ကာကွယ်ဆေး BCG vaccine ကို ကျန်းမာရေးလုပ်သား 4000 လောက်မှာ သုံးပြီး COVID-19 လက္ခဏာလျော့ကျမလား ကြည့်မယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ COVID-19 ကာကွယ်ဆေး ထုတ်ဖို့ကြိုးစားနေတဲ့ အဖွဲ့ 30 လောက်ရှိပါတယ်။ COVID-19 ဟာ SARS ရောဂါ နဲ့ MERS ရောဂါဖြစ်စေတဲ့ virus တွေနဲ့ အမျိုးတူ ကိုရိုနာဗိုင်းရပ်စစ်အမျိုးအစားပါ။ သိထားဖို့က အရင်က SARS နဲ့ MERS အတွက်တောင်မှ တိရိစ္ဆာန်အတွက်ပဲ စမ်းသပ်ထားပြီး လူအတွက် အောင်မြင်စိတ်ချရတဲ့ ကာကွယ်ဆေး မရှိသေးပါ။ အဲ့ဒီတုန်းက အသည်းအသန် ကာကွယ်ဆေးရဖို့ ကြိုးစားခဲ့ကြပေမယ့် SARS နဲ့ MERS ကို ထိန်းနိုင်သွားတာနဲ့ စမ်းလက်စကို ချောင်ထိုးထားလိုက်ကြတာပါ။

အခု COVID-19 အတွက် မူပိုင်ခွင့် patent ရပြီးသား၊ တမင်မချပြတာဆိုပြီး ကောလဟာတွေ လူမှုကွန်ယက်မှာ ပြန့်နေတာက SARS စမ်းသပ်ခဲ့တုန်းက DNA genome sequences မူပိုင်ခွင့်ပါ။ တကယ့် COVID-19 ကာကွယ်ဆေးက ရကို မရသေးပါ။ အဲ့ဒီမှာ ကာကွယ်ဆေးရဖို့ Clinical Phase I, Phase II, Phase III ဆိုပြီး စမ်းသပ်မှု 3 ဆင့်လုပ်ရပါတယ်။

Phase I အဆင့် (၁) မှာ လူအနည်းငယ်နဲ့ စမ်းတယ်။ Phase II အဆင့် (၂) မှာ ကိုယ်လိုချင်တဲ့ အသက်အရွယ်၊ ကျန်းမာရေး စသည်အလိုက် ကျယ်ကျယ်ပြန့်ပြန့် စမ်းတယ်။ Phase III အဆင့် (၃) မှာ လူထောင်ပေါင်းများစွာနဲ့ (ထိရောက်မှု နဲ့ ဘေးကင်းစိတ်ချရမှု) အတွက် စမ်းပါတယ်။ Phase III အောင်မြင်ရင် ထုတ်လုပ်ခွင့် လိုင်စင်ရပါပြီ။ အချို့တွေက Phase IV ဆိုပြီး ပိုမိုနားလည်အောင် ထုတ်လုပ်ခွင့်ရအပြီးမှာ ထပ်စမ်းပါသေးတယ်။

Post a Comment

Previous Post Next Post