မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးရက်သတ္တပတ်များ

အရေးကြီးဆုံး ရက်သတ္တပတ်များ
—————————————

မြန်မာနိုင်ငံအနေနဲ့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ခြင်း ရှိမရှိဆိုတာကို လာမည့် သီတင်းပတ် ၂ပတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ ကျန်းမာရေးဌာနက ခန့်မှန်းထားပါတယ်။


နောက်ဆုံး တားမြစ်ချက်အနေနဲ့ ပြည်ပက လာသူ အကုန်လုံးကို ဒီနေ့ပိတ်လိုက်ပီးတဲ့နောက် ပြည်ပက လာစရာမရှိတော့လို့ ပြည်တွင်းမှာ ကူးစက်ခံနေရသူတွေကို လိုက်ပီး ကုသကာကွယ်တော့မှာဖြစ်ပါတယ်။


ထပ်ဝင်လာစရာ မရှိတော့လို့ လက်ရှိကူးစက်နေသူတွေနဲ့ ထိတွေ့နေသူတွေကို အပြင်းအထန် လိုက်လံရှာဖွေပီး ခွဲခြားကုသနိုင်ရင် အတော်ကြီး အဆင်ပြေသွားမှာပါ။ မြန်မာပြည်ရဲ့ အရေးအကြီးဆုံးရက်သတ္တပတ် ၂ပတ် စတင်ပါပီ။ အိမ်မှာနေပါ။ လက်ဆေးပါ။ လူစုလူဝေးရှောင်ပါ။ သင်္ကြန်နွေဦး တူးပို့ တူးပို့ မလုပ်ကြပဲ အိမ်မှာပဲနေကြရင်တော့ သင်္ကြန်အပီးမှာ မြန်မာပြည်ကြီး အခြေအနေကောင်းသွားမှာပါ။ အားလုံး ကံကောင်းကျန်းမာကြပါစေ။

Credit Nay Thway

Post a Comment

Previous Post Next Post