Unicode

၁၁.၃.၂၀၂၀….ဂရုဏာရှင်မိသားစုစေတနာ.

ဒီသူငယ်လေးက
ယခင်က…ဆိုင်ကယ်…ကယ်ရီမောင်းပါတယ်….မိန်းမနေမကောင်းဖြစ်တော့
ဆိုင်ကယ်လေးပေါင်ပြီးဆေးကုတယ်

မိန်းမလည်းဆုံး…ဆိုင်ကယ်လေးလည်း
အပေါင်ဆုံးသွားတော့….
ကျန်ခဲ့တဲ့အမိမဲ့သားလေးကို
စက်ဘီးဟောင်းလေးမှာတင်ပြီး
မြွေပါး..ကင်းပါး….တောထဲမှာ
ဖက်ခူးပြီးဝမ်းစာရှာရတယ်…



 မိမိကမကြာခဏခေါ်ယူပြီး
လှူဒါန်းနေဖြစ်တယ်
လွန်ခဲ့တဲ့ရက်မှာ…ဂျပန်ပြည်က
သမီးငယ်အေးအေးရှင်ကို
အကြောင်းပြုပြီး…သမီးသူငယ်ချင်း
မယဥ်ယဥ်ဆွေက
သူ့အဖွားဒေါ်သန်းအားအမှူးထားပြီး
ကွယ်လွန်သူမိခင်ကြီး
ဒေါ်ခင်မိုးလှိုင်အားရည်စူးလျှက်
ဖခင်ဦးအောင်ငွေ…၇၈..နှစ်မွေးနေ့
အလှူ..သားသမီးများနှင့်
မြေးစွမ်းလပြည့်မိသားစု
ကောင်းမှုအဖြစ်….ငွေ…၁၁..သိန်း
လွှဲပို့လှူဒါန်းထားတယ်





မိမိနဲ့..သူတို့နဲ့အာရုံတူနေတာက
သူတို့သားအဖ..ဘဝလေးကို
အခြေမြင့်ပေးလိုတာပဲ…
ဒါကြောင့်…သူတို့ဘဝလေး
အဆင်အပြေဆုံးဖြစ်စေဖို့
အကြမ်းခံပြီး..ကယ်ရီဆွဲစားလို့ရမယ့်
လိုင်စင်ပါတဲ့ဆိုင်ကယ်အသစ်တစ်စီးကို
ရပ်ရွာလူကြီးတွေရှေ့မှာ
လှူဒါန်းပေးလိုက်ပါတယ်
သူက..အဘရယ်..ညကခေါ်ပြီး
ဆိုင်ကယ်အသစ်စက်စက်တစ်စီး
လှူပေးမယ်


ကွယ်လွန်သူမိန်းမကိုသတိရတိုင်း
စားဝတ်နေရေးအဆင်မပြေတိုင်း
သေရည်ကိုမသောက်ဖို့
ဆိုင်ကယ်ရသွားရင်
သားလေးကို…အကျိုးရှိမယ့်
ကလေးထိန်းကျောင်း
ယဥ်ကျေးလိမ္မာကျောင်းပို့ထားဖို့
ခေါ်ပြောတော့
ဂတိတွေအထပ်ထပ်ပေးပြီး
ဆိုင်ကယ်သစ်လေးရရင်ဆိုတဲ့
စိတ်ကူးနဲ့အိပ်မပျော်ပါဘူး
ခုလည်းအိပ်မက်လိုလိုပါပဲ
ကိုယ့်အသားကိုယ်ပြန်ဆိတ်ကြည့်
နေရပါတယ်တဲ့…


ဟုပ်ပါတယ်…နယ်တွေမှာက
လိုင်စင်မပါတဲ့…ဆိုင်ကယ်ဟောင်းတွေ
ကိုပဲ…စျေးပေါပေါစီးကြတာ
ခုလိုလိုင်စက်ဘီးအသစ်လေးရတော့
ကိုယ့်အသားကိုယ်ပြန်ဆိတ်နေရတယ်ဆိုပဲ
ပုံမှန်ဝင်ငွေလေးတော့သူတို့အတွက်
ရသွားပါပြီ…..


ကလေးငယ်လေးနဲ့မို့
နေရေးလေးအဆင်ပြေဖို့
သူတို့တဲလေးကို
သွားရောက်ပြင်ဆင်ပေးပါဦးမယ်
ထိထိရောက်ရောက်ရှိတဲ့အလှူလေးမို့
မိသားစုအားလုံး…ကောင်းကျိုးလိုရာ
ဆန္ဒပြည့်စုံကြပါစေပေါ့…
Credit
နှလုံးသားမေတ္တာရှင်

Post a Comment

Previous Post Next Post