ဝင်ထွက်ခွင့်ပိတ်လိုက်၍ ထိုင်းနိုင်ငံ၌ မြန်မာလုပ်သားများ သောင်တင်နိုင်

 COVID-19 ကာကွယ် ရေး ထိုင်း-မြန်မာနယ်စပ်တွင် ရှိသည့် ဂိတ်အားလုံးကို ထိုင်းအ စိုးရက မတ်လ ၂၃ ရက်ကစတင် ကာ ပိတ်သိမ်းမည်ဖြစ်ပြီး ကုန် စည်ပို့ဆောင်ရေးကားများကိုသာ ဝင်ထွက်ခွင့်ပြုမည်ဟု ကြေညာ သည်။

မတ်လ ၂၁ ရက်တွင် မြဝတီ -မဲဆောက် အမှတ်(၁) ချစ်ကြည် ရေးတံတားဂိတ်ကိုသာ ပိတ်ပြီး အမှတ်(၂)တံတားတွင် လူဝင်  လူထွက်ခွင့်ပြုခဲ့သော်လည်း မတ် ၂၃ ရက်ကစတင်ကာ အကုန်လုံး ပိတ်မည်ဟု ထိုင်းအာဏာပိုင်များ က ထုတ်ပြန်သည်။

ထိုသို့ဂိတ်အားလုံးပိတ်ခြင်း ကို ထိုင်းအာဏာပိုင်များက ဆုံး ဖြတ်ချက်ချပြီးမှသာ မြန်မာဘက် သို့ စာဖြင့်အကြောင်းကြားညှိနှိုင်း လာခြင်းဖြစ်ပြီး ယနေ့ (မတ် ၂၃  ရက်)တွင် နယ်စပ်ရောက်လာမည့် မြန်မာလုပ်သားများ မဲဆောက်မြို့ တွင် သောင်တင်နိုင်သည့် အခြေ အနေရှိနေကြောင်း မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့် ဇင်အောင်ကပြောသည်။

‘‘သူတို့က ဆိုင်းမဆင့် ဗုံ မဆင့် ပိတ်လိုက်တဲ့အတွက် ပြန် လာနေကြပြီဖြစ်တဲ့ မြန်မာလုပ် သားတွေက ကမ်းနားတစ် လျှောက်မှာ ပြည့်သွားနိုင်တဲ့အနေ အထားရှိတယ်။ ဒီဟာကို သူတို့ ဘယ်လိုလုပ်မလဲ လွှတ်ပေးမ လား၊ မပေးဘူးလား ဆိုတာကို တော့ စောင့်ကြည့်ရမှာပဲ။ ကျွန် တော်တို့နိုင်ငံသားတွေ ဝင်လာ တာနဲ့ ချက်ချင်းကျန်းမာရေးစစ် ဆေးမှုတွေ တင်းကျပ်စွာ လုပ် ဆောင်ဖို့ပြင်ထားပါတယ်’’ ဦး သန့်ဇင်အောင်က ပြောသည်။

COVID-19 အပြင် ဗီဇာ သက်တမ်းကုန်ဆုံးခြင်း၊ အလုပ်ရုံ ပိတ်ခြင်း၊ သြင်္ကန်ပြန်လာခြင်း စသည်များကြောင့် ထိုင်းရောက် မြန်မာလုပ်သားများ နေရပ်ပြန် လာသည့်ကာလဖြစ်သည်ဟု ၎င်း ကရှင်းပြသည်။

ကိုရဲမင်း (ACC မဟာမိတ် အဖွဲ့)ကလည်း ‘‘ထိုင်းဘက်မှာအ ခြေအနေက ဆိုးနေပြီ။ မဟာချိုင် မှာဆိုရင်  မြို့ကိုကန့်သတ်တာတွေ လုပ်နေပြီ။ ကုန်တိုက်တွေ၊ ဈေး တွေ အကုန်ပိတ်နေပြီ။ အဲဒီတော့  အလုပ်သမားတွေက နောက်ဆို တိုက်ခန်းအထဲမှာနေရမယ့်အတူ တူ တချို့က ကြောက်ပြီးပြန်ကြ တာ။ ဗီဇာတွေရှိပေမယ့်လည်းပြန် တဲ့သူတွေလည်းပါတယ်။ အဓိက  က COVID-19 ကို ကြောက်ပြီး ပြန်နေကြတာ’’ဟု ပြောသည်။

ထိုကဲ့သို့  ချစ်ကြည်ရေးတံ တားများအပါအဝင် နယ်စပ်ဂိတ် အားလုံးပိတ်လိုက်ခြင်းကြောင့်  ထိုင်းဘက်ခြမ်းကို နေ့ချင်းပြန်  အလုပ်သွားရောက်လုပ်နေသည့် သောင်းချီသည့် နေ့စားအလုပ်သ မားများမှာ အကျပ်အတည်း ကြုံ တွေ့နိုင်ကြောင်း ၎င်းက သုံးသပ် သည်။ ထို့ကြောင့် COVID-19 ကြောင့် ပိတ်သည်ကို လက်ခံ သော်လည်း ရေရှည်အကျပ်အ တည်းကို  ထည့်သွင်းတွက်ချက် ရန်လိုသည်ဟု ကိုရဲမင်းကဆို သည်။

ထိုင်းအာဏာပိုင်များ၏  ထုတ်ပြန်ချက်တွင် COVID-19 အဆမတန် ပြန့်ပွားကူးစက်နေ သောအခြေအနေကြောင့် ယင်း ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်  ခရိုင်ကူးစက်ရောဂါထိန်းချုပ်ရေး ကော်မတီနှင့် ထိုင်းနိုင်ငံပြည်သူ့ လွှတ်တော်၏ ဆုံးဖြတ်ချက်အရ  ကုန်ပစ္စည်း သယ်ယူပို့ဆောင် သောယာဉ်နှင့်  ရောဂါကူးစက်ခံရ ခြင်းမရှိကြောင်း စစ်ဆေးခံရပြီး သော ယာဉ်မောင်းတစ်ဦး၊ ယာဉ် နောက်လိုက်တစ်ဦးမှအပ ကျန် သူအားလုံးကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့်ပိတ်ပင်လိုက်သည် ဟုပါရှိသည်။

မြန်မာဘက်တွင် ချစ်ကြည် ရေးတံတားအမှတ်(၂)အပါအဝင် ဘောဂိတ်၊ ဆီဂဲလ်ဂိတ်၊ သရက် ပင်ဂိတ်များကို ဖွင့်လှစ်ပေးထား သော်လည်း ထိုင်းနိုင်ငံဘက်တွင် မူ မတ်လ ၂၃ ကစတင်ကာ ဂိတ် များအားလုံး ပိတ်လိုက်သဖြင့် ပြန်လာသည့် မြန်မာလုပ်သားများ  ဝင်ရောက်ခွင့်မရှိတော့သည့် အ ခြေအနေတွင်ရှိနေပြီး နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းဆောင်ရွက်စေ လိုကြောင်း လွှတ်တော်ကိုယ်စား လှယ် ဦးသန့်ဇင်အောင်ကပြော သည်။

ထို့ကြောင့် မတ်လ ၂၃ ရက် ကစပြီး ကရင်ပြည်နယ် မြဝတီမြို့ ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူအဝင်အထွက်သွား လာမှုကို ထိုင်းက ခွင့်ပြုတော့မည်မဟုတ် ဘဲ ကုန်ပစ္စည်းတင်ပို့မှုကိုသာ ခွင့် ပြုတော့မည်ဟု၎င်းကပြောသည်။ သို့သော် ယမန်နေ့ညတွင်မူ ပြန် လာသည့် မြန်မာလုပ် သားများကို ညဥ့် ၁၂ နာရီအထိလက်ခံပေး သည်ဟု ကရင်ပြည်နယ်အစိုးရက ထုတ်ပြန်သည်။ ထိုသို့ လက်ခံပေး ခြင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားမှုကြောင့်ဖြစ်ကြောင်း ဦးသန့်ဇင် အောင်ကပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်ရှိ  တာချီလိတ်-မယ်ဆိုင် နယ်စပ် ဂိတ်များလည်း ယခင်ကချစ်ကြည် ရေးတံတား အမှတ်(၂) ကိုသာ ပိတ်ထားသော်လည်း မတ် ၂၃ ရက်ကစတင်ကာ ချစ်ကြည်ရေး တံတား အမှတ်(၁)ကိုပါ စတင် ပိတ်ပင်ထားမည်ဟု ထိုင်းအာ ဏာပိုင်များက ထုတ်ပြန်သည်။ သို့သော် အမှတ်(၁) တံတားကို ပိတ်ပြီးနောက် တာချီလိတ်-မယ် ဆိုင် ချစ်ကြည်ရေးတံတားအမှတ် (၂)ကို ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်ကာ ထိုအမှတ်(၂)တံတားပေါ် မှတစ်ဆင့် ကုန်စည်တင်ဆောင် သည့် ယာဉ်နှင့် ယာဉ်မောင်းတစ် ဦးကိုသာ ဖြတ်သန်းခွင့်ပေးမည် ဖြစ်သည်။

ထို့အပြင် တာချီလိတ်ဒေ သအတွင်း စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ မပြတ် လပ်စေရေး ယခင်တံတားအမှတ် (၁) မှ ဖြတ်သန်းနေသည့် လူသုံး ကုန်နှင့် စားသောက်ကုန် တစ်နိုင် တစ်ပိုင်များကို မှန်လုံယာဉ်အ သေးဖြင့်  အခွန် ၃ ရာခိုင်နှုန်းပေး ဆောင်ကာ အမှတ်(၂)တံတားမှ သယ်ယူဖြတ်သန်းနိုင်ရန် ဆက် လက်ညှိနှိုင်းသွားမည်ဟု တာချီ လိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက  ယမန်နေ့တွင် ထုတ်ပြန်သည်။

တာချီလိတ်မြို့စက်သုံးဆီ အသင်းအနေဖြင့် ဒီဇယ်လီတာ ခုနစ်သိန်းနီးပါးနှင့် ဓာတ်ဆီလီ တာ ခုနစ်သိန်းခန့် သိုလှောင်ထား သဖြင့် ယခင်ဈေးနှုန်းအတိုင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ကောလာဟလသတင်းများ ကြောင့် ထိတ်လန့်မှုမဖြစ်စေရန်  သတင်းအမှန်ကို စောင့်ကြည့်ရန်  ခရိုင်စီမံခန့်ခွဲမှုကော်မတီကနှိုး ဆော်ထားသည်။

ထိုင်းအစိုးရက ထိုသို့ချစ် ကြည်ရေးတံတား ပိတ်သော် လည်း ဒေသခံများအပေါ် ထွေ ထွေထူးထူး ထိခိုက်မည်မဟုတ်ဟု  တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကပြောသည်။

‘‘တို့နိုင်ငံက နဂိုကတည်းက ဆန်၊ ဆီ၊ ဆား စားရေးသောက် ရေး ဖူလုံတဲ့တိုင်းပြည်လေ။ လူ သုံးကုန်တွေလောက်ပဲ ထိုင်း ဘက်က ဝင်လာတာ။စားသောက် ကုန်လုပ်ငန်းက တာချီလိတ်ဘက် မှာ အကုန်ရှိတယ်။ လိုအပ်လာ ရင်လည်း ပြည်မထဲကနေ ရှမ်း ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်နဲ့ ပို့မှာပါ’’ဟု ၎င်းကပြောသည်။

ထို့ကြောင့် တာချီလိတ်ဒေ သအတွင်း ကုန်စည်ဒိုင်နှင့် ကုန် စုံဆိုင်များတွင် စားသောက်ကုန် နှင့်အခြားကုန်ပစ္စည်းများကို ဈေး နှုန်းမြှင့်တင်၍ ရောင်းချဆောင် ရွက်မှုများ မပြုလုပ်ကြရန်၊ စား သောက်ကုန်နှင့် အခြားကုန် ပစ္စည်းများကို အဆောတလျင် ဝယ်ယူခြင်းများ မပြုလုပ်ကြရန်  ခရိုင်စီမံခန့်ခွဲမှုအုပ်ချုပ်ရေးကော်မတီက ကြေညာသည်။

ထို့အပြင် ယခင်ရက်များက တာချီလိတ်နယ်စပ်မှတစ်ဆင့်  နေရပ်ပြန်သော မြန်မာလုပ်သား  ထောင်ဂဏန်းသာရှိသော်လည်း  ယမန်နေ့တစ်ရက်တည်းတွင်ပင်  တာချီလိတ်နယ်စပ်မှ နေရပ် ပြန်လာသည့် မြန်မာလုပ်သားများ  တစ်သောင်းကျော်ရှိခဲ့သည်ဟု  တာချီလိတ်လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်တင့်ကပြော သည်။

ထို့အပြင် တနင်္သာရီတိုင်းရှိ မြန်မာ-ထိုင်း နယ်စပ်ဂိတ်ဖြစ် သည့် ကော့သောင်း – ရနောင်း စဖန်ပလားဂိတ်ကိုလည်း မတ်လ ၂၃ ရက်ကစ၍ ပိတ်မည်ဟု ထိုင်း အာဏာပိုင်က ထုတ်ပြန်ထား သည်။

မြန်မာနယ်စပ်တွင်ရှိသည့်  အဝင်အထွက်ပေါက်ဂိတ်များ အားလုံးကို မြန်မာဘက်က နိုင်ငံ ခြားသားများ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို ပိတ်သိမ်း လိုက်ပြီးနောက် ရက်ပိုင်းအတွင်း ထိုင်းအစိုးရက COVID-19 ရော ဂါထိန်းချုပ်ရေးဟုဆိုကာ ယခုကဲ့ သို့ လူအဝင်အထွက်သွားလာမှုကို  ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ် သည်။

ရနောင်း၊ ချင်းရိုင်၊ တာခ့် ခရိုင်နှင့် ထိစပ်သည့် နယ်စပ်ဂိတ် မှတစ်ဆင့် လူဝင်လူထွက် ပိတ် လိုက်သည်ဆိုသည်ကိုလည်း ရန် ကုန်မြို့ရှိ ထိုင်းသံရုံးက ထိုင်းဘာ သာဖြင့် ယမန်နေ့တွင် ထုတ်ပြန်ခဲ့ သည်။

COVID-19 ရောဂါပျိုးရက် သည် ၁၄ ရက်ကြာသဖြင့် စစ် သည့်အချိန်တွင် မပေါ်ဘဲ လွတ် သွားမည်ကိုစိုးသဖြင့် အသေးစိတ် ကောက်ယူထားသည့် မြဝတီနယ် စပ်မှတစ်ဆင့် ပြန်လာသည့်သူ များ၏ အချက်အလက်ကို ၎င်းတို့ ပြန်သွားမည့် လမ်းကြောင်းတစ် လျှောက်တွင် ပို့ပေးထားသည်ဟု  ကရင်ပြည်နယ်လူမှုရေးဝန်ကြီး  ဦးဘိုဘိုဝေမောင်က ရှင်းပြသည်။

နယ်စပ်ဂိတ်မှတစ်ဆင့်ဝင် ရောက်လာသူများကို ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ နေပြည်တော် နှင့် ပြည်ထောင်စု ကျန်းမာရေး ဝန်ထမ်းများ စုပေါင်းကာ စကန် နာစက်ဖြင့်လည်းကောင်း ကိုယ် အပူချိန် တိုင်းတာခြင်းများကို လည်းကောင်း  တင်းတင်းကျပ် ကျပ်စစ်ဆေးနေပြီး ပြန်လာသူ များ၏ ကိုယ်ရေးကိုယ်တာအချက် အလက်အသေးစိတ်ကိုလည်း ကောက်ယူထားသည်။ ယင်း ကောက်ယူသည့် အချက်အလက် များထဲတွင် ပြန်လာသူ၏ အမည်၊ မိဘအမည်၊ အသက်၊ နေရပ်လိပ် စာအတိအကျအသေးစိတ်၊ ပြန် မည့်လမ်းကြောင်း၊ မြန်မာတွင်  ကိုင်ဆောင်သည့် ဖုန်းနံပါတ်၊  ပြည်ပတွင် နေထိုင်ခဲ့သည့် နေရပ် လိပ်စာအပြည့်အစုံ၊ လွန်ခဲ့သည့် ၁၄ ရက်အတွင်း ဖျားနာခြင်းရှိမရှိ၊  လမ်းခရီးကြာချိန် စသည့်အသေး စိတ်အချက်အလက်များ ပါဝင် သည်။

ထို့အပြင် မြဝတီတွင် သီး သန့်လူနာခန်း၊ စောင့်ကြည့်လူနာ ခန်း စသည်များကိုလည်း ပြည် နယ်အစိုးရက ပြင်ဆင်ထားပြီး မြို့နှင့် အလှမ်းမဝေးသည့် အိမ် ရာစီမံကိန်းအချို့ကိုလည်း အိမ် တွင်သီးသန့်ထားရှိသည့် စောင့် ကြည့်လူနာခန်းအဖြစ် အသုံးပြု မည်ဖြစ်သည်။

ထို့အပြင် ကျေးလက်ကျန်း မာရေးဌာနများ၊ ကျေးရွာအုပ် ချုပ်ရေးမှူးများကိုလည်း COVID -19 ကာကွယ်ရေးတွင် ပါဝင် ဆောင်ရွက်ရန် မိမိရွာတွင် ထိုင်း နိုင်ငံမှ ပြန်လာသည့်သူများ နေမ ကောင်းသူများရှိပါက အကြောင်း ကြားရန်  ပြည်နယ်အစိုးရက လမ်းညွှန်ထားသည်။

မြဝတီနယ်စပ်မှတစ်ဆင့် မတ်လ ၁၈ရက်ကစတင် ဝင် ရောက်လာသူများမှာ ထောင်ချီရှိ ခဲ့ပြီး မတ်လ ၂၁ ရက်အထိ ပြန်လာသူ နှစ်သောင်းဝန်းကျင်ရှိ ခဲ့သည်။ ယမန်နေ့ မတ်လ ၂၂ ရက်တွင်မူ ညနေ ၄ နာရီအထိ ဝင်ရောက်လာသူ သုံးထောင် ကျော်ရှိခဲ့ပြီး ညဥ့် ၁၂ နာရီအထိ ဝင်ရောက်လာသူများအား လက် ခံခဲ့သည်။

လက်ရှိတွင် မတ်လ၂၂ ရက် ည ၇ နာရီအထိ မြန်မာနိုင်ငံ၌ COVID-19  ကူးစက်ခံရသူ မရှိ သေးသော်လည်း ထိုင်းနိုင်ငံ၌ ကူးစက်ခံရသူ လူနာ ၅၉၉ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့သည်။

ဆဲဗင်းဒေး

Post a Comment

Previous Post Next Post