Myanmar Idol Season(1)ရဲ့ Winner ဆု ရှင် စောလားထောဝါးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အသံချိုချို၊ အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေရဲ့အသည်းကို လှုပ်ခတ်သွားအောင် သီဆိုနိုင်တဲ့ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်ဖြစ်ခဲ့သလို လက်ရှိမှာလည်း အမာခံပရိသတ်တွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင် အဆိုတော် တစ်ယောက်ဖြစ်လို့ နေလို့နေပါပြီ..။ စောလားထောဝါးကတော့ ရရှိသမျှအနုပညာကြေးငွေတွေကို နေမကောင်းဖြစ်နေတဲ့ ညီမဖြစ်သူရဲ့ ဆေးးဖိုးအနေနဲ့ သုံးစွဲကာ ညီမဖြစ်သူ အမြန်ဆုံးပြန်လည်နေကောင်းဖို့အတွက် အလုပ်တွေကို ကြိုးစားနေခဲ့တာပါ..။

မတ်လ (၁၆)ရက်နေ့မှာတော့ နေမကောင်းဖြစ်နေတဲ့ ညီမဖြစ်သူ နော်မယ်ရီဖောလေးဟာ ခရစ်တော်မှာ အိပ်ပျော်သွားခဲ့ပြီမို့ ဖြေမဆည်နိုင်အောင် ခံစားနေရတဲ့သူ့ရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ကာ ညီမဖြစ်သူ ပုံလေးတွေနဲ့အတူ တင်ခဲ့ပါတယ်..။ ဒီနေ့ မတ်လ (၂၀)ရက်နေ့မှာတော့ ညီမဖြစ်သူ မကွယ်လွန်ခင်က ပြောခဲ့တဲ့ စကားလေးတွေကို သတိရအောက်မေ့နေတဲ့အကြောင်းလေးကို “ချောင်းသာသွားပြီးအကင်စားချင်တယ်တဲ့.။ ဆေးကုလို့ကုန်သွားတဲ့ပိုက်ဆံက အိမ်တစ်လုံးဝယ်ရင်တောင်ရတယ်တဲ့(Mary Paw)လေးကပြောခဲ့တယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ညီမဖြစ်သူ နော်မယ်ရီဖောလေးအတွက် ဖြေမဆည်နိုင်အောင် ခံစားနေရတဲ့ ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ကာ ရင်ဖွင့်နေတဲ့ လားလားကတော့ စိတ်ထဲမှာ ပူလောင်မှုတွေနဲ့ ဝမ်းနည်းနေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီး..။ ပရိသတ်ကြီးလည်း ညီမဖြစ်သူအတွက် ဝမ်းနည်းမှုတွေနဲ့ ဖြေမဆည်နိုင်အောင် ခံစားနေရတဲ့ လားလားအတွက် အားပေးစကားလေး တွေ ပြောပေးသွားခဲ့ပါဦးနော်..။




Credit

Source: Saw Lah Htaw Wah’s Facebook

Sakura(Cele Connections

Post a Comment

Previous Post Next Post