“tik Tok” Video လေးတွေနဲ့ စတင် လူသိများလာကော မော်ဒယ်လ်တစ်ယောက် ၊ မျက်နှာသစ် မင်းသားတစ်ယောက် အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ ရှိန်းတင်ထူးကတော့ လက်ရှိမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှု အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်လာခဲ့ရင် ရှာနိုင်သမျှငွေကြေးအကုန် ပြည်သူတွေအတွက်ပဲ လှူသွားမှာပါဆိုတဲ့အကြောင်းကို “ဆိုးဆိုးရွားရွားသာဖြစ်လာ ခဲ့ရင် ကျွန်တော် ရှာနိုင်သမျှ ငွေကြေး အကုန် ပြည်သူတွေအတွက်ပဲ လှူသွားမှာပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ရှိန်းတင်ထူးကတော့ (၂၀၁၆)ခုနစ်က အကယ်ဒမီရွှေကြို တစ်ယောက်ဖြစ်ခဲ့ပြီး ” သူစိမ်းအိမ် ” ရုပ်ရှင်ဇာတ်ကားကြီး မှာ ရှိန်း ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် ဝန်းရံခြင်းခံနေရသူလည်းဖြစ်ပါတယ်။ မော်ဒယ်မင်းသား ရှိန်းတင်ထူးကတော့ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားကူးစက်မှုတွေသာ အခြေအနေပိုဆိုးခဲ့ရင် သူရှာနိုင်သမျှငွေကြေးအကုန် ပြည်သူတွေအတွက် လှူဒါန်းသွားမှာတဲ့နော်။ လက်ရှိမှာတော့ ရောဂါပိုးရှိသူ(၃)ဦးသာ တွေ့ရှိထားပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝေဘာဂီအထူးကုဆးရုံကြီးတွင်(၁)ဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်(၁)သီးနှင့် အင်းစိန်ပြည်သူဆးရုံကြီးတွင်(၁)ဦး ဖြင့် အသီးသီး ရောဂါကုသခံယူနေတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ (၂၀၁၆)ခုနစ်က အကယ်ဒမီရွှေကြို တစ်ယောက်ဖြစ်ခဲ့ပြီး “tik Tok” Video လေးတွေနဲ့ စတင် လူသိများလာခဲ့သူ အပြုံးချိုချို ပိုင်ရှင် လူချောလေး ရှိန်းတင့်ထူးကတော့ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်လာခဲ့ရင် ရှာနိုင်သမျှငွေကြေးအကုန် ပြည်သူတွေအတွက်ပဲ လှူသွားမှာပါတဲ့နော်။

Source: Sheintin Htoo,Credit -CeleGabar

Post a Comment

Previous Post Next Post