စဉ်းစားမိလို့ပါ။
ကျ နော်တို့နိုင်ငံက ‘ကွမ်း’ နိုင်ငံလို့ပြောရရင်မမှားဘူး။
မိဘသဖွယ်ချစ်ခင်ခင်လေးစားရတဲ့ ဆရာကြီးဒေါက်တာညွန့်သိန်းကို လှမ်းမေးကြည့်ပြီး ပြောရမယ်ဆိုရင်
ကွမ်းရောင်းသူနဲ့ ကွမ်းစားသူ ကြားမှာလဲ ဆောင်ရန်ရှောင်ရန်နဲ့ သတိထားရမယ့်အချက်တွေလဲ ဂရုပြုရမယ်ထင်တယ်ဗျ။


မ ထင်ထားတဲ့နေရာကနေ ကွမ်း ဟာ အရေးကြီးပြဿနာဖြစ်လာနိုင်ပါတယ်။
မက်စ်တွေပါးစပ်အုပ်၊ လက်ဆွဲမနှုတ်ဆက် နဲ့ဆင်ခြင်ပြီး
လူတစ်ယောက်,ယာပေးတဲ့ ကွမ်းကြတော့ ပါးစပ်ထဲထိုးထည့်ရတာဆိုတော့ သေသေချာချာ ဂရုစိုက်ရမယ်ထင်တယ်။
ဆ ရာကြီးပြောပုံအရဆိုရင် ပိုးဟာ ကွမ်းရွက်၊ထုံး၊ကွမ်းသီးပေါ်မှာလဲ ရပ်တည်နိုင်တယ်ဆိုတော့,,,
ကွမ်းစီးပွားရေးကိုထိခိုက်လိုတာမဟုတ်ပါဘူး။
ကျနော်ကိုယ်တိုင်လဲ ထရီဇာမသိအောင် တစ်ခါတစ်လေ ကွမ်းကို ခိုးစားတတ်တဲ့လူပါ။
ကွမ်းဟာ လူတန်းစားအလွှာစုံစားတာဆိုသော်လဲ ကွမ်းကြောင့်ထိခိုက်မယ့်လူဟာ အခြေခံလူတန်းစားများပါတယ်။
အဲဒီလူတန်းစားဟာ နိုင်ငံမှာ အများစုလို့ပြောရမှာပါ။
အစားအသောက်ဝယ်စုဖို့နေနေသာသာ သူတို့ဟာ တစ်ရက်စာတောင်အနိုင်နိုင်ပါ။
ပြီးရင်ကွမ်းဟာ တောင်းစား၊နှိုက်စား၊ယူစား နဲ့ မျှလို့ အရမ်းလွယ်ကူပါတယ်။
စားပြီးတဲ့အပြင် ကွမ်းတံတွေးကနေလဲ ကူးနိုင်တယ်ဆိုတော့ ကျနော်တို့တော်တော်ဆင်ခြင်ရမယ်ထင်ပါတယ်။
ဖရန့်ထဲက မိတ်ဆွေဆရာဝန်တွေလဲ ဖြည့်ရေးပေးလို့ရပါတယ်။ ကျနော်ရေးတာ ပြည့်စုံမှာမဟုတ်သေးပါဘူး။
( ကွမ်း ရောင်းသူ/စားသူ များအားထိခိုက်လိုခြင်း ဆန္ဒ လုံးဝမရှိပါ )
စကားမစပ် – အွန်လိုင်းမှာ သတင်းအတုတွေကို ရှုံ့ချပြီး ည၈နာရီထိစောင့်စရာမလိုအောင် သတင်းအမှန်တွေ၊သတင်းဆိုဒ်တွေကို အချိန်ကုန်ခံ၊ဘေအကုန်ခံပြီး တောက်လျှောက်မျှဝေနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလဲ အရမ်းကြည်နူးကျေးဇူးတင်ပါတယ်🙏🏼🙏🏼🙏🏼

Credit Htwe Lynn Ko

Post a Comment

Previous Post Next Post