ရန်ကုန် မတ်
ရွှေပြည်သာမြို့နယ်ရှိ Myanmar Royal Apolo စက်ရုံပိုင်ရှင်က ဒေဝါလီခံသည်ဟု အကြောင်းပြကာထွက်ပြေးသွားခဲ့ခြင်းကြောင့် လုပ်ခလစာများမရရှိသေးသည့် စက်ရုံလုပ်သားများ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေခဲ့ပြီး ယင်းအခက်အခဲများကို ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဆန်နှင့် ငွေကြေးများလာရောက်လှူဒါန်းမှုပြုလုပ်ခဲ့သည်ဟုသိရသည်။
စက်ရုံပိုင်ရှင်ထွက်ပြေးသွားသဖြင့် အလုပ်သမားများက စက်ရုံရှေ့တွင် သက်ဆိုင်ရာက လုပ်ခလစာပြသနာအတွက်ဖြေရှင်းပေးရန်စောင့်ဆိုင်းနေကြပြီး ယင်းတို့အတွက် စားစရာအခက်အခဲများဖြစ်ပေါ်နေခဲ့သည်ဟုဆိုသည်။
Myanmar Royal Apoloတာဝန်ရှိသူတစ်ဦးက “လက်ရှိ သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာကငွေငါးသောင်းထောက်ပံ့လို့ ဒီနေ့ကစပြီးထမင်းချက်ရတယ်၊ အခု ပြည်ခိုင်ဖြိုးက ဆန်၁၈အိတ်နဲ့ ငွေ၆သောင်းလာလှူလို့ ထမင်းအတွက်ကတော့မပူရတော့ဘူး၊ကျွန်မတို့အဖွဲ့ကဆန္ဒပြတာမဟုတ်ဘူး၊ကိုယ့်လုပ်ခလစာလေးတွေ ပြန်ရဖို့စောင့်နေကြတဲ့သူတွေပါ”ပြောသည်။

ယင်းကဲ့သို့အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာမှ ငွေကြေးကျပ်ငါးသောင်းမတည်က ထမင်းနှင့် အစားအသောက်များကို ယနေ့နံနက်ကစပြီး ချက်ပြုတ်ကျွေးမွေးခဲ့သည်ဟုသိရသည်။
ယင်းကဲ့သို့ဆန်နှင့် ငွေကြေးလာရောက်လှူဒါန်းသည့် လှိုင်သာယာမြို့နယ် ဥက္ကဌနှင့်တာဝန်ရှိသူများကို မေးမြန်းရာအခက်အခဲဖြစ်နေသည်ကိုကြားသိရသည့်အတွက်လာရောက်ကူညီလှူဒါန်းခြင်းဖြစ်ကြောင်းကိုသာပြောကြားခဲ့သည်။
ဇော်ထွန်း
#TheFifthWaveNews
( Zawgyi )
စက်ရုံပိုင်ရှင်ထွက်ပြေးသွားသဖြင့် လုပ်ခလစာမရသေးသော ဝန်ထမ်းများ အတွက် ပြည်ခိုင်ဖြိုးပါတီမှ ဆန်နှင့် ငွေကြေးကူညီထောက်ပံ့
ရန်ကုန် မတ်
ရွှေပြည်သာမြို့နယ်ရှိ Myanmar Royal Apolo စက်ရုံပိုင်ရှင်က ဒေဝါလီခံသည်ဟု အကြောင်းပြကာထွက်ပြေးသွားခဲ့ခြင်းကြောင့် လုပ်ခလစာများမရရှိသေးသည့် စက်ရုံလုပ်သားများ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေခဲ့ပြီး ယင်းအခက်အခဲများကို ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဆန်နှင့် ငွေကြေးများလာရောက်လှူဒါန်းမှုပြုလုပ်ခဲ့သည်ဟုသိရသည်။
စက်ရုံပိုင်ရှင်ထွက်ပြေးသွားသဖြင့် အလုပ်သမားများက စက်ရုံရှေ့တွင် သက်ဆိုင်ရာက လုပ်ခလစာပြသနာအတွက်ဖြေရှင်းပေးရန်စောင့်ဆိုင်းနေကြပြီး ယင်းတို့အတွက် စားစရာအခက်အခဲများဖြစ်ပေါ်နေခဲ့သည်ဟုဆိုသည်။
Myanmar Royal Apoloတာဝန်ရှိသူတစ်ဦးက “လက်ရှိ သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာကငွေငါးသောင်းထောက်ပံ့လို့ ဒီနေ့ကစပြီးထမင်းချက်ရတယ်၊ အခု ပြည်ခိုင်ဖြိုးက ဆန်၁၈အိတ်နဲ့ ငွေ၆သောင်းလာလှူလို့ ထမင်းအတွက်ကတော့မပူရတော့ဘူး၊ကျွန်မတို့အဖွဲ့ကဆန္ဒပြတာမဟုတ်ဘူး၊ကိုယ့်လုပ်ခလစာလေးတွေ ပြန်ရဖို့စောင့်နေကြတဲ့သူတွေပါ”ပြောသည်။

ယင်းကဲ့သို့အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာမှ ငွေကြေးကျပ်ငါးသောင်းမတည်က ထမင်းနှင့် အစားအသောက်များကို ယနေ့နံနက်ကစပြီး ချက်ပြုတ်ကျွေးမွေးခဲ့သည်ဟုသိရသည်။
ယင်းကဲ့သို့ဆန်နှင့် ငွေကြေးလာရောက်လှူဒါန်းသည့် လှိုင်သာယာမြို့နယ် ဥက္ကဌနှင့်တာဝန်ရှိသူများကို မေးမြန်းရာအခက်အခဲဖြစ်နေသည်ကိုကြားသိရသည့်အတွက်လာရောက်ကူညီလှူဒါန်းခြင်းဖြစ်ကြောင်းကိုသာပြောကြားခဲ့သည်။
ဇော်ထွန်း
#TheFifthWaveNews

Post a Comment

Previous Post Next Post