ရွှေဘို ၊ မတ် , ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် မတ်လ ၃၀ရက်၊ နေလည် ၂နာရီဝန်းကျင်က လင်မယားခြင်း စကားများပြီး ရွှေဘိုမြို့မဈေးကြီးကို ဓါတ်ဆီဗူးကိုင်ကာ မီးရှို့သူအား ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်း ဒုရဲမှုးသိန်းဆန်းဦး ထံမှသိရသည်။

ဖြစ်စဉ်မှာ မတ်လ၃၀ရက်၊ နေလည် ၁နာရီ ၄၀မိနစ်ခန့်က ဈေးတာဝန်ခံ ဦးအောင်စည်သူ တာဝန်ထမ်းဆောင်နေစဉ် ရွှေဘိုမြို့မဈေးကြီးတောင်ဘက် အတွင်းခြမ်း၌ ထားရှိသော ဝငလိမ္မော်သီးရောင်းသည့် လက်တွန်းလှည်းပေါ်တွင် ဖုံးအုပ်ထားရှိသော ဝါးနှီးဖျာ(၂)ချပ်အား အမျိုးသားတစ်ဦးမှ ၎င်းတွင်အသင့်ပါရှိလာသော ဓါတ်ဆီဖြင့်ပက်ဖြန်း မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးခဲ့သဖြင့် နေ့လည် ၁နာရီ (၄၃)မိနစ်ခန့်ထိ ဈေးတာဝန်ခံ၊ ဈေးဝန်ထမ်းများနှင့် ဈေးသူ၊ဈေးသား၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးအားဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး မီးရှို့ဖျက်ဆီးသူခဲ့သူအား ရဲတပ်ဖွဲ့ဝင်များနှင့် လိုက်လံဖမ်းဆီးခဲ့ရာ မြို့မဈေးအရှေ့ဘက် အလယ်ပေါက်၌ ဈေးအားမီးရှို့ဖက်စီးခဲ့သူ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဆင်ရုံရပ်နေ ကိုကိုနိုင်အား ရေသန့်ဗူးဖြင့်ထည့်လျက် ဓါတ်ဆီလီတာဝက်ခန့်၊ အစိမ်းရောင်ဂက်စ်မီးခြစ်တစ်လုံးတို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး မီူလောင်မှုကြောင့် ဝါနှီဖော(၂)ချပ်၊ တန်းဖိုးငွေ ၃၀၀၀ကျပ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


သို့ဖြစ်ပါ၍ ဈေးအတွင်း ပစ္စည်းများသိုလှောင်ထားရှိသော အဆောက်အဦးအား ဖက်ဆီးရန်ကြံရွယ်၍ မီးရှို့အကျိုးဖျက်ဆီးခဲ့သူ ကိုကိုနိုင်(သ)၅၃နှစ်အား ရွှေဘိုမြို့မရဲစခန်းမှ (ပ) ၂၁၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)/ရွှေဘိုမြို့သတင်းစုံ

Zaqwgyi

ေ႐ႊဘို ၊ မတ္ , ၃၀

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕တြင္ မတ္လ ၃၀ရက္၊ ေနလည္ ၂နာရီဝန္းက်င္က လင္မယားျခင္း စကားမ်ားၿပီး ေ႐ႊဘိုၿမိဳ႕မေဈးႀကီးကို ဓါတ္ဆီဗူးကိုင္ကာ မီးရႈိ႕သူအား ဖမ္းဆီးရမိေၾကာင္း ေ႐ႊဘိုၿမိဳ႕မရဲစခန္း ဒုရဲမႈးသိန္းဆန္းဦး ထံမွသိရသည္။

ျဖစ္စဥ္မွာ မတ္လ၃၀ရက္၊ ေနလည္ ၁နာရီ ၄၀မိနစ္ခန႔္က ေဈးတာဝန္ခံ ဦးေအာင္စည္သူ တာဝန္ထမ္းေဆာင္ေနစဥ္ ေ႐ႊဘိုၿမိဳ႕မေဈးႀကီးေတာင္ဘက္ အတြင္းျခမ္း၌ ထားရွိေသာ ဝငလိေမၼာ္သီးေရာင္းသည့္ လက္တြန္းလွည္းေပၚတြင္ ဖုံးအုပ္ထားရွိေသာ ဝါးႏွီးဖ်ာ(၂)ခ်ပ္အား အမ်ိဳးသားတစ္ဦးမွ ၎တြင္အသင့္ပါရွိလာေသာ ဓါတ္ဆီျဖင့္ပက္ျဖန္း မီးရႈိ႕ဖ်က္ဆီးၿပီး ထြက္ေျပးခဲ့သျဖင့္ ေန႔လည္ ၁နာရီ (၄၃)မိနစ္ခန႔္ထိ ေဈးတာဝန္ခံ၊ ေဈးဝန္ထမ္းမ်ားႏွင့္ ေဈးသူ၊ေဈးသား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက မီးအားဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၿပီး မီးရႈိ႕ဖ်က္ဆီးသူခဲ့သူအား ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ လိုက္လံဖမ္းဆီးခဲ့ရာ ၿမိဳ႕မေဈးအေရွ႕ဘက္ အလယ္ေပါက္၌ ေဈးအားမီးရႈိ႕ဖက္စီးခဲ့သူ ေ႐ႊဘိုၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္၊ ဆင္႐ုံရပ္ေန ကိုကိုႏိုင္အား ေရသန႔္ဗူးျဖင့္ထည့္လ်က္ ဓါတ္ဆီလီတာဝက္ခန႔္၊ အစိမ္းေရာင္ဂက္စ္မီးျခစ္တစ္လုံးတို႔ႏွင့္အတူ ေတြ႕ရွိ ဖမ္းဆီးရမိခဲ့ၿပီး မီူေလာင္မႈေၾကာင့္ ဝါႏွီေဖာ(၂)ခ်ပ္၊ တန္းဖိုးေငြ ၃၀၀၀က်ပ္ခန႔္ ပ်က္ဆီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။


သို႔ျဖစ္ပါ၍ ေဈးအတြင္း ပစၥည္းမ်ားသိုေလွာင္ထားရွိေသာ အေဆာက္အဦးအား ဖက္ဆီးရန္ႀကံ႐ြယ္၍ မီးရႈိ႕အက်ိဳးဖ်က္ဆီးခဲ့သူ ကိုကိုႏိုင္(သ)၅၃ႏွစ္အား ေ႐ႊဘိုၿမိဳ႕မရဲစခန္းမွ (ပ) ၂၁၂/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ ျဖင့္အမႈဖြင့္အေရးယူေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။

ထြန္းျမင့္ေအာင္(ေ႐ႊဘို)/ေ႐ႊဘိုၿမိဳ႕သတင္းစုံ

Post a Comment

Previous Post Next Post