အစိုးရကို “ပူ” မှာလား “ကူ” မှာလား? ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ပြောပြီ…

ကိုရိုနာဗိုင်းရပ်စ်အတွက် အဆင်သင့်ဖြစ်ပြီလားလို့ မေးရင် “အမေရိကန် ကိုးရီးယား အီတလီလို နိုင်ငံကြီးတွေတောင် Covid-19 အတွက် အဆင်သင့်မဖြစ်သေးဘူးအော်နေချိန် ကျွန်တော်က အဆင်သင့်ပဲလို့ဖြေရဲစရာမရှိဘူး”။ ကျွန်တော်တို့နိုင်ငံအကြောင်းလည်း အားလုံးအသိပဲလေ။ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်က အောက်ဆုံးမှာရှိနေတယ်။

ဒါကလဲ အခုအစိုးရကို အပြစ်ပုံစရာမဟုတ်။ သူလဲရှိတဲ့ အားနဲ့ချနေတာ အထိုက်အလျောက် တိုးတက်လာတာကြားနေရတာပဲ။ တောက်လျှောက် အခြေခံမကောင်းခဲ့ဘဲ မကြိုးစားခဲ့ဘဲ ဆယ်တန်းရောက်မှ ဂုဏ်ထူးထွက်ချင်လို့ ဘယ်ရပါ့မလဲ။

အခု ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ဖို့လဲ မကြုံစဖူးဆိုတော့ အားထုတ်မှုရှိတယ်‌လို့ ပြောလို့ရပါတယ်။ အများကြီးတော့ မျှော်လင့်လို့မရဘူးပေါ့။ ကျနော်တို့က အစိုးရကို “ပူ” မှာလား “ကူ” မှာလား။ ဒါပဲရှိတယ်။



ဒီတစ်ခါအစိုးရကို ကူ တာဟာ ကိုယ့်မိသားစုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အများကြီးပတ်သက်နေတယ်ဆိုတာတော့ ငြင်းမရဘူး။ “ကူ” တယ်ဆိုတာ နိုင်ငံတွင်းဗိုင်းရပ်စ်မကူးစက်မပျံ့နှံ့ဖို့ လမ်းညွှန်ချက်တွေကို လိုက်နာရုံလေးပါပဲ။

ဒေါက်တာသန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)

Zawgyi

အစိုးရကို “ပူ” မွာလား “ကူ” မွာလား? ပင္းတယမီးအိမ္ရွင္ ေဒါက္တာသန္းမင္းထြဋ္ ေျပာၿပီ…

ကိုရိုနာဗိုင္းရပ္စ္အတြက္ အဆင္သင့္ျဖစ္ၿပီလားလို႕ ေမးရင္ “အေမရိကန္ ကိုးရီးယား အီတလီလို ႏိုင္ငံႀကီးေတြေတာင္ Covid-19 အတြက္ အဆင္သင့္မျဖစ္ေသးဘူးေအာ္ေနခ်ိန္ ကြၽန္ေတာ္က အဆင္သင့္ပဲလို႔ေျဖရဲစရာမရွိဘူး”။ ကြၽန္ေတာ္တို႔ႏိုင္ငံအေၾကာင္းလည္း အားလုံးအသိပဲေလ။ က်န္းမာေရးေစာင့္ေရွာက္မႈအဆင့္က ေအာက္ဆုံးမွာရွိေနတယ္။


ဒါကလဲ အခုအစိုးရကို အျပစ္ပုံစရာမဟုတ္။ သူလဲရွိတဲ့ အားနဲ႔ခ်ေနတာ အထိုက္အေလ်ာက္ တိုးတက္လာတာၾကားေနရတာပဲ။ ေတာက္ေလွ်ာက္ အေျခခံမေကာင္းခဲ့ဘဲ မႀကိဳးစားခဲ့ဘဲ ဆယ္တန္းေရာက္မွ ဂုဏ္ထူးထြက္ခ်င္လို႔ ဘယ္ရပါ့မလဲ။

အခု ဗိုင္းရပ္စ္ထိန္းခ်ဳပ္ႏိုင္ဖို႔လဲ မႀကဳံစဖူးဆိုေတာ့ အားထုတ္မႈရွိတယ္‌လို႔ ေျပာလို႔ရပါတယ္။ အမ်ားႀကီးေတာ့ ေမွ်ာ္လင့္လို႔မရဘူးေပါ့။ က်ေနာ္တို႔က အစိုးရကို “ပူ” မွာလား “ကူ” မွာလား။ ဒါပဲရွိတယ္။


ဒီတစ္ခါအစိုးရကို ကူ တာဟာ ကိုယ့္မိသားစုရဲ႕ အသက္အိုးအိမ္စည္းစိမ္နဲ႔ အမ်ားႀကီးပတ္သက္ေနတယ္ဆိုတာေတာ့ ျငင္းမရဘူး။ “ကူ” တယ္ဆိုတာ ႏိုင္ငံတြင္းဗိုင္းရပ္စ္မကူးစက္မပ်ံ႕ႏွံ႔ဖို႔ လမ္းၫႊန္ခ်က္ေတြကို လိုက္နာ႐ုံေလးပါပဲ။

ေဒါက္တာသန္းမင္းထြဋ္ (ပင္းတယမီးအိမ္ရွင္)

Post a Comment

Previous Post Next Post