Unicode

လေးစားစွာ ဖြင့် ခရက်ဒစ် The lady news

ရုပ်ရှင်ရုံံများအားလုံးမတ်(၁၆)ရက်ကစပြီးယာယီပိတ်မည် CPVID-19ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေအားလုံးကို မတ်(၁၆)ရက်ကစပြီး ဧပြီလကုန်အထယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။


အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ညွှန်ကြားချက်ပေးပို့ထားတယ်လို့ ဦးညီညီထွန်းလွင်က ဆိုပါတယ် အခုလိုရုံတွေခေတ္တပိတ်ဖို့ ညွှန်ကြားချက်ကိုလည်း ထုတ်လုပ်သူတွေအားလုံးကလည်း သဘောတူတယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။

ညွှန်ကြားချက်အရ ရုပ်ရှင်ရုံတွေအားလုံး မတ်လ(၁၆)ရက်မှာ နေ့လည်ပွဲစဉ်တွေပြီးရင် ခေတ္တပိတ်ထားရတော့မှာဖြစ်ပြီး အဲ့ဒီအကြောင်း ကိုလည်း သက်ဆိုင်ရာရုပ်ရှင်ရုံတွေကသူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်ရုံတွေပိတ်လိုက်တဲ့အတွက် ရုံတင်ဖို့ ရက်ချိတ်ယူထားတဲ့ ရုပ်ရှင်ကားတွေကိုလည်း ရုံတွေပြန်ဖွင့်တာနဲ့ အတွဲလိုက်ပြန်တင်နိုင်အောင် စီစဉ်ပေးမှာဖြစ်တယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း လူစုလူဝေးအခမ်းအနားတွေ၊ သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်တွေကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ထားပါတယ်။

One News

Zawgyi


ရုပ်ရှင်ရုံများအားလုံးမတ်(၁၆)ရက်ကစပြီးယာယီပိတ်မည် CPVID-19ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေအားလုံးကို မတ်(၁၆)ရက်ကစပြီး ဧပြီလကုန်အထယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။





One News

Post a Comment

Previous Post Next Post