Zawgyi ျဖင့္ဖက္ရန္

ျမန္မာႏိုင္ငံ၏ ႐ိုးရာအတာၾသကၤန္ကို တားပိုင္ခြင့္မရွိသကဲ့သို႔ ပိတ္ပိုင္ခြင့္လည္းမရွိဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာသည္။မတ္ ၈ ရက္က ပန္းဘဲတန္းၿမိဳ႕နယ္ ၃၁ လမ္းႏွင့္ ၃၂ လမ္းၾကားရွိ ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္ဖြင့္ပြဲအခမ္းအနား မစတင္မီ မီဒီယာမ်ား၏ေမးျမန္းမႈကို ၎က အထက္ပါအတိုင္းေျပာခဲ့ျခင္းျဖစ္သည္။

“ၾသကၤန္လုပ္မယ္လို႔ေျပာထားတယ္။ ၾသကၤန္မလုပ္နဲ႔လို႔တားလို႔မရဘူး။ ကြၽန္ေတာ္ ကိုယ္တိုင္တားပိုင္ခြင့္မရွိဘူး၊ ဘယ္သူမွ တားပိုင္ခြင့္မရွိဘူး။ ၾသကၤန္က တကယ္အႏွစ္သာရရွိတယ္။ ကိုယ့္ျမန္မာေတြရဲ႕ အမြန္ျမတ္ထားတဲ့ အႏွစ္သာရျဖစ္တဲ့အတြက္ေၾကာင့္ လုပ္ခ်င္မွာပဲ။ မလုပ္နဲ႔လို႔လည္း တားလို႔မရဘူး။ ေယဘုယ်အားျဖင့္ေတာ့ ၾသကၤန္က လုပ္ကိုလုပ္ရမယ္။ လူထုအတြက္ အႏၲရာယ္ကူးစက္ႏိုင္တယ္၊ ဘာျဖစ္ႏိုင္တယ္ဆိုတဲ့ အေျခအေနမ်ိဳးဆိုရင္ေတာ့ မိသားစုလိုက္လုပ္ခြင့္ျပဳရမွာပဲ”ဟု ၿမိဳ႕ေတာ္ဝန္က ေျပာသည္



ထို႔အျပင္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္ျပဳလုပ္ရန္ ႏွစ္လခန္႔ ႀကိဳတင္လုပ္ေဆာင္ရၿပီး လက္ရွိတြင္ အစည္းအေဝးမ်ားျပဳလုပ္ေနေၾကာင္း၊ လမ္းေလွ်ာက္ၾသကၤန္ႏွင့္ပတ္သက္၍လည္း တိုင္ပင္ေနေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာသည္။“အဲဒါေတြအတြက္ ႀကိဳတင္ျပင္ဆင္ရတယ္။ အစည္းအေဝးကေတာ့လုပ္ေနတယ္။သို႔ေသာ္ လုပ္လား၊ မလုပ္လားဆိုတာ မသိဘူး။ မ႑ပ္ေဆာက္ေနရင္း မလုပ္နဲ႔ဆိုရင္ေတာ့ လုပ္လို႔မရဘူး”ဟု ၎က ဆက္လက္ေျပာသည္။

အင္းလ်ားလမ္းမေပၚတြင္ မ႑ပ္မ်ားေနရာခ်ထားမႈႏွင့္ပတ္သက္ၿပီး ယင္းမ႑ပ္မ်ားကိုလည္း အေျခအေနအရ ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း သိရသည္။“သို႔ေသာ္လည္း ဟိုဟာမလုပ္ရ၊ ဒီဟာမလုပ္ရဆိုတာ ႀကိဳၿပီးေတာ့ မေျပာခ်င္ဘူး။ မလုပ္နဲ႔ မလုပ္နဲ႔ဆိုတာ ပါးစပ္ပုပ္ႀကီးနဲ႔ေတာ့ ေနရာတကာ ကြၽန္ေတာ္မေျပာခ်င္ဘူး။ လိုအပ္ရင္ေတာ့ မလုပ္ပါဘူး။ ကိုယ္လည္း ကိုယ့္လူေတြထိမွာကို ေၾကာက္တယ္ေလ”ဟု ၿမိဳ႕ေတာ္ဝန္က ေျပာသည္။“ဒီအခ်ိန္ဟာ အပူဆုံးအခ်ိန္လည္းျဖစ္တယ္။ ျမန္မာေတြရဲ႕ အထြတ္အျမတ္ကာလလည္းျဖစ္တယ္။ ဒါေၾကာင့္ ဝူဟန္ေရာဂါကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။


တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွစတင္ခဲ့ေသာ COVID-19 သည္ ႏိုင္ငံႏွင့္ နယ္နိမိတ္ ၁၀၄ ခုသို႔ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ၿပီး စုစုေပါင္းေရာဂါကူးစက္ခံရသူ ၁၀၆၂၁၁ ဦးရွိကာ ေသဆုံးသူ ၃၆၀ဝ ေက်ာ္ၿပီျဖစ္ေၾကာင္း မတ္ ၉ ရက္ သတင္းမ်ားအရ သိရသည္။မတ္ ၉ ရက္ ညေနပိုင္းထိတိုင္ ျမန္မာႏိုင္ငံ၌ COVID-19 ကူးစက္ခံရသူတစ္ဦး မွ မေတြ႕ရွိေသးေပ။

#Credit#

Unicode  ျဖင့္ဖက္ရန္

မြန်မာနိုင်ငံ၏ ရိုးရာအတာသြင်္ကန်ကို တားပိုင်ခွင့်မရှိသကဲ့သို့ ပိတ်ပိုင်ခွင့်လည်းမရှိဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။မတ် ၈ ရက်က ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့်ပွဲအခမ်းအနား မစတင်မီ မီဒီယာများ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။

“သြင်္ကန်လုပ်မယ်လို့ပြောထားတယ်။ သြင်္ကန်မလုပ်နဲ့လို့တားလို့မရဘူး။ ကျွန်တော် ကိုယ်တိုင်တားပိုင်ခွင့်မရှိဘူး၊ ဘယ်သူမှ တားပိုင်ခွင့်မရှိဘူး။ သြင်္ကန်က တကယ်အနှစ်သာရရှိတယ်။ ကိုယ့်မြန်မာတွေရဲ့ အမွန်မြတ်ထားတဲ့ အနှစ်သာရဖြစ်တဲ့အတွက်ကြောင့် လုပ်ချင်မှာပဲ။ မလုပ်နဲ့လို့လည်း တားလို့မရဘူး။ ယေဘုယျအားဖြင့်တော့ သြင်္ကန်က လုပ်ကိုလုပ်ရမယ်။ လူထုအတွက် အန္တရာယ်ကူးစက်နိုင်တယ်၊ ဘာဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးဆိုရင်တော့ မိသားစုလိုက်လုပ်ခွင့်ပြုရမှာပဲ”ဟု မြို့တော်ဝန်က ပြောသည်


ထို့အပြင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ပြုလုပ်ရန် နှစ်လခန့် ကြိုတင်လုပ်ဆောင်ရပြီး လက်ရှိတွင် အစည်းအဝေးများပြုလုပ်နေကြောင်း၊ လမ်းလျှောက်သြင်္ကန်နှင့်ပတ်သက်၍လည်း တိုင်ပင်နေကြောင်း မြို့တော်ဝန်က ပြောသည်။“အဲဒါတွေအတွက် ကြိုတင်ပြင်ဆင်ရတယ်။ အစည်းအဝေးကတော့လုပ်နေတယ်။သို့သော် လုပ်လား၊ မလုပ်လားဆိုတာ မသိဘူး။ မဏ္ဍပ်ဆောက်နေရင်း မလုပ်နဲ့ဆိုရင်တော့ လုပ်လို့မရဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

အင်းလျားလမ်းမပေါ်တွင် မဏ္ဍပ်များနေရာချထားမှုနှင့်ပတ်သက်ပြီး ယင်းမဏ္ဍပ်များကိုလည်း အခြေအနေအရ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။“သို့သော်လည်း ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဆိုတာ ကြိုပြီးတော့ မပြောချင်ဘူး။ မလုပ်နဲ့ မလုပ်နဲ့ဆိုတာ ပါးစပ်ပုပ်ကြီးနဲ့တော့ နေရာတကာ ကျွန်တော်မပြောချင်ဘူး။ လိုအပ်ရင်တော့ မလုပ်ပါဘူး။ ကိုယ်လည်း ကိုယ့်လူတွေထိမှာကို ကြောက်တယ်လေ”ဟု မြို့တော်ဝန်က ပြောသည်။“ဒီအချိန်ဟာ အပူဆုံးအချိန်လည်းဖြစ်တယ်။ မြန်မာတွေရဲ့ အထွတ်အမြတ်ကာလလည်းဖြစ်တယ်။ ဒါကြောင့် ဝူဟန်ရောဂါကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။


တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော COVID-19 သည် နိုင်ငံနှင့် နယ်နိမိတ် ၁၀၄ ခုသို့ ပျံ့နှံ့နေပြီဖြစ်ပြီး စုစုပေါင်းရောဂါကူးစက်ခံရသူ ၁၀၆၂၁၁ ဦးရှိကာ သေဆုံးသူ ၃၆၀ဝ ကျော်ပြီဖြစ်ကြောင်း မတ် ၉ ရက် သတင်းများအရ သိရသည်။မတ် ၉ ရက် ညနေပိုင်းထိတိုင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူတစ်ဦး မှ မတွေ့ရှိသေးပေ။

#Credit#

Post a Comment

Previous Post Next Post