AYA Bank သင်တန်းကျောင်း အဆောက်အဦနှင့် MFF အမျိုးသား ဘောလုံး အကယ်ဒမီတို့တွင်
Covid 19 စောင့်ကြပ် ကြည့်ရှုခံရသူ၂၀၀ကျော် ထားရှိမည်
=================================================================================
တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းနှင့် ဝေဇယန္တာလမ်းမကြီးပေါ်ရှိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် Covid 19 စောင့်ကြပ်ကြည့်ရှုခံမည့်သူများအား
ထားရှိသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။



ထိုသို့ထားရှိနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ MFF ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ အနေဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ အထက်ဖော်ပြပါ နေရာများကိုသွားရောက် စစ်ဆေးကြည့်ရှု၍ စောင့်ကြပ် ကြည့်ရှုခံမည့်သူများ ယနေညပိုင်းမှ စတင်ကာ နေထိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။



စောင့်ကြပ် ကြည့်ရှုခံမည့်သူများအား AYA Bank သင်တန်းကျောင်းတွင် ဦးရေ ၁၅၀ ကျော်နှင့် MFF အမျိုးသား ဘောလုံး အကယ်ဒမီတွင် ဦးရေ ၅၀ ကျော် ထားရှိမည်ဖြစ်ကြောင်းသိရသည်။



နေရာတွေက နွေရာသီကျောင်းပိတ်ရက် ကလေးတွေမရှိထဲက သပ်သပ်ရပ်ထားတာဖြစ်တွဲအတွက် မနက်က စစ်ဆေးမှုတွေ လုပ်ပြီး အခုညပိုင်းကနေပြီး စထားနိုင်အောင် စီစဉ်ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ကြည့်မှုပိုင်းကတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လုပ်ပေးမှာ ဖြစ်ပြီး ကျန်တဲ့ စားသောက်ရေးတို့နဲ့ နေထိုင်ရေးတို့က ကျွန်တော်တို့ဘက်က ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်မင်းထိုက်က ပြောသည်။ ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့်လည်း ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဝေဘာဂီ ဆေးရုံကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီးတို့တွင် Covid 19 ကုသ‌‌ ကာကွယ်ရေး လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ အား
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။

မိုင်းစောလွင်

Post a Comment

Previous Post Next Post