ဒါ ရိုက်တာ ညိုမင်းလွင် ကတော့ မြမြ ရုပ်ရှင်ဇာတ်ကားကို ပရိသတ်ရှေ့ ချပြထားတာ သိပ်မကြာသေးပါဘူး။အွန်လိုင်း မှာ နာမည်ကြီးခဲ့ပြီး လူပြောများတဲ့ ဖြစ်ရပ်ကို ဒါရိုက်တာ ညို မင်းလွင်က ရုပ်ရှင်ကား အဖြစ် ပုံဖော် ချ ပြ ခဲ့တာပါ။ဇာတ်ကား ဆန်းဆန်းတွေ ကို ပရိသတ်တွေ ထင်မှတ် မထားတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပြ တတ်တဲ့ ဒါရိုက်တာ ညို မင်းလွင် ကတော့ နောက်ထပ် ဇာတ်ကားသစ် ထပ်ရိုက်တော့မှာပါ။ဇာတ်ကား သစ်မှာ ပါဝင် မယ့် သရုပ် ဆောင်တွေထဲက တစ်ချို့ကို ပရိသတ်နဲ့ မိတ်ဆက် ပေးလိုက်ပါပါပြီ။

ည ကျောင်းရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ နောက်ရိုက်မယ့် ဇာတ်ကားသစ် နာမည်ကတော့ ယောက္ခမ တစ္စေ ပါ။ဒီဇာတ်ကား မှာတော့ သရုပ်ဆောင်တွေ အဖြစ် ပါဝင် သွားမယ့် သူတွေထဲမှာ မကြီးစိုးဆိုပြီး ပရိသတ် ချစ်စနိုးခေါ် ကြတဲ့ ဝါရင့် မင်း သမီးကြီး စိုးမြတ်သူဇာ လည်း ပါပါတယ်။မကြီးစိုးရဲ့ Fb မှာလည်း .

“နောက်ရိုက်မဲ့ ကားအတွက် မျက်နာကို နမူ နာယူတာ ဆိုလား ဘာလား 😬😬ငိငိ 😶😶..” ဆိုပြီး Post တစ်ခု ဖေဖော်ဝါရီ (၂၂) ရက်နေ့က တင်ထားပါတယ်။

နောက်တစ်ယောက်ကတော့ မြမြ ရဲ့ အဓိက မင်းသမီး သင် ဇာဝင့် ကျော်ပါ။မြမြ ဇာတ်ကားမှာ သင်ဇာ နဲ့ လက်တွဲ ခဲ့ပြီး နောက်ရိုက်မယ့် ဇာတ်ကားမှာပါ သင်ဇာနဲ့ ထပ်ပြီး လက်တွဲခဲ့တာပါ။



ပရိသတ်တွေ လုံး၀ မျှော်လင့် မထားတဲ့ ဒီဇာတ်ကားမှာ ပါဝင် မယ့် သရုပ်ဆောင် ကတော့ လှနုထွန်းပါ။လှ နု ထွန်း ကတော့ အိမ်ထောင်ရေး၊ချစ်မှုရေးရာ အကြောင်းတွေကို ဆွေးနွေး ပြောဆိုရင်းနဲ့ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ နာ မည်ကြီးလာခဲ့တာပါ။လှနုထွန်းနဲ့ ဒါရိုက်တာ ညို မင်းလွင်တို့ ဘယ်လိုပုံစံမျိုးနဲ့ ဒီဇာတ်ကားကို ပုံဖော် ကြမလဲ ဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

Post a Comment

Previous Post Next Post