မြို့/ရွာများ အပေါ်သို့ လေယာဉ်ဖြင့်ပျံသန်းကာ အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်









လက်ရှိရင်ဆိုင်နေရသည့် COVID-19 အပါအဝင်
ကပ်ကြီးသုံးပါးမှ ကင်းဝေးစေရန် ရည်ရွယ်လျက် သန်လျင်မြို့ နတ်စင်တစ်ရာကျောင်း နတ်စင်တစ်ရာဆရာတော်ဘုရားကြီးနှင့် မော်ကျွန်းဆရာတော်ဘုရားကြီး ဦးဆောင်၍ ဆရာတော်သံဃာတော်အရှင်သူမြတ် (၂၁) ပါး နှင့် ခေမာရာမကျောင်းတိုက်မှ သီလရှင်ဆရာကြီး (၆) ပါးတို့သည်
၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊
နေ့လည် (၁) နာရီဝန်းကျင်တွင် မွန်ဘုရင်မကြီးတည်ထားတော်မူသော ရှင်စောမြတ်စေတီစိန်ဖူးတော်
ကို ပင့်ဆောင်လျက် Air KBZ လေယာဉ်ဖြင့်
ရန်ကုန်မြို့မှ ပုသိမ်၊ ငပုတော၊ လပ္ပတ္တာမြို့များတစ်လျောက် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး မြို့ရွာများအပေါ်သို့ ပျံသန်းကာ ရတနာ့သုတ်အပါအဝင် အန္တရာယ်ကင်းပရိတ်တရားတော် များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။



Credit – Zin Moe

Post a Comment

Previous Post Next Post