ယ နေ့ ခေတ် အခြေအနေရ ဖြစ်ပေါ်နေတဲ့ ရောဂါ ကပ်ဘေးအခြေအနေတွေအရ 😢

ခြူး စစ် တို့အနုပညာသမားတွေကော အခြားသော ဝန်းထမ်းတွေ လုပ်ငန်းရှင်တွေ လူတွေအားလုံး အလုပ်တွေကော စီးပွားရေတွေကော အခြေနေတွေအရ အားလုံး ထိခိုက်ကျဆင်းနေပါပြီ 😢😢

အ ခုခြူးစစ်ပြောပြချင်တာလေးက ခြူးစစ် အဆိုပွဲတွေ သရုပ်ဆောင်အလုပ်တွေ အားနေတဲ့အချိန်အတောအတွင်း ငါဘာလုပ်ရမလဲ ဘာလုပ်သင့်လဲ ဆိုပြီး အများကြီးစဥ်းစားမိပါတယ် ခြူးစစ် လုပ်တတ်တာဆိုတာကလဲ အနုပညာက လွဲလို့ ဘာမှမလုပ်တတ်ဘူး လေ 😑😑
အဲ့တော့ ထမင်းဆိုင်ဖွင့်ဖို့စိတ်ကူးကြည့်သေးတယ် ထမင်းဆိုင်ဖွင့်ဖို့ဆိုတာကလဲ ဆိုင်ခန်းခတွေနဲ့ ပြင်ဆင်ဖို့စရိတ်တွေကအရင်းနှီးအရမ်းများတော့ 😑 မလုပ်နိုင်သေးဘူးလေ😪😪

💡💡အဲ့ဒါနဲ့ထပ်စဥ်းစားပြီး ခြူးစစ် လုပ်နိုင်မဲ့ အလုပ်လေးတခု စဥ်းစားမိတော့ အကောင်ထည်ဖော်ဖြစ် ပါတယ် 💡💡
ခြူးစစ်မှာ ကိုယ်ပိုင်ကားလေးတစ်စီးရှိတော့ အဲ့ကားလေးနဲ့ ဒီအလုပ်လေးလုပ်ဖြစ်ဖို့ စိတ်ကူးမိပါတယ်ရှင့် 🙂

ရန်ကုန်မြို့တွင်း အမျိုးသမီးသီးသန့် ပါရှင့် ဘယ်အကြောင်းကိစ္စမဆို ကားလိုအပ်ရင် ဖြစ်ဖြစ် ကလေးတွေ ကျောင်းပို့ကျောင်းကြိုပဲဖြစ်ဖြစ်
အလုပ်များလို့
ကားမမောင်းချင်လို့ ပဲဖြစ်ဖြစ် မည်သည့်အကြောင်းကိစ္စမဆို ကားလိုအပ်ခဲ့ရင်
စိတ်ချယုံကြည်စွာ ဖြစ် ခြူးစစ် ကိုယ်တိုင်Guide လုပ်ပြီး ကိုယ်တိုင်အကြိုပို့လုပ်ပေးမှာ ဖြစ်ပါတယ်ရှင့် 🤗🤗
ရန်ကုန်မြို့တွင်းဘယ်နေရာပဲဖြစ်ဖြစ် တနာရီကို 10000 ကနေစယူပါတယ်ရှင့် 🤗🤗
ယနေ့ ခေတ်နဲ့လဲကိုက်ညီမှု ရှိပြီး အဓိက လိုအပ်နေတဲ့ ပစ္စည်းလေးတွေကိုလဲ ခြူးစစ် ကားပေါ်မှာ ဝန်ဆောင်မှု ပေးသွားမှာပါရှင့် ပါဝင်တဲ့ service လေးတွေကတော့ Hand Gel လေးတွေရယ် Mask လေးတွေကော ရေစာရင် သောက်သုံးနိုင်အောင် Drinking Water ဘူးတွေ လဲ စီစဥ်ပေးထားမှာ ဖြစ်ပါတယ် ရှင့် 🤗🤗

Booking ကို တရက်လောက် ကြိုပီး တင်ပေးပါနော်
Booking cancel မယ်ဆိုလည်း ကျေးဇူးပြုပြီး တရက်ကြို cancel ပေးပါရှင့် 🙏🙏
အနည်းဆုံး ၂နာရီခန့် ငှါးပေးရပါမယ်နော် ရန်ကုန်မြို့တွင်း ဘယ်နေရာရာ ဖြစ်ဖြစ် အပို့အကြို ခြူးစစ် ကိုယ်တိုင် မောင်းပြီး အပို့အကြို လုပ်ပေးပါ့မယ်ရှင့် 🤗🤗😘😘
အချိန်ကတော့ 7am to 9pm ထိပါရှင့် 🤗🤗
မိန်းကလေးတွေ ကားမောင်းသင်ချင်ရင်လဲ ခြူးစစ် ကိုယ်တိုင်သင်ပေးပါ့မယ်ရှင့် ယုံကြည်စိတ်ချစွာဖြင့် 😍😍
လောလောဆယ်ဆက်သွယ်ရန် အတွက်ကတော့ အကြောင်းကိစ္စများအား ခြူးစစ် Messenger မှ ဆက်သွယ် မေးမြန်းနိုင်ပါပြီရှင့် 🤗🤗
အားလုံးကို ကျေးဇူးများကြီးတင်ပါတယ်ရှင့် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမားခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင့် 😍😍🙏🙏
😘😘 ချစ်တဲ့ ခြူးစစ် 😍😍

Credit Chuu Sitt Han

Post a Comment

Previous Post Next Post