အလုပ်ထုတ်ခံရလို့ဖြစ်ပါတယ်။ရွာသာကြီးစက်မှုဇုန်အတွင်း GEG အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို အလုပ်ဆက်မခန့်တော့ဘူးလို့ ကြေညာလိုက်ပြီးတဲ့နောက် ဒီနေ့ မတ်လ ၂၆ ရက်မှာ အလုပ်သမား လေးထောင်ကျော် ဆန္ဒထုတ်ဖော်နေကြပါတယ်။


တရုတ်နိုင်ငံသားပိုင် Grand Enterprise Garment ကုမ္ပဏီကနေ လုပ်သားအင်အားလျှော့ချတယ်ဆိုပြီး ဒီလကုန်ကစတင်ကာ လုပ်သက်တစ်နှစ်ခွဲအောက် အလုပ်သမား ၂၃၀၀၀ ကျော်လောက်ကို အလုပ်ထုတ်လိုက်မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါကြောင့်စက်ရုံအလုပ်သမားတွေဟာ ဒီနေ့မတ်လ ၂၆ ရက် မနက်ပိုင်းကစတင်ပြီး ဆန္ဒထုတ်ဖော်နေခဲ့ရာ ဒီနေ့နေ့လယ်ပိုင်းမှာတော့ သပိတ်စခန်းချလိုက်ပြီလို့ သိရပါတယ်။

အထုတ်ခံရတဲ့အလုပ်သမားတွေ အလုပ်ပြန်လည်ရရှိရေး၊ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလမှာ ရရှိနေတဲ့ ခံစားခွင့်ငွေကြေးရရှိရေး၊စက်ရုံတွင်းက အလုပ်သမား ခေါင်းဆောင်တွေကိုပြန်လည်ရွေးချယ်ပေးရေးတို့နဲ့ပတ်သက်ပြီး အလုပ်သမားတွေဘက်က တာင်းဆိုဆန္ဒပြနေခဲ့ကြတာပါ။



“လုပ်ငန်းရှင်တွေဘက်က သေချာပြောထားတာက တစ်ချည်တည်းပဲ အဲဒါကဘာလဲဆိုတော့ လုပ်ငန်းရှင်ဘက်က လူလျှော့တယ်ဆိုပြီး တစ်ခွန်းတည်းပဲ ပြောတာ။ ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိဘူး။ အလုပ်သမားတွေဘက်ကတော့ စက်ရုံက သူတို့ထုတ်လုပ်တဲ့ကုန်ချောကို ပြည်ပကိုတင်သွင်းလို့မရတော့တဲ့အခြေအနေကို ရောက်နေလို့ဆိုပြီး ပြောပါတယ်။” လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS မှ တာဝန်ရှိသူ ကိုရှိုင်းဝေထူးက Duwun ကိုပြောပါတယ်။

လက်ရှိတော့ ဒီကိစ္စကို ညှိနှိုင်းဖို့အတွက်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းနေကြဆဲပဲလို့ သိရပါတယ်။


“ ကျွန်တော်တို့ အဓိက ညှိနှိုင်းပေးဖို့က အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးရေးကိုပဲ တောင်းဆိုမှာပါ။ “ လို့MICS မှ ကိုသူရကပြောပါတယ်။

လက်ရှိမှာ COVID-19 ဂယက်ကြောင့် ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံအများစု ပိတ်သိမ်းတာတွေ၊ အလုပ်သမားအင်အားလျှော့ချတာတွေ ပြုလုပ်နေတာကြောင့် အလုပ်သမား ၈၀၀၀ ကျော်လောက် အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

ဓူဝံ

Post a Comment

Previous Post Next Post